သတင်းတို

စစ်ကောင်စီ စစ်ကြောင်း မိုင်း ၂ ကြိမ်ဆွဲခံရလို့ လေယာဥ်ပစ်ကူပြီး ကပဖ စခန်းကို မီးရှို့

"စုစုပေါင်း မိုင်း ၅ လုံးဆွဲတိုက်ခိုက်ပြီး ဒရုန်း ၂ စင်းဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့တာ စစ်သား ၈ ဦးဒဏ်ရာရတယ်"

မုံရွာမှာ ရုပ်ရှင်သရုပ်ဆောင်တွေခေါ်ပြီး သင်္ကြန်စည်ကားအောင်လုပ်ဖို့ ကြိုးစားနေ

“ကျတော်တို့ကြားတာတော့ ရန်အောင်က အကြိုနေ့လာမယ် ကြားတာပဲ။ ကျန်တဲ့အနုပညာရှင်တွေတော့ မကြားမိဘူး။ ဒါကလည်း အတိကျတော့ ပြောလို့မရဘူး။ ထွက်လာတဲ့သတင်းတွေအရပေါ့။ သင်္ကြန်လူစည်အောင်ဆိုရင်တော့ သူတို့တပ်မိသားစုတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကို ထုတ်လာပြီးမှပဲ စည်ကားအောင် လုပ်လိမ့်မယ်။ ပြည်သူတွေကတော့ လည်ဖို့ မဖြစ်နိုင်ဘူး။"

ကလေးမှာ တပတ်အတွင်း ထိတွေ့မှုတွေကြောင့် PDF ၁ ဦးနဲ့ စစ်သား ၂၀ ဦးခန့်သေဆုံးဟုဆို

"စကစဘက်က အယောက် ၂၀ သေပြီးတော့ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်။ စကစတွေ သေတာကို ဘယ်လို အတည်ပြုနိုင်တာလဲဆိုတော့ ပထမဆုံးတော့ ဖရဲသီးပြောလို့ သိရတယ်။ ဒုတိယကတော့ သေဆုံးတဲ့အလောင်းတွေကို မီးရှို့တဲ့ပြာတွေ့တာ၊ မြှုပ်ထားတဲ့အလောင်းတွေတွေ့တာ၊ ဒီလိုမျိုးနဲ့ အတည်ပြုနိုင်ခဲ့တာပါ။ စကစဘက်ကတော့ ၆ ရက်နေ့မှာ ပြန်ဆုတ်သွားတယ်"

စခန်းစီးနင်းခံရချိန်‌ ပျောက်ဆုံးခဲ့တဲ့ ရဲဘော် ၇ ဦးကို မီးရှို့ခံထားရတဲ့ ပြာပုံအဖြစ်နဲ့ပြန်တွေ့

“ပြာပုံမှာက လူအယောက်ရယ် မသိရဘူး။ အရိုးကို ပြာကျအောင် ရှို့ထားတာဆိုတော့ ခန့်မှန်း ၄၊ ၅ ယောက် လောက်ပေါ့။ ၂ယောက်လောက်ကတော့ လွတ်နိုင်တဲ့အနေထား ရှိသေးတယ်ဆိုပြီး စခန်းနဲ့ တော်တော်ဝေးတဲ့ နေရာတွေအထိ လိုက်ရှာပြီးပြီ။ မတွေ့တော့လို့ ၇ ယောက်လုံး အသက်ပေးလိုက်ရပြီလို့ သတ်မှတ်လိုက်ပါပြီ"

စစ်ကောင်စီကျင်းပမဲ့သင်္ကြန်မှာ မပါဝင်ဖို့ နတ်တလင်း ပကဖ ဆို

“အဓိကတော့ နတ်တလင်းက ပြည်သူတွေကို ကိုယ့်အရပ်ကိုယ့်ဒေသမှာ အေးချမ်းနေတယ်ဆိုတိုင်း နေချင်သလို ပျော်ချင်သလို မနေကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဆိုတာ တရားဝင်တဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ဒီလို တရားမဝင် စစ်ရာဇဝတ်ကောင်တွေက လုပ်မယ့် သင်္ကြန်ဆိုတာ ပြည်သူတွေကို သတ်ဖြတ်၊ နှိပ်စက်ထားတဲ့ လုပ်ရပ်တွေကို ဖုံးအုပ်မယ့် အကြံပဲ။”

မိုင်းနင်းမိလို့ ခြေထောက် ၂ ဖက်လုံးပြတ်သွားတဲ့ အသက် ၁၁ နှစ်အရွယ်ကလေးကို အညာပစ်တိုင်းထောင်အဖွဲ့က သွားရောက်လှူဒါန်း

“ဒေသခံတွေက ဆက်သွယ်လာတာရယ်၊ ကလေးကိုလှူမဲ့သူတွေမရှိတာတွေရယ်ကြောင့် သွားလှူခဲ့တာပါ။ အခုလိုမိုင်းနင်းမိလို့ ဒဏ်ရာရသူတွေကို လှူဒါန်းတာ ၂ ကြိမ်ရှိပါပြီ။ ပထမက မိုင်းနင်းမိလို့ အရေပြားပျက်သွားတဲ့ ရဲဘော်ပါ။ အခုက မောင်ရှင်းသန့်မောင်ပါ။ နောက်ထပ်လည်း အဆင်ပြေရင် ပြေသလို လှူဒါန်းဖို့ရှိပါတယ်”

အရာတော်သားတွေကို နိမ့်ချရေးထားတဲ့ဝါဒဖြန့်စာတွေ စစ်အုပ်စုက လိုက်ကြဲ

"သူတို့စာက ၂ ရွက်၊ စာမှာဘယ်အဖွဲ့အစည်းက ရေးတယ်ဆိုတာ တိတိကျကျမပါဘူး။ ကျနော်တို့ အရာတော်သားတွေကို နိမ့်ချတဲ့ စာတွေရေးထားတာ စစ်တပ်က သူ့ဟာသူရေးပြီးဖြန့်နေတာ၊ ဘယ်သူမှမယုံဘူး"

ရေနံချောင်းမှာ ကျောင်းဆရာမတဦးကိုသတ်ပြီး ပစ္စည်းတွေ ဓားပြတိုက်သွား

“သူ့မှာ သား၊သမီး ၂ ယောက် ရှိတယ်။ ဂျုပ်ပင်ရွာ မူပြပဲ။ နေတာက သူတယောက်ထဲနေတာ။ ၅ ရက်နေ့ညပိုင်းမှာ ဓားပြဝင်တိုက်ပြီး လူကိုပါ သတ်သွားတာ။ မနေ့မနက်ပိုင်းမှ ဖြစ်တာကို သိတာ”

PDF နဲ့ဆက်စပ်တယ်ဆိုပြီး နေအိမ်နဲ့အဆာက်အဦးတချို့ကို စစ်ကောင်စီချိတ်ပိတ်

"၅ ရက်နေ့ ညနေပိုင်းမှာ စကစ အဖွဲ့တွေ လာပိတ်သွားတာ။ ကိုအာကြီးကျတော့ အိမ်မှာဗုံးလုပ်ရင်းကွဲလို့ အိမ်ကိုချိတ်ပိတ်သွားတာ။ ကိုသန့်မွန်ထက်အောင် ကြတော့ လူက အမှတ် ၈ မှာ နေတာ။ အပိတ်ခံရတာက သူ့ဂိုထောင် ဟိုတလောက PDF တွေဖမ်းခံရချိန် သူပိုင် အဆောက်အဦးမှာ လက်ခံနေစရာပေးတယ်ဆိုပြီး ချိတ်ပိတ်သွားတာ"

မန္တလေးမှာ တရက်တည်း ရဲနှစ်ယောက် ပစ်သတ်ခံရ

"မြင်းခြံက ရဲတယောက်က စခန်းကနေ သူတို့မြို့နယ်ရဲရုံးကို စာသွားပို့တယ်လို့ သိရတယ်။ အဲဒီအချိန်မှာ ပစ်သတ်ခံရတာ။ ပုသိမ်ကြီးက ရဲကတော့ ဓာတ်အားခွဲရုံတာဝန်ကျနေရာကနေ ကွမ်းထွက်ဝယ်ချိန် ပစ်သတ်ခံရတာ"

၃ ရက်အတွင်း ကန့်ဘလူခရိုင်က နေအိမ် ၁၇၀ ကျော်ကို စစ်ကောင်စီက မီးရှို့သွား

“ရွာသားတွေက အခုထိ ရွာထဲမဝင်ရသေးဘူး။ တချို့အိမ်တွေကလည်း မီးမငြိမ်းသေးတော့ မီးတွေပြန်ငြိမ်းနေရတယ်။ ရွာသားတွေက ကိုယ့်ယာတောထဲမှာပဲ အဆင်ပြေသလို တဲတွေထိုးပြီး နေနေကြတယ်။ စားဖို့သောက်ဖို့ကကျတော့ တယောက်စီကနေ တယောက်ဝေမျှစားနေရတယ်”

မီးဘေးသင့်ပြည်သူ ၃၀၀၀ ကျော်အတွက် အိမ်အလုံးရေ ၆၀၀ လှူတန်းပြီးစီး

“တအိမ်ကို ၂ ခန်းပါလို့ လူ ၅ ယောက်ကတော့ ကျယ်ကျယ်ဝန်းဝန်း နေလို့ရတယ်။ မိသားစုဦးရေကိုကြည့်ပြီး ၃ ခန်းမှလောက်တယ်ဆို ၁ ခန်းကတော့ သူတို့စိုက်ပေါ့။ ကျတော်တို့ကတော့ အခန်း၂ ခန်းနဲ့ အိမ်တလုံး အခမဲ့ဆောက်ပေးတယ်။”

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၅ ဦးဒဏ်ရာရပြီး ၁၀၀၀ ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ပေတူး၊ စပ်လဲကျေးရွာအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ၅ ဦး ဒဏ်ရာရပြီး ၁၀၀၀ ကျော် ထွက်ပြေးနေရတယ်

မိုင်းရှင်းလာတဲ့ပျူ‌စောထီးအုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးဟုဆို

"ပျူစောထီး ၁၅ ဦးလောက်‌ ခြေလျင်မိုင်းရှင်းထွက်လာတာကို ဂျိုးမြေဇင်း လမ်းပိုင်းတနေရာမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ၃ ကြိမ် တိုက်ခိုက်လိုက်တာ၊ နေရာတင် ပျူ ၄ ကောင် သေတယ်"

မိုင်းလာဖျက်တဲ့စစ်သားတွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေကာ ပါလာတဲ့ နွား ၇ ကောင်လည်း သိမ်းခံလိုက်ရ

"သူတို့က မိုင်းကွင်းထဲမှာ နွားတွေကို အရင်ဖြတ်ခိုင်းတာ၊ အဲဒီမှာ တိုက်ခိုက်ရင်း ကျနော်တို့က နွား ၇ ကောင်ကို သိမ်းနိုင်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်ရင်းနဲ့ နွား ၃ ကောင်သေပြီး၊ စစ်သား ၃ ဦးလည်း သေတယ်။ နွား ၄ ကောင်ကိုတော့ အရှင်ရလိုက်တယ်" လို့ DRPA သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10