သတင်းတို

ရွှေဘိုမှာ ပျူစောထီးယာဥ်တန်း မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

“မိုင်းခွဲလိုက်တာ နေရာမှာတင် ၃ ကောင်ပွဲခြင်းပြီးသေတယ်၊ သေသွားတဲ့အလောင်း ၃ လောင်းကို သုံးဘီးပေါ်တင်ပြီးမောင်းပြေးတာမှာ အလောင်း ၁ လောင်းနဲ့ သေနတ်တွေ ကျနေခဲ့တယ်” လို့ ပြောပါတယ်။

ပေါင်းတည်က ဆောက်လုပ်ဆဲသင်္ကြန်မဏ္ဍပ်ကို သတိပေးဗုံးခွဲ

"ပေါင်းတည်သင်္ကြန်မဏ္ဍပ်ကိုဗုံးခွဲတာဟုတ်ပါတယ်၊ ခုမနက် ၅ နာရီကပါ၊ ပြည်သူတွေထိခိုက်မှုမရှိအောင် မဏ္ဍပ်ကြမ်းခင်းပေါ်တင်ပြီးခွဲခဲ့တာပါ၊ ပျက်စီးမှုအနည်းအပါးပဲရှိမယ်၊ စစ်ကောင်စီနဲ့တပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာ" လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၃၆၀၁ တပ်ခွဲ - ၅ နွေဦးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဘုရားကြီးတိုးဂိတ်တွင် စစ်ကောင်စီက မော်တော်ယာဉ်ဂိတ်ကြေး ကျပ်သိန်းချီကောက်ခံ

“ရန်ကုန်-မြဝတီသွားရင် ဂိတ်ကြေးအနေနဲ့ အသွား ၁၂၀၀၀၊ အပြန် ၁၂၀၀၀ ပေးရတယ်။ အခုနောက်ပိုင်း အသွား ၄၅၀၀၀၊ အပြန် တသိန်းနီးပါး ပေးနေရတဲ့အတွက် ကားသမားတွေအနေနဲ့ အခက်အခဲတွေကြုံနေရ တယ်” လို့ သူကဆက်ရှင်းပြပါတယ်။

အင်းတော်တွင် KIA KPDF နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးဟုဆို

“ပထမရက်တိုက်ပွဲက မနက် ၉ နာရီကနေဖြစ်တာ၊ နေ့လယ် ၁၂ နာရီကျော်သွားတယ်။ အဲဒီနေ့မှာ စခတွေဘက်က ၂၈ ယောက်ကျသွားတယ်လို့ ကျနော်တို့အတွင်းသတင်းကသိရတယ်။ ကျနော်တို့ ဘက်ကတော့ KIA ရဲဘော် ၂ ယောက်နဲ့ KPDF ရဲဘော်တဦး ကျသွားတယ်” လို့ ဆိုပါတယ်။

ကင်းလှည့်လာတဲ့ စကစ စစ်သားနဲ့ပျူတွေ မိုင်းဆွဲခံရပြီး တပ်ကြပ် ၁ ဦးသေကာ ပျူ ၃ ဦး ဒဏ်ရာရ

ဧပြီလ ၇ ရက် မနက် ၉ နာရီဝန်းကျင်လောက်မှာ သရက်ကန်စခန်းကနေ ကင်းလှည့်ရန် ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးနဲ့ ပျူစောထီး ၃ ဦး စုစုပေါင်း ၄ ဦးကို မိုင်း ၁ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပရဟိတကျောင်းက ကလေးငယ်သုံးရာကျော်အတွက် အာဟာရအလှူရှင်တွေ လိုအပ်နေ

"ဆန်တနေ့ကိုသုံးအိတ်လောက်ကုန်တယ်။ ဆန် ဆီ ဆား ကြက်သွန်နီ ငါးခြောက် ပဲ စတဲ့ကုန်ခြောက်တွေလည်း လိုအပ်ပါတယ်။ နေ့စဥ်နဲ့အမျှကျွေးမွေးနေရတော့ ရေရှည်ရပ်တည်ဖို့လုပ်ဆောင်နေရတယ်။ အွန်လိုင်းကနေလှူပေးတဲ့ အလှူရှင်တွေလည်း ရှိပါတယ်။ လုံလောက်တာမျိုးတော့ မရှိသေးပါဘူး။ အဲဒါကြောင့်ကလေးတွေအတွက် အာဟာရအလှူရှင်တွေ အထူးလိုအပ်နေတာပါ"

ပြည်သူတွေမထိခိုက်တဲ့ သင်္ကြန်မစ်ရှစ်တွေအတွက် လက်နက်ခဲယမ်း ထောက်ပံ့မယ်လို့ဆို

"ကျနော်တို့ဘက်ကတော့ စကစ လုပ်မယ့် သင်္ကြန်ကို ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး။ ဒါကြောင့် မရရတဲ့နည်းနဲ့ဖျက်မှာဘဲ။ သူတို့ကတော့ တိုင်းပြည်ဘာမှမဖြစ်တဲ့ ပုံစံနဲ့ ပျော်ပါးပြမှာလေ။ စကစ ကို တိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့ကိုမဆို ငှားရမ်းထုတ်ပေးသွားမှာ။ ဘယ်တိုင်းဘယ်ဒေသဆိုပြီး မသတ်မှတ်ထားဘူး၊ ထုတ်ပေးတဲ့ လက်နက်တွေကိုလည်း ကာလတခုပြီးရင် ပြန်အပ်ရမှာပါ။ ကျည်ကလည်း မရှိတဲ့အဖွဲ့ဆိုရင် ထိုက်သင့်သလောက် ကျည်တွေပါထုတ်ပေးမှာပါ"

ရာဇဝတ်ပြစ်မှုနဲ့ အချုပ်ခံရသူတွေကို ကင်းစောင့်ခိုင်းတာအပြင် စစ်တပ်ထဲဝင်ခိုင်းနေ

"အချုပ်ထဲမှာ ပိုက်ဆံမတတ်နိုင်လို့ နောက်ကမလိုက်နိုင်တဲ့ လူငယ်တချို့ကို ကင်းစောင့်ခိုင်းတာ တပ်ယူနီဖောင်းနဲ့ သေနတ်ကိုင်ပြီး စောင့်ရတယ်တဲ့။ ကျည်ဆန်တော့ မပါဘူးပြောတယ်။ သူတို့မှာ အင်အားမရှိတာလား ကြောက်လို့လားတော့ မသိဘူး။ ကလေးတွေက နှစ်ရက်စောင့်ပေးခဲ့ရတယ် ပြောတယ်

သပိတ်ခေါင်းဆောင်နဲ့ ရှမ်းနီအဆိုတော်အပါ ၉ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

ဟုမ္မလင်းသပိတ်ခေါင်းဆောင်ဖြစ်တဲ့ ကိုကျော်ဝင်းစိန်ကို ထောင်ဒဏ် ၁၁ နှစ်နဲ့ ၆လ၊ ရှမ်းနီအဆိုတော်တဦးဖြစ်တဲ့ ကိုစိုင်းဝေယံကို ၁၃ နှစ်၊ CDM ကျောင်းဆရာမ ဒေါ်နွဲ့နွဲ့အောင်၊ အမေ့အိမ် စာသင်ကျောင်းက ကိုသက်ထွန်းဦး၊ ကိုအောင်ဟိန်းနဲ့ ကိုအောင်ကိုမင်းတို့ကို ၁၀ နှစ် အသီးသီးချမှတ်ခဲ့ပြီး၊ အကြမ်းဖက်အားပေးမှုအဖြစ် နေနော်နဲ့ ဖြိုးသက်တင်ကို ၅ နှစ်၊ ကိုအောင်မြင့်ဦးကို ၃ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။

တိုက်ပွဲတွေကြားက လုပ်ခဲ့တဲ့ မုံရွာလူငယ်တွေရဲ့ “ရုန်းကန်တော်လှန်ပြည်သူ့အသံ” သံချပ်

တော်လှန်သင်္ကြန်ကာလအတွက် ဒီသံချပ်ကို ပြုလုပ်ရတာဟာ တော်လှန်ရေးမှာစစ်ကိုင်းတိုင်း သာမက ပြည်သူတရပ်လုံး ပါဝင်လာစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာလို့ မုံရွာတော်လှန်လူငယ်များကွန်ယက်မှ အဖွဲ့ဝင်တဦးက ပြောပါတယ်။

PDF တွေကို လာထောက်လှမ်းတဲ့ ဒုအရာခံဗိုလ် ဖမ်းဆီးခံရ

ပခုက္ကူမြို့နယ် ဘုန်းကံရွာမှာ တပ်စွဲနေတဲ့ ပခုက္ကူတပ်မ ၁၀၁ က အသက်က ၅၆ နှစ်အရွယ် ဒုအရာခံဗိုလ်မြလွင်ကို စိုးမိုးတဲ့နယ်မြေထဲ လာထောက်လှမ်းတဲ့အချိန် ၂ ဖွဲ့ညှပ်ပြီး ဖမ်းလိုက်တာလို့ YRG တာဝန်ခံက ပြောပါတယ်။

မင်းလှ ကပစ(၁၀)ကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးနောက် NLD ပါတီဝင် ၅ ဦးဖမ်းဆီးခံရ

“စစ်**တွေဘက်က ထိခိုက်မှုအခြေအနေက စုံစမ်းဆဲပါ။ လက်ရှိမှာ NLD ပါတီဝင် ၅ ဦးကိုဖမ်းသွားပါပြီ။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာတော့ မသိရသေးပါဘူး”

ပုလဲမှာ စစ်ရှောင်စခန်းနဲ့ ရွာ ၁ ရွာကို စစ်ကောင်စီမီးရှို့၊ အမျိုးသမီးကြီးတဦး မီးလောင်သေဆုံး

"စစ်ကြောင်းမှာ စစ်ယူနီဖောင်းဝတ် အမျိုးသမီးစစ်သည် ၂ ဦးလောက်ပါလာတာ သေချာမြင်လိုက်ရတယ်။ နှောကန်ရွာကို မီးရှို့တာလည်း သူတို့စစ်ကြောင်းပဲ။ ချောင်းနားတောတိုက်ထဲက စစ်ရှောင်တဲကိုလည်း သူတို့ပဲ မီးရှို့ရင်း ရမ်းသမ်းပစ်လို့ အမျိုးသမီး ၃ ဦးဒဏ်ရာရခဲ့သေးတယ်"

"ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်" စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက ဧပြီလ ၇ ရက်နေ့ ညနေပိုင်းမှာ “ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်” စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကာ လူထုသပိတ်ဖော်ဆောင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီ စစ်ကြောင်း မိုင်း ၂ ကြိမ်ဆွဲခံရလို့ လေယာဥ်ပစ်ကူပြီး ကပဖ စခန်းကို မီးရှို့

"စုစုပေါင်း မိုင်း ၅ လုံးဆွဲတိုက်ခိုက်ပြီး ဒရုန်း ၂ စင်းဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့တာ စစ်သား ၈ ဦးဒဏ်ရာရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10