နယ်မြေရှင်းလင်းရေးဝင်ချိန် နှိပ်စက်အသတ်ခံထားရတဲ့ PDF တဦးအပါ အလောင်း ၃ လောင်းတွေ့
“၂ ယောက်က ပြည်သူ၊ ၁ ယောက်က PDF၊ လူတွေပိတ်မိနေလို့သွားခေါ်တာကို သူပါအသတ်ခံလိုက်ရတာ။ ဝေဟင်ပစ်တဲ့နေ့က နှိပ်စက်ခံရပြီးမှ ပစ်သတ်ထားခဲ့တာ"
“၂ ယောက်က ပြည်သူ၊ ၁ ယောက်က PDF၊ လူတွေပိတ်မိနေလို့သွားခေါ်တာကို သူပါအသတ်ခံလိုက်ရတာ။ ဝေဟင်ပစ်တဲ့နေ့က နှိပ်စက်ခံရပြီးမှ ပစ်သတ်ထားခဲ့တာ"
"ဘယ်လိုဖြစ်ပြီး အခုလိုလုပ်တာလဲတော့ မစဥ်းစားတတ်ဘူး။ သူက အိမ်ထောင်နဲ့က အဆင်မပြေလို့ ကွဲနေတာလို့ သိရတယ်။ ကျန်တာ ဘာစိတ်ညစ်စရာရှိလည်းတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် အခုလို လုပ်ဖို့တော့ မသင့်ဘူး"
“အခုလို စာသင်နှစ်တနှစ်ပြီးမြောက်သွားလို့ ကျောင်းသားကျောင်းသူတွေကို ပျော်ရွှင်စွာနဲ့ ပညာသင်ယူချင်စိတ်ဖြစ်လာအောင်၊ နောက်ပြီး ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေအနေနဲ့ ပညာသင်ယူချင်စိတ် ဖြစ်လာအောင်ဆိုတဲ့ အချက်နဲ့ ကျောင်းတွင်းမှာ ပညာသင်ယူရင် အခုလိုအခွင့်အရေးတွေ ရှိနိုင်တယ်ဆိုတာတွေ သိဖို့ပါ”
"အခုနှစ် ဧပြီလ ၃ ရက်နေ့ကမှ ကျမသားအိမ်ကို ဝယ်တဲ့သူက အိမ်သာလာပြင်တာကို သိတဲ့လူကမေးရင်း ဝယ်လိုက်ပြီလို့ သိရတာ။ သိန်း ၁၂၀ နဲ့ ရောင်းတာကို သိန်း ၈၀ ပေးပြီးပြီ။ သိန်း ၄၀ ကျန်တယ်လို့ သိရတယ်။ အိမ်ထဲက ပရိဘောဂတွေကိုရော ရောင်းစားတာပါ။ ဗိုလ်မှူးအေးချမ်းအောင် ခွင့်ပြုတာလို့ သိရတယ်"
"သူက ရွာထဲကနေ သူ့ယာထဲမှာ သိုးတွေဝင်ဖျက်နေတယ်လို့ သတင်းရလို့ မောင်းထုတ်ဖို့ဆိုပြီး သွားတာ။ အဲဒီမှာ စကစ စစ်ကြောင်းနဲ့တိုးလို့ သူယာခင်းဘက်ကို ထွက်ပြေးရာမှာ သူအခင်းထဲမှာ စကစတွေက ကြိုရောက်နေပြီး ဖမ်းဆီးခံလိုက်ရတာ။ သူက တခါတလေတော့ CHU အတွက် ထောက်ပို့လုပ်ပေးတာ ရှိတယ်။ သူ့ကို ဖမ်းမိပြီး မကြာဘူး စကစဘက်က ပစ်သတ်လိုက်တာ"
"ခလရ ၂၅၇ တပ်ထဲကနေ ရေစကြိုမြို့ပေါ်ထွက်လာတဲ့အချိန် ရေစကြိုမြို့အဝင် သင်္ချိုင်းကုန်းမြောက်ဘက် တာဘောင်အောက်မှာ အသင့်ထောင်ထားတဲ့ မိုင်း ၆ လုံးနဲ့ဆွဲတိုက်ခိုက်ခဲ့တာပါ။ ၅ ယောက်လွင့်စဥ် သေပြီး ၁ ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်"
"သူတို့သွားမယ့်ကျောင်းက ညောင်ကန်နားက ရွာပဲ။ ဘီးပေါက်ပြီး “ရေကျော်ရှေ့” ဆိုတဲ့ ဆိုင်းဘုတ်ကိုဝင်တိုက်ပြီး ကားက လည်ထွက်သွားတာ။ အဲဒီမှာ သံဃာ ၁ ပါးက ဘာနဲ့ထိုးမိတာလဲမသိဘူး၊ ပျံလွန်တော်မူသွားတယ်"
“ကျနော်တို့တပ်ဖွဲ့ထဲက ရဲဘော် ၂ ယောက်ကတော့ ကျသွားပါတယ်။ ပစ်ခတ်မှုတွေဖြစ်နေတဲ့အချိန် ဒဏ်ရာရတဲ့ရဲဘော်ကိုသွားကယ်ရင်း ထိသွားတာပါ။ စစ်တပ်တယ်လီဂရမ်မှာ တင်ထားတဲ့ပုံက ကျနော်တို့ရဲ့ ရဲဘော်ပုံပါ။ ကချင်စစ်ဝတ်စုံနဲ့တယောက်က ကျနော်တို့တပ်ဖွဲ့ကပါ၊ နောက်တယောက်က သူ့အကျီအိတ်မှာ ကွမ်းထုပ်ထည့်ထားတဲ့ တယောက်ကလည်း ကျနော်တို့အဖွဲ့ကပါ၊ ကျန်တဲ့ရဲဘော်တွေက အခြားအဖွဲ့ကပါ”
“ရဲဘော် ၆ ယောက်လောက်က အဆက်သွယ်ပြတ်သွားတယ်။ မိသွားတာလား ဘာလားတော့ မသိဘူး။ ကျန်တဲ့ရဲဘော်တွေကတော့ လွတ်မြောက်လာတယ်။ ဝေဟင်ကတောင် နေရာအတိကျနဲ့ လာနိုင်တယ်ဆိုတော့ အဓိကသတင်းပေါက်တာ၊ မြေပြင်ကနေ စစ်ကောင်စီကို သတင်းပေးတဲ့သူတွေ ရှိလို့ပေါ့။ ဒလန်လို့ခေါ်ရမှာပေ့ါ။ အဲ့လိုလူတွေကြောင့် အခြေစိုက်စခန်းတွေကို စစ်ကောင်စီက သိတာ။ သူတို့အကြောင်းမကြားရင် သိစရာအကြောင်းမရှိဘူး”
"ကျနော်က ဘယ်ပါတီဝင်မှမဟုတ်ဘူး။ တက်ကြွလူပ်ရှားသူဖြစ်လို့သာ ၅၀၅(က)ဖွင့်ထားတာ၊ ခုလည်းအကြမ်းဖက်ဆိုပြီး စွပ်စွဲထားပြန်တယ်၊ လယ်ထဲမှာလည်း ချိတ်ပိတ်စာချိတ်သွားတယ်"
"မနေ့က ၁၂ နာရီလောက်ကဖမ်းဆီးသွားတာပါ။ သူကသပိတ်ပြီးကာလကတည်းက မလုပ်တော့တာ ကိုယ်စားလှယ်တွေက ၅၀၅ (က) ကဖွင့်ထားတာဘဲ။ ၂ နှစ်နီးပါးလောက်အဆက်အသွယ်မရှိတော့ဘူး။ အခု ပြည်ကိုခေါ် သွားတယ်ကြားတယ်"
"ပုခက်နဲ့ထမ်းထုတ်သယ်သွားတာ ၆ ဦးလောက်ရှိတယ်၊ တချို့လည်းခြေလျင်ထော့ကျိုးတွေဖြစ်နေတယ်၊ အဲဒီအဖွဲ့က ဝက်လက်မြို့ဘက်ကိုဆက်ထွက်သွားတယ်"
"ပြောရမယ်ဆိုရင် ကားနဲ့ဆိုင်ကယ်နဲ့က မန္တလေးဘက်ကနေ မုံရွာဘက်ကို မောင်းလာတာ။ သူတို့လည်း ဖြစ်တဲ့နေရာကို အရောက် ၁ လုံး အရင်ကွဲတယ်။ သူတို့တွေ ထိသွားတဲ့အချိန် အရှေ့နား မလှမ်းမကမ်းမှာ နောက် ၁ လုံး ထပ်ကွဲတာ။ ဆိုင်ကယ်နဲ့ တယောက်ထဲ မောင်းလာတဲ့ အမျိုးသမီးကတော့ နေရာမှာပဲ ဆုံးတယ်။ ကုန်ကားပေါ်က နှစ်ယောက်ကတော့ ဒဏ်ရာရတယ်"
"မီးဖို မီးကြွင်းမီးကျန်ကနေ စလောင်တာပါ။ ဒီဘက်ခြမ်းက ထင်းမီးသုံးတာ များတယ်။ သတိမထားမိတော့ မီးလောင်ရာကနေ ဘေးအိမ်တွေပါ မီးကူးကုန်တယ်။ အိမ်တွေကတော့ လုံးဝအကုန်ပဲ။ မီးလောင်ထားတဲ့ တိုင်တွေလောက်ပဲ ကျန်တယ်"
“အင်အားကတော့ ဖြန့်လာတာ၊ ၂၀ ကျော်နဲ့ ၃ ဖွဲ့လောက်လာတာ၊ မိုင်း ၅ လုံးနဲ့ဆွဲပြီးတိုက်ခိုက်ခဲ့တာ၊ ပျူတကောင်နဲ့ တပ်က တကောင်ကတော့ ပွဲချင်းပြီးသေတယ်၊ ကျန်တဲ့ ၄ ကောင်က အပြင်းအထန်ဒဏ်ရာရတယ်၊ သူတို့ဘက်က ရမ်းသမ်းပြီးပစ်နေတာ၊ ကျနော်တို့ဘက်ကလည်း လက်လုပ်လက်နက်ကြီးတွေနဲ့ ပြန်ပစ်ကြတယ်”