သတင်းတို

ကူညီထောက်ပံမှုတွေ နည်းလာလို့ LPDF အချို့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာ

"ကျနော်တို့တွေလည်း စကစဘက်ကလာတဲ့ ရေကြောင်းရော၊ ကုန်လမ်းက လာသမျှကို လက်လုပ်တွေနဲ့ပဲ ရသလောက်တိုက်နေတာပဲ။ ယနေ့ထိတော့ NUG အထောက်အပံ့လည်းဘာမှမရဘူး။ ခုနောက်ပိုင်းဆို ပြည်သူတွေကလည်း ပန်းနေပြီ။ သူတို့တောင် စားဖို့အဆင်မပြေတော့ တော်လှန်ရေးအဖွဲ့တွေကို ထောက်ပံ့ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။ အဲတော့ရေရှည်မှာ အဖွဲ့တွေရပ်တည်ဖို့တောင် ခက်ခဲလာနိုင်တယ်"

PDF ထောက်ပို့ဆိုပြီးမိသားစုလိုက်ဖမ်းဆီးခံရကာ အသက်မပြည့်သေးတဲ့ သား၊သမီး ၄ ဦး ၁၀ ရက်ကြာအထိ သတင်းပျောက်နေ

“မိန်းကလေးတွေလည်း သူတို့လုပ်ချင်တာလုပ်ပြီး သတ်သွားတာတွေရှိတော့ စိုးရိမ်ရတာပေါ့။ ကလေးတွေကို တမနက်ထဲ ဖမ်းခေါ်သွားတာ။ မိဘတွေကိုတော့ TV မှာကြေငြာပေမယ့် ကျန်တာအကုန် သတင်းဖုံးထားတာဗျ။ နမခထဲမှာ ဖမ်းထားတယ်လို့ ကနဦးကြားရပေမယ့် ရေရေရာရာမရှိဘူး။ ကလေးမလေးတွေဆိုတော့ သူတို့လက်ထဲမှာ စိုးရိမ်ရတယ်”

တောင်သာရဲစခန်းအနီးက စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၃ ဦးဒဏ်ရာရ

"အဲ့နေရာက ရဲစခန်းနဲ့ကပ်လျက်ပဲဆိုတော့ ရဲစခန်းမှာရော ဂိတ်မှာရောက တွဲလျက်ဆိုတော့ အင်အားများတယ်။ အဲ့ဒီနေရာမှာက ကတုတ်ကျင်းတွေတူးပြီး စက်လက်တွေကအစ ထိုင်ထားတာ။ အဲ့မှာက ဘယ်ရီဂိတ်တွေ ပါချပြီး လမ်းသွားလမ်းလာ ကားတွေကိုစစ်တာ။ ချတဲ့ဒရုန်းဗုံးက စစ်ဆေးရေးဂိတ် ဘန်ကာပေါ် တည့်တည့်ကျတာ"

ကြို့ပင်ကောက်မှာ အမျိုးသားတဦး ရေနစ်၊ ရက် ၂၀ အတွင်း ရေနစ်သေဆုံးသူ ၄ ဦးရှိ

"ကိုကျော်ဇင်ဦးက အတက်ရောဂါရှိတယ်။ အရက်ကလည်း သောက်တတ်တယ်။ သူရေနစ်သေဆုံးတဲ့ မြောင်းကလည်း သိပ်ပြီးနက်တာမဟုတ်ဘူး။ သူ့ကံပဲပေါ့"

မီတာခလိုက်ကောက်တဲ့စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရဟုဆို

"Center ၁ စီး Mark 2 ၁ စီး Pardo ၁ စီးတို့နဲ့ အင်အား ၂၀ လောက်ပါတယ်။ ရှေ့ထိပ်နောက်ထိပ်ကို ပါဆယ်မိုင်း ၃ လုံးစီချတာ။ မိုင်းအထုပ်မြင်လို့ ကားကိုရပ်ပြီး ကားပေါ်ကနေ လက်နက်ကိုင် ၂ ကောင်က ဆင်းလာတဲ့အချိန် ဆွဲလိုက်တာမှာ အဲဒီ ၂ ကောင်က ပွဲချင်းပြီး သေတယ်။ ကျန်တဲ့မိုင်းက ကားကိုခွဲလိုက်တာမှာ ၃ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်"

~~~ စောင်နီလေးတထည်တော့ သွားပြီ ~~~

စောင်နီလေးတထည်တော့_သွားပြီ

စစ်တပ်က စွန့်လွှတ်ပြီးသား တပ်ပိုင်မြေတွေရဲ့ ပိုင်ဆိုင်မှု ပုံစံ-၇ကို ပြန်အပ်ခိုင်း

“ဒီမြေတွေက ဦးသိန်းစိန်လက်ထက်မှာ တောင်သူတွေ အမှန်တကယ် စိုက်ပျိုးမြေတွေဖြစ်လို့ တပ်ပိုင်မြေအဖြစ်ကနေ စွန့်လွှတ်ခဲ့ပြီး သူ့မူရင်းပိုင်ရှင်တွေကို တရားဝင်ပြန်လွှဲထားတဲ့ မြေတွေ။ ခုလို ပုံစံ ၇ ပြန်အပ်ခိုင်းတာက တပ်ပိုင်မြေအဖြစ် ပြန်သိမ်းဖို့ ပြင်ဆင်နေတာလို့ ယူဆပါတယ်”

တမူးကနယ်မြေရဲစခန်းစီးနင်းခံရပြီး စခန်းမှူးအပါ ၆ ဦးအရှင်မိ သေနတ် ၉ လက်ပါ သိမ်းယူ

“မနက်မိုးမလင်းခင် ဝင်စီးတာ၊ စခန်းသိမ်းနိုင်တယ်။ ရဲ ၂ ယောက် ထွက်ပြေးသွားတယ်။ စခန်းမှူးအပါ ၆ ယောက် အဖမ်းခံတယ်။ သေနတ်တွေ သိမ်းဆည်းရှိခဲ့တယ်။ ဖမ်းမိတဲ့ရဲတွေရဲ့ အဆင့်၊ နာမည်တွေ၊ အသက်တွေ အသေးစိတ်ကိုတော့ မသိရသေးဘူး”

မုံရွာ နမခ တပ်ကနေ အရာတော် စခတ ၁၀ တပ်ကိုလာတဲ့ ယာဉ်တန်း မိုင်းဆွဲခံရ

"သူတို့လာမှာကို ကျနော်တို့ကြိုတင်သတင်းရထားလို့ သွားစောင့်နေတာပါ။ သူတို့ကို မိုင်းဆွဲ‌လိုက်‌တော့ ကားတစီး ထိသွားတယ်။ မိုင်းဆွဲခံရပြီးတော့ ကမ်းဖြူရွာမှာ ခဏနေတယ်။ ပြီးတော့ စခတ ၁၀ တပ်ကို ဆက်သွားပါတယ်"

ပဲခူးရွှေမော်ဓောဘုရားပွဲတော်မှာ စျေးရောင်းချသူ နည်းပါး

“ကစားကွင်းနဲ့ စျေးတန်းတွေက ဆောက်နေတုန်းပဲ။ ဇာတ်ပွဲက ၃၀ ရက်နေ့မှာ ဝင်မယ်လို့ပြောတယ်။ အခုချိန်ထိ ဇာတ်စင်တောင် မဆောက်ရသေးဘူး။ ဝန်းထဲမှာတော့ ရဲတယောက်နှစ်ယောက်ကို လုံခြုံရေးချထားတယ်။ ဆိုင်တန်းပေါင်း ၃၀ ဆယ်လောက်ပဲ ရှိမယ်။ ဈေးရောင်းတဲ့သူ‌တွေလည်း သိပ်မရှိဘူး”

ချေးငွေအတင်းပြန်တောင်းနေတဲ့ သမဦးစီးဌာနကို မိုးညို PDF သတိပေး

"ကျနော်တို့မြို့ရဲ့ကျေးရွာအုပ်စုအတော်များများမှာ မြွေပူရာကင်းမှောင့်ဆိုသလို သမအကြွေးတွေကို အုပ်ကြီးတွေရယ် ကျေးရွာသမအဖွဲ့ဝင်တွေရယ် ပေါင်းပြီး လိုက်လံအကြပ်ကိုင်တောင်းနေပါတယ်။ တချို့ရဲစခန်းခေါ်သွားပြီး ခြိမ်းခြောက်အကြပ်ကိုင်တောင်းတဲ့အဆင့်အထိ ဖြစ်လာခဲ့ပါပြီ။ စိုက်ဘဏ်ကြွေးက တောင်းလိုက် သမကြွေးဆိုပြီး တောင်းလိုက်နဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့်အကြပ်ကိုင် ခြိမ်းခြောက်တောင်းနေတဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချပါတယ်"

စစ်ကြောင်းထိုးပြီး ပြန်လာတဲ့စစ်အုပ်စုကားတန်း မိုင်းဆွဲခံရလို့ ထိခိုက်မှုရှိ

"စကစစစ်ကြောင်းက မနက်အစော ၅ နာရီလောက်ကတည်းက နမခကနေ အင်အား ၁၀၀ လောက်နဲ့ ကား ၄ စီးနဲ့ထွက်တယ်။ မုံရွာတောင်ဘက် GTC ကနေ ဗောဓိတထောင်ဘက်ထိ ခြေလျင်စစ်ကြောင်းပတ်ထိုးတယ်။ ပြီးတော့ ကားနဲ့ပြန်လာတာ။ တိုးဂိတ်ဟောင်းနားမှာ မိုင်း ၂ လုံး၊ ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်"

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်မှာ ဖမ်းမိကြောင်းဖော်ပြထားတဲ့ လူငယ် ၈ ဦးမှာ ၄ ဦးအသတ်ခံထားရ

“သူတို့တွေကို ၁၂ ရက်နေ့ထဲက နန္ဒဝန်ရပ်ကွက်ထဲမှာ ဝင်ဖမ်းသွားတာကို သိလိုက်တယ်။ စကစဘက်က သူတို့ကို မုံရွာလိပ်စာတွေနဲ့ တင်ထားပေမယ့် မုံရွာမြို့ပေါ်ကဆိုလည်း ကျတော်တို့ သိရမှာ။ ရဲဘော်လို့လည်း ကြားတယ်။ KTV ဝန်ထမ်းတွေလို့လည်း ကြားတယ်။ ခုက ကျတော်တို့လည်း သူတို့က ဘယ်သူတွေဆိုတာ လိုက်စုံစမ်းနေတုန်းပဲ"

သပိတ်စစ်ကြောင်း ၇၄၅ ရက်‌မြောက်နေ့အဖြစ် ကျေးရွာပေါင်းစုံသပိတ်ပြုလုပ်

"သပိတ်ကို ယင်းမာပင်မြို့နယ်ထဲမှာပြုလုပ်တာပါ။ သပိတ်က နေ့စဥ်လုပ်ပါတယ်။ ဒီနေ့မနက် သပိတ်ကိုတော့ နာရီဝက်လောက်ပဲလုပ်ဖြစ်တယ်"

ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းဗုံးထိလို့ ၃ ဦးထက်မနည်း ထိခိုက်နိုင်

"စကစကင်းပုန်းက ဒရုန်းဗုံးထိတာနဲ့ ရွာထဲထွက်ပြေးကြတာ၊ ပြန်တောင် မပစ်ကြဘူး။ ဒရုန်းနဲ့ထိပြီး နည်းနည်းလေးထပ်ကြာမှ နောက်တစ်လုံး မကျတော့ဘူးဆိုမှ သူတို့အဖွဲ့က ဒဏ်ရာရသူတွေကို ကောက်သွားကြတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10