သတင်းတို

စစ်ကိုင်းတိုင်းထဲက ရှင်ပြုနားသ တော်လှန်အလှူတော် (Photo News)

ရိုးရာမပျက် မြန်မာ့ဓလေ့နဲ့အညီ အလှူပွဲတွေ ကျင်းပနေပေမယ့် ဒီအလှူပွဲတွေဟာ ပုံမှန်အခြေအနေမှာတုန်းကလို ပျော်ပွဲရွှင်ပွဲတွေ မဟုတ်ဘူး။ စစ်ကောင်စီရဲ့လက်အောက်မှာ နေသားကျသွားတဲ့ ပျော်ရွှင်ပွဲမဟုတ်ဘူး။ စစ်ကောင်စီကို ဆန့်ကျင်ရင်း ကျင်းပတဲ့ပွဲ ဖြစ်တယ်ဆိုတာကို သိသာမြင်သာစေဖို့ အလှူလှည့်တာမှာ လိုက်ပါသူအားလုံး ဒိုးပတ်ဝိုင်းနဲ့ ကြွေးကြော်သံတွေ အော်ပြီး လှည့်ခဲ့ကြတာပါ”

ရွှေဘိုမြို့နယ်က စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ကို S & C က ကူညီစောင့်ရှောက်ထား

“မနေ့ကမနက်ပိုင်းမှာ သူတို့ချက်ချင်းရောက်လာတော့ ကျနော်တို့စစ်ရှောင်စခန်း ပုံစံမျိုး လုပ်ထားရတယ်။ ချက်ကျွေးရတယ်။ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ။ တနေ့ကို နှစ်နှပ်ကျွေးပါတယ်။ လူဦးရေ တထောင်ကျော်ထဲမှာ ကလေးဦးရေက နှစ်ရာနီးပါးလောက် ပါတယ်”

ပျူအများအပြားရှိရာ ရွာကိုဝင်တိုက်ချိန် လက်နက်ကြီးနဲ့ပစ်လို့ ဆုတ်ခွါခဲ့ရ

"ပျူစောထီးအင်အား ၅၀ လောက်ကို လက်နက် ၄၀ လောက် ချပေးထားတာ။ အဲဒီရွာကို ဝင်တိုက်တာမှာ သူတို့က ကားလမ်း၊ လှည်းလမ်းတွေ အကုန်ဖျက်ထားတယ်။ ချဉ်းကပ်တာမှာ ရဲဘော် ၂ ယောက် နင်းမိုင်းနင်းမိတယ်။ ကျနော်တို့အင်အားတော်တော်များများနဲ့ သရော်ကိုင်းကို ကပ်နိုင်တဲ့အချိန်မှာ ချောင်းကူးဘက်ကနေ စစ်**တွေက လက်နက်ကြီး ၁၂၀ မမ နဲ့ ၆ လုံးလောက် ပစ်ကူပေးတော့ ထိခိုက်မှုများမှာကြောင့်လို့ ပြန်ဆုတ်ခွာခဲ့တယ်"

မီးဖို မီးကြွင်းမီးကျန်ကနေ စလောင်လို့ နေအိမ် ၆ လုံးမီးလောင်ပျက်စီး

"ထမင်းတည်ပြီး မီးဖိုမီးကို ကုန်အောင်မသတ်ဘဲ ထားရာက မီးကြွင်းမီးကျန်ကနေ မီးလောင်တာ။ အိမ်တွေကလည်း ပျဥ်ထောင်အိမ်တွေဆိုတော့ မီးလောင်အားကောင်းပြီးမီးကူးတာပါ။ ကျနော်တို့ သိရချိန်မှာ မီးကတော်တော် ကူးနေပြီ။ ရွာကလူတွေအားနဲ့ပဲ မီးကိုထိန်းထားနိုင်ခဲ့တယ်"

နတ်တလင်းမှာ ဆည်မြောင်းထဲ ရေဆင်းကူးရာက မိသားစုဝင်အမျိုးသမီး ၃ ဦး ရေနစ်သေဆုံး

"တအိမ်တည်း အတူနေကြတဲ့ အမေရယ်၊ သမီးရယ်၊ တူမရယ် ရေနစ်ကြတာပါ။ သူတို့က ဘက်ဟိုးနဲ့ တူးထားတဲ့မြောင်းထဲမှာ ရေဆင်းချိုးရင်း နစ်ကြတာ"

ဘီလူးစစ်ကြောင်းထိုးလို့ ပြည်သူ ၂၀၀ ကျော် ဖမ်းဆီးခံရပြီး အသတ်ခံရသူတွေလည်းရှိ

“စစ်ရှောင်အများစု ဖမ်းမိသွားတာပေါ့။ ပြည်သူတွေ ရှောင်နေတဲ့နေရာကို ပစ်ပြီးဝင်စီးတော့ ဒဏ်ရာရတဲ့သူတွေ ရပေါ့။ လွတ်လာတဲ့သူတွေရဲ့ ပြောစကားအရတော့ အသတ်ခံထားရတဲ့ အလောင်း ၂ လောင်း တွေ့တယ်လို့‌တော့ သိရတယ်။ သတင်းတွေကတော့ မျိုးစုံထွက်နေတာ။ အသတ်ခံရတာ ဒီထပ်များတယ်လို့လည်း‌ ကြားနေရတယ်။ စစ်ကြောင်းထွက်သွားမှပဲ သေချာသိရမှာ။ မနေ့ကတော့ ရွာထဲက ဆိုင်ကယ်တွေကို ၃ ကြိမ် မီးရှို့တယ်”

ကျောက်ကြီးမြို့နယ်မှာ လိုက်ထရပ်ကားတစီး မိုင်းထိပြီး ၃ ဦးသေဆုံး

"ကျောက်ကြီးကနေ ပဲနွယ်ကုန်းသွားမယ့် ကားပါ။ ခရီးသည်တင်ကားပေါ့။ ကားပေါ်မှာ အနောက်ကနေ ၃ ယောက်ပါတယ်။ ကားခေါင်းခန်းမှာ ၂ ယောက်ပါတယ်။ တံတားက အရင်မိုင်းထိပြီး ပျက်စီးသွားတော့ ပြုပြင်နေလို့ ရှောင်ကွင်းလမ်း လုပ်ထားတာ။ အဲ့ကနေသွားချိန် မိုင်းထိတာပါ"

NUG အနေနဲ့ ကွင်းဆင်းစစ်ဆေးပြီး လက်နက်၊ ခဲယမ်းထောက်ပံ့ဖို့ ပုံတောင် PDF တောင်းဆို

“စားဖို့ကဖြစ်သလို စားလို့ရတယ်။ စစ်ကောင်စီနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါ လက်နက်၊ခဲယမ်း မပြည့်စုံတော့ စိတ်တိုင်းမကျခဲ့ဘူး။ ပုလဲဒေသအပြင် တခြားနယ်ဘက်တွေသွားပြီးတော့ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်တာတွေ လုပ်ပါတယ်။ လက်နက်ထုတ်လုပ်ရေးအပိုင်းမှာလည်း ကုန်ကျစားရိတ်များတော့ အပိုငွေမကုန်အောင် ပြည်သူတွေရဲ့ငွေကို ချွေတာသုံးစွဲနေပါတယ်"

ပဲခူးမှာ သင်္ကြန်မဏ္ဍပ်တွေဆောက်ဖို့ ပြည်သူတွေဆီကနေ ငွေကောက်ခံနေ

“အမေစုခေတ်တုန်းကတော့ စေတနာရှိသလောက်ပဲ ထည့်ရတယ်။ မထည့်လည်း ရတယ်။ အခုက မရဘူး။ အိမ်တိုင်း ထည့်ရတယ်။ သင်္ကြန်မှာ စည်ကားဖို့အတွက်နဲ့ စတုဒီတာကျွေးဖို့ဆိုပြီး လာကောက်တယ်။ နှစ်နှစ်ရှိပြီ အခုလိုကောက်တာ။ ပြီးရင် မဏ္ဍပ်တွေမှာ သူတို့လူတွေကြီးပဲ ရှိတယ်”

စဥ့်ကူးက စစ်တပ်သတင်းပေး အမျိုးသမီးတဦး ပစ်သတ်ခံရ

“သူက PDF တွေ ဘယ်မှာရှိတယ်။ ဘယ်နေရာမှာနေတယ်ဆိုတာကို စစ်တပ်ကို ဖုန်းနဲ့သတင်းပေးတာ။ သူ့ရဲ့ဖုန်းစစ်‌ဆေးကြည့်လိုက်တော့လည်း စစ်တပ်နဲ့ဆက်သွယ်ပြီး ပြောဆိုရေးသားထားတာတွေ တွေ့တယ်။ သေချာတာကြောင့် သူ့ကိုနေအိမ်ကနေ ဖမ်းလာပြီး သေနပ်ကျွန်းပေါ်ရောက်မှ သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာပါ”

သေဆုံးရဲဘော်တွေနဲ့ စစ်ရှောင်တွေကိုငဲ့ပြီး သင်္ကြန်မှာအပျော်မလွန်ကြဖို့ တောင်းဆိုဆန္ဒပြ

အဲဒီဆန္ဒပြပွဲကို ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက တန့်ဆည်ပင်မသပိတ်နဲ့ တန့်ဆည်အမျိုးသမီးသပိတ်တို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့တဲ့ရဲဘော်တွေ၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ စစ်ရှောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စာနာပြီး သင်္ကြန်မှာမပါဝင်ကြဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်

ပေါင်းတည်သမဦးစီးက စစ်တပ်ခေါ်ခြိမ်းခြောက်ပြီး ချေးငွေပြန်တောင်းနေ

"ကျနော်တို့ဆီကိုလာပြီး သမက ကြွေးဆပ်ဖို့ လာပြောတယ်။ မဆပ်နိုင်ရင် ဖမ်းချုပ်မယ်။ ငွေကြေမှ ပြန်လွှတ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်သွားတာ။ တချို့လည်း ကြောက်လန့်ပြီး ရှာကြံပေးလိုက်တာမျိုးတော့ ရှိတယ်။ ခုအချိန်က အလုပ်အကိုင်ကအစ မကောင်းတော့ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ"

ဆားလင်းကြီးက စစ်ရှောင်ကလေးငယ်တွေကို အာဟာရကျွေးမွေး (Photo News)

ကလေးငယ်ဦးရေ ၅၀၀ ကျော်ကို အာဟာရဒါနအဖြစ် မုန့်ဟင်းခါးကျွေးခဲ့တာ

စစ်တပ်ကဖမ်းသွားတဲ့ အမျိုးသမီးတဦးကို အဓမ္မပြုခံထားရပုံနဲ့ သေဆုံးလျှက်ပြန်တွေ့

“နယ်မြေရှင်းလင်းရေးလုပ်တာမှာ စစ်ကောင်စီသတ်ဖြတ်ထားတဲ့ အမျိုးသမီးရုပ်အလောင်း ၁ လောင်းတွေ့တယ်၊ အလောင်းကို ရွှေခဲပြန်ရွာချောင်းအစပ်မှာ တွေ့တာ၊ သူတို့သတ်ဖြတ်သွားတဲ့ပုံစံက အဓမ္မကျင့်သတ်ဖြတ်သွားတယ်လို့ ယူဆလို့ရတယ်၊ မီးတွေနဲ့လည်း အမျိုးသမီးရဲ့ တန်ဆာကို မြိုက်ထားတာ” လို့ ပြောပါတယ်။

လက်နက်ကြီးထိထားတဲ့ကြားက နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့လို့ PDF တပ်ခွဲမှူး ၁ ဦး သေဆုံး

“ပစ်ခတ်နေချိန်မှာ ရန်သူဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ ကျနော်တို့ရဲ့ ရဲဘော်တွေကြားထဲ ကျပြီးပေါက်ကွဲခဲ့လို့ အဲ့ဒီမှာ ရဲဘော် ၃ ယောက် ဒဏ်ရာရတယ်။ တပ်ခွဲမှူးက လက်နက်ကြီးကျည်သူလည်း ထိထားတာကို နောက်မဆုတ်နိုင်ဘဲ ကာပစ်ပြီး သူ့ရဲဘော်တွေ ဆုတ်ခိုင်းတယ်” လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10