ခင်ဦး NLDအမတ်ရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ကို စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်စီချမှတ်
"မအိနန္ဒာအောင်နဲ့ ဒေါ်ခင်သန်းနုတို့ကို တယောက်ကို အလုပ်ကြမ်းနဲ့ ၃ နှစ်စီ ချမှတ်လိုက်တာ။ စစ်ခုံရုံးက ၅၀၅-က(ဂ)နဲ့ ပေါ့"
"မအိနန္ဒာအောင်နဲ့ ဒေါ်ခင်သန်းနုတို့ကို တယောက်ကို အလုပ်ကြမ်းနဲ့ ၃ နှစ်စီ ချမှတ်လိုက်တာ။ စစ်ခုံရုံးက ၅၀၅-က(ဂ)နဲ့ ပေါ့"
“စစ်*နဲ့ ပျူ* ၅ ဦးလောက် ခြေလျင်မိုင်းရှင်းထွက်လာတာကို ဂျိုးမြေဇင်း (မင်းကောင်မြောင်း) တံတားဖြူနားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်လိုက်တာ၊ နေရာတင် စစ်* ၁ ကောင်၊ ပျူ ၂ ကောင်သေတယ်”
"စာက ၂၀ ရက်နေ့ကမှ လက်ထဲရောက်တယ်။ ၂၁ ရက်နေ့ကို ကြွေးကျန်အားလုံး ပေးရမယ်ပေါ့။ မပေးရင် အရေးယူမယ်ဆိုတော့ တောင်သူအချို့ကတော့ အသည်းအသန် ငွေရှာနေရတယ်။ ကျနော်ဆိုလည်း ခုထိမပေးနိုင်သေးဘူး။ အမှန်က ကျနော်တို့က NUG ကိုယုံကြည်ပြီး စစ်ကောင်စီကို ပြန်မဆပ်ချင်တာပါ။ ကျနော်တို့ပေးတဲ့ငွေဟာ ပြည်သူသတ်မယ့် ကျည်ဖိုးမဖြစ်ချင်ဘူး။ ပြည်သူ့အစိုးရကိုပဲ ပေးချင်တာ။ ဒါပေမယ့်လက်တွေ့မှာ စကစ ဘက်က ဖိအားပေးလာပြီဆိုတော့ မဆပ်လို့မှမရတာ။ ဆပ်ရတော့မှာပေါ့"
"ပထမစခန်းကို စကစဘက်ကသိမ်းပြီး ကျနော်တို့ဘက်က ပြန်သိမ်းခဲ့ပေမယ့် စခန်းဝန်းကျင်မှာ စကစ အဖွဲ့တွေကရှိနေသေးတော့ ဌာနချုပ်စခန်းကို အာရုံစိုက်နေရချိန် အမှတ် ၂ စခန်းကို စကစတွေ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တာကို စစ်ကူမသွားနိုင်ခဲ့ဘူး။ ဒါကြောင့် အမှတ် ၂ စခန်း ပါသွားတာဖြစ်ပါတယ်။"
"လိုင်းကြေးယူထားတော့ ဖမ်းမယ့်သူမရှိဘူး။ ရွာထဲမှာ ဒိုးဇက်ဆော့တာ ဇယ်တောက်ကစားတာကြတော့ ဖမ်းတယ်။ လောင်းကစားဝိုင်းကြောင့် ယာမြေပေါင်သူတွေ၊ နွားရောင်းသူတွေအထိ ရှိလာတယ်။ လုပ်ငန်းခွင်ဝင်ရင် မြေမရှိနွားမရှိဖြစ်ပြီ။ အခုဆိုသူခိုးသူဝှက်တောင် ရှိလာပြီ"
“မတ်တူးကားနဲ့လာတာ၊ ကားနံပါတ်တော့မပါဘူး။ အဝင်အထွက် ၅ မိနစ်လောက်ပဲလုပ်တယ်ပြီးတော့ ရွှေဆိုင်ထဲက နေပြန်ထွက်သွားတယ်။ မျက်နှာတွေကိုတော့ အဝတ်နဲ့အုပ်ထားတယ်။ အသက် အရွယ်တွေက ငယ်ငယ်လေးတွေပဲ။ ပေါ်ဦးရွှေဆိုင်နားမှာ ဝိန့်စိန်ရွှေဆိုင်နဲ့ ဟောင်ကောင်ဖုန်းဆိုင်တွေလည်းရှိတယ် သူတို့ကိုတော့ ဘာမှမလုပ်သွားဘူး”
"Alphard အနက်ရောင်ကားကို ထိသွားတယ်။ ကားကတော့ မှောက်သွားတယ်။ မှန်တွေလည်း ကွဲထွက်သွားတာ။ ပွိုင့်ကားနဲ့ အိမ်စီးကားတွေနဲ့ လာကြတာ။ ကား ၁ စီးထဲ မိုင်းမိတာ။ ကားလည်း စုတ်ပြတ်သတ်သွားတယ်"
"ပြီးခဲ့တဲ့နှစ်မှာ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ အခြေချတာ နယ်မြေမစိုးမိုးသေးတာတွေကြောင့်ပါ။ ဒီနှစ်မှာတော့ ကျနော်တို့စိုးမိုးမှု အထိုက်အလျှောက်ရလို့ တော်လှန်ရေးအင်အားစုအားကောင်းလာလို့ လုပ်နိုင်ခဲ့တယ်။ လက်နက်ကိုင် ကဗျာဆရာတယောက်အနေနဲ့ဆိုရင်တော့ ကဗျာမရွတ်ရတာ လေးနှစ်လောက်ရှိပြီ။ အခုတော့ပျော်တာပေါ့"
"ပထမစိုက်ဘဏ်က စာပို့တယ်။ တောင်သူတွေက မဆပ်နိုင်တော့ အခုရွာအထိ လိုက်လာတယ်။ စစ်သား၊ ရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေ ပါတယ်။ အုပ်စုလိုက် လာပြီးတောင်းတယ်။ မဆပ်နိုင်ရင် လူကိုဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်"
“နားစွဲဝတ်ထားတဲ့ အမျိုးသမီးတွေကို နားစွဲတွေ ဖြုတ်ခိုင်းတယ်။ စစ်ရှောင်အဖွားတယောက်ဆီက ငွေ ၇၂ သိန်း ယူသွားတယ်။ PDF ၂ ဖွဲ့ရဲ့ ယူနီဖောင်းတွေ လဲဝတ်သွားတယ်။ ရွာသားတဦးက စစ်ကြောင်းစဝင်တဲ့နေ့ကတည်းက အသတ်ခံထားရတာ။ ကျနော်တို့တွေ့တော့ ပုတ်ပွတောင်နေပြီ။ စိတ်မနှံ့တဲ့တယောက်ကိုလည်း သတ်ပြီး PDF ဝတ်စုံ လဲဝတ်ပေးခဲ့တယ်"
"သူက ဦးလေးတွေနဲ့နေတာလို့ သိရတယ်။ မိဘတွေက မိုးကုတ်မှာ။ သူ့ဦးလေးက သူ့အိမ်ကမထွက်သွားဖို့ အမြဲစောင့်ကြည့်နေရတာလို့ သိရတယ်။ မနက်က သူ့ဦးလေးက တချက်အိပ်ပျော်သွားတဲ့အချိန်မှာ သူကအိမ်ကထွက်သွားပြီး ကျုံးထဲ ခုန်ချသွားတာ"
“ဒီနှစ်ထဲမှာပဲ ဆေးကစျေးတက်သွားတာ။ တော်သေးတယ် အရင်က ဆေးတွေကို များများဝယ်ထားလို့သာ တောင့်ခံနိုင်တာ၊ ဆေးတွေဝယ်ရတော့လည်း လွယ်လွယ်ကူကူ သယ်လို့မရဘူး။ တော်တော်ခက်ခဲတယ်။ ဘိန်းမှောင်ခိုကူးရသလိုပဲ”
"ပြည်သူတွေအတွက် ခွန်အားဖြစ်အောင် ကျနော်တို့တွေ ရေခြားမြေခြားမှာ သွေးမအေးဘဲ ရတဲ့အလုပ်ကိုလုပ်ပြီး ကူညီနေတာပါ"
“ခင်ဦးအရှေ့ခြမ်းက မိုးအဲလောက်မရွာဘူး။ အလယ်ခြမ်းနဲ့အနောက်ခြမ်းက သည်းကြီးမဲကြီး ရွာတယ်။ စစ်ရှောင်၊ မီးဘေးရှောင်တွေကလည်း အဲဒီအလယ်ခြမ်းနဲ့အနောက်ခြမ်းမှာ အများဆုံးပဲ။ မိုးရွာကြီးထဲမှာ သူတို့တွေ အထုပ်တွေ၊ ပလုံးတွေယူပြီး ညတွင်းပဲ ထွက်ပြေးရတယ်။ တချို့ဆို အိပ်စရာနေရာမရှိလို့ တညလုံးထိုင်နေရတယ်”
"တိုင်းပို့၊ဆက်ရုံး ဗုံးပေါက်တာ ဟုတ်တယ်။ သိရသလောက်က ရုံးထဲလာပစ်ထည့်သွားတာတဲ့။ ထိခိုက်ဒဏ်ရာရသူတွေကလည်း ဝန်ထမ်းတွေပဲလို့ သိရတယ်။ သေတာတော့မရှိဘူး"