သတင်းတို

စစ်ကောင်စီက မကွေးတိုင်းမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ထုတ်ပြန်

မကွေးတိုင်းက မြို့နယ်တွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄အရ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး ဒီနေ့ ညဦးပိုင်းမှာ စစ်ကောင်စီ လိုက်ကြေညာခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

ထောင်တွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်ဆေးပေးဖို့ တော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ပေါင်းပြီး ICRC ကို တောင်းဆို

“ ဖမ်းဆီးခံရတဲ့ပြည်သူတွေကို သူတို့က အကြမ်းဖက်နှိပ်စက်တယ်၊ သတ်ဖြတ်တယ်၊ အစာရေစာလည်း ဝအောင်မကျွေးဘူး၊ ဒါမျိုးတွေလည်း ကြုံရတယ်၊ နောက်တခုက အမျိုးသမီးတွေ၊ LGBT တွေဆိုရင် သူတို့ကလိင်ပိုင်းဆိုင်ရာကို ပိုပြီးအကြမ်းဖက်တယ်၊ ခုနောက်ပိုင်းဆို ယောင်္ကျားလေးတွေကိုလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်လာတယ်၊ ဒါက အပြင်မှာတင်မဟုတ်ပဲ ထောင်ထဲမှာတောင် အကြမ်းဖက်နှိပ်စက်တာတွေဖြစ်တဲ့အတွက် ကျနော်တို့က ICRC ကို စစ်ဆေးပေးဖို့ တောင်းဆိုရခြင်းဖြစ်တယ်၊ “

ပြည်မြို့မှာ ဆိုင်ကယ်လိုင်စင်နဲ့ နံပါတ်ပြား မပါရင် စစ်ကောင်စီက ထောင်၁လ ချနေတယ်လို့ ဒေသခံတွေ ပြော

" နံပါတ်ပြားမထင်ရှားလည်း ထောင် ၁လ ၊ အသိတစ်ယောက် နံပါတ်ပြားကျိုးနေတာကို ဖမ်းပြီး နံပါတ်ပြားမထင်ရှားရင် ထောင်တလတဲ့၊ အာ့ကြောင့်မလို့တဲ့ ဦးထုပ်မဆောင်းပဲရေးလိုက်မယ်တဲ့၊ ဖမ်းချင်တဲ့ ဘီးဖမ်းနေသလိုပဲ"

စစ်ဆရာဝန်ကားမိုင်းဆွဲခံရတာကို လာကြည့်တဲ့ စစ်အုပ်စု မိုင်းထပ်ဆွဲခံရပြီး ၄ဦးသေဆုံး ၅ဦးဒဏ်ရာပြင်းထန်

" အဲဒီလူနာတွေကိုလာခေါ်မယ့်စစ်ခွေး ရဲတွေခွေးတွေရောက်လာတယ်၊ဆိုင်ကယ် ၃ စီးနဲ့ထပ်ရောက်လာတာ၊အဲဒါကိုတကြိမ်ထပ်ပြီးတော့ ကျန်တဲ့မိုင်း ၄ လုံးကိုထပ်ခွဲလိုက်တယ် အဲဒီလိုထပ်ခွဲတာ ၂ ယောက်ထပ်သေပြီး ၅ ယောက်ကတော့ တကောင်းဆေးရုံမှာရောက်နေတယ်လို့သိရပါတယ်"

နတ်တလင်း PDFက ဒုတပ်ခွဲမှူး လက်နက်ချပြီးနောက် အဖမ်းခံရတဲ့ဆေးတပ်ဗိုလ်ကြီးဟောင်း နှိပ်စက်ခံရလို့ ဆေးကုနေရ

"လောလောဆယ် ကွင်းဆက်အနေနဲ့ဖမ်းတာက ဇီးကုန်းမြို့အမှတ်၁ရပ်ကွက် မြို့သစ်၉လမ်းက ဆေးတပ်ဗိုလ်ကြီးဟောင်း ကိုမျိုးလင်းဌေးနဲ့ ဒေါ်တင်မာလာလင်း(ခ)မစိုစိုး တို့ကို PDFတွေကိုကူညီတယ် ဆေးကုပေးတယ် သတင်းရလို့ ဆိုပြီးဖမ်းသွားတယ် အကြမ်းဖက်ပုဒ်မနဲ့ အမူဖွင့်ထားတယ် "

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဥ်အပေါ် GSCB အပါ တော်လှန်ရေးအင်အားစုအချို့ ကန့်ကွက်ရှုတ်ချ

“ အဓိက ကန့်ကွက်ရတဲ့အကြောင်းအရင်းက ဒီလောက်မြန်မာပြည်သူတွေကို သတ်ဖြတ်၊ ရွာလုံးကျွတ်တွေမီးရှို့ ပြည်သူတွေတွေ့သမျှသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အသိမှတ်ပြုတဲ့အနေနဲ့ လာတာပေါ့၊ မြန်မာပြည်သူတွေအပေါ်ကိုယ်စားပြုတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ တခုနဲ့မှမတွေ့ပဲနဲ့ စစ်ကောင်စီကို အသိမှတ်ပြုတဲ့အနေနဲ့လာတာကို ကျနော်တို့ ကန့်ကွက်တာပါ၊ “

ဒလန်အထင်နဲ့ သတ်ခံလိုက်ရတဲ့ မိဘတွေအတွက် အုတ်ဂူတည်ပေးဖို့ PDF ရဲဘော် တောင်းဆို

အမေနဲ့ ပထွေးဖြစ်သူအတွက် အုတ်ဂူလေးတည်ပေးစေချင်တယ်လို့ ရဲဘော်က ‌တောင်းဆိုလာလို့ စီစဥ်ပေးနေကြောင်းနဲ့ ကျူးလွန်သူတွေကိုတော့ NUG ကို ဦးတိုက်လျှောက်ထားပြီး အရေးယူပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NRG PDF ခေါင်းဆောင်ဆီက သိရပါတယ်။

ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ပြုပေးခဲ့လို့ ပညာရေးဝန်ထမ်းတွေစစ်ဆေး‌ခံနေရ

''အဲ့ဒီလိုဖြေဆိုခွင့်ပေးလို့ဆိုပြီးတော့ တခြားကျောင်းတက်တဲ့ ကျောင်းသားတွေရဲ့ မိဘတွေက စစ်တပ်ထဲက နည်းနည်းပေါက်ရောက်တဲ့ သူတွေကနေတဆင့် တိုင်တာ။ အဲ့ဒီရက်က ပညာရေးဝန်ကြီးလား သူကလည်း ဒီရှမ်းပြည်ဘက်ရောက်နေတဲ့အချိန်ဆိုတော့ ပြသနာကြီးသွားတယ်''

ပုလဲမြို့နယ်မှာ စစ်ကောင်စီပါဝင်တဲ့ ပျူစောထီးပူးပေါင်းအဖွဲ့နဲ့ PDF တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၆ဦး သေဆုံး

"သူတို့အဲဒီမှာ တပ်စွဲထားတာက စစ်ခွေးအင်အား ၂၀ နဲ့ ပျူစောထီးက ၄၀ ကျော်နဲ့ဆိုရင် ၆၀ ဝန်းကျင်လောက်ရှိမယ်၊ ပျူစောထီးတွေကိုပါ လက်နက်တပ်ဆင်ပေးထားတယ်၊ ပျူစောထီးအဖွဲ့မှာ ယောကျ်ားလေးတွေရော မိန်းကလေးတွေပါ ပါတယ်"

ရွေးကောက်ပွဲအတွက်ဆိုကာ ပြည်ခရိုင်တွင် အိမ်ထောင်စုစာရင်းများကို လိုက်လံကောက်ယူနေ

"ဒီမှာတော့ ရွေးကောက်ပွဲအတွက်ဆိုပြီး လူစာရင်းတွေကောက်ခိုင်းနေပြီ အရင်စာရင်းတွေကို မယုံလို့လုပ်နေတာ ထင်တယ်။ မရှိသူတွေကိုလည်း လုပ်ပေးနေတယ် ပန်းခင်းစီမံချက်ဆိုပြီး တချို့တွေလည်း လုပ်လားမလုပ်လားတော့သေချာမသိဘူး ထောက်ခံစာတွေလည်း လာလုပ်နေတာပဲ"

နတ်မောက်မြို့က PDF စခန်းတခုကို စစ်အုပ်စုကဝင်စီးခဲ့ပြီး ရဲဘော် ၂ ဦးဖမ်းဆီးခံရ

“ စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းဝင်ဆီးမှာကိုသိလို့ ရှောင်ဖို့ရှားဖို့နေရာတခုကြိုထားခဲ့ပါတယ်၊ ရဲဘော် ၂ ဦးဟာ မထင်မှတ်တဲ့နေရာကနေဝင်လာတော့ ရဲဘော် ၂ ယောက်ကကျန်နေခဲ့တယ်၊ ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော် ၂ ဦးကတော့ တယောက်ကတော့ ဂျီတီအိုင် ဒုတိယနှစ်ကျောင်းသား မောင်ဆောင်းဦးလင်း နဲ့ ဟန်လွင်ဦးပါ၊ “

စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ဖိနှိပ်ခံနေရတဲ့ ရွာက ပြည်သူ ၄၀၀ ကျော်ကို PDF တွေကယ်ထုတ်၊ PDF တဦးကျဆုံး

"ကျနော်တို့အဖွဲ့တွေဝင်လာတော့ သူတို့ဆုတ်ခွာပြေးပါတယ်၊သူတို့ဆုတ်ခွာသွားချိန်မှာ ရွာထဲမှာရှိနေတဲ့ အရင်ကထွက်ချင်တယ်ပြည်သူတွေကို ကယ်ထုတ်ခဲ့ပါတယ်၊ မနက်လင်းပိုင်းကြတော့ ဟံသာဝတီဘက်ကနေ သူတို့တပ်ကူတွေတက်လာတယ်၊ သူတို့ကတက်လာတဲ့အချိန်မှာ ၁၂၀ မမ နဲ့ စက်သေနတ်တွေနဲ့ ပစ်ဝင်လာကြလို့ ပြန်ဆုတ်လာခဲ့ရတယ်"

နတ်တလင်းက ဖမ်းဆီးခံထားရတဲ့ အသက်မပြည့်သေးသူ ၇ ဦးကို အကြမ်းဖက်မှု ဥပဒေနဲ့ စွဲချက်တင်

“ နတ်တလင်းတရားရုံးမှာ မနေ့က ၁၇ ရက်နေ့က အသက် ၁၅ နှစ်အရွယ် မခင်ငြိမ်းချမ်း၊ မမှူးမြတ်ကိုကို၊ မောင်ရဲရင့်ထက်၊ မောင်အာကာဖုန်းမြတ် တို့ ၄ ဦး နဲ့ ၁၇ နှစ်အရွယ် မစုနှင်းရည်အောင်၊ မသိမ့်သိမိမ့်မိုး၊ မမြတ်သူထက်တို့ စုစုပေါင်း ၇ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က/ခ) တို့နှင့် စွဲချက်တင် လိုက်ပါတယ်၊ “

သာယာဝတီမှာ CDM သူနာပြုဆရာမကြီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

" အိမ်ပြန်‌ရောက်တာ ၂ရက်လောက်ပဲ ရှိသေးတာကို ဒလံသတင်းပေးမှုကြောင့် ရဲနဲ့ စစ်သား ၁၅ယောက်ဝန်းကျင်နဲ့ လာဖမ်းသွားတာ၊ လမ်းပိတ်ဖမ်းတာ သူ့အမျိုးသားကို ဆိုင်ကယ်မောင်းခိုင်းပြီး ခေါ်သွားတာ "

ဗိဿနိုး PDF ရဲ့ လက်နက်ထုတ်လုပ်ရေး စခန်းတခု ဝင်စီးခံရပြီး PDF ၃ဦး ကျဆုံး

" ကျနော်တို့ဘက်က ၅ယောက်လောက်ပျောက်နေတာ ၃ယောက်တော့ Dead Body ပြန်သယ်မယ် ကျန်တဲ့ ၂ယောက်က ဖမ်းခံရတာလား လွတ်နေတာလား မသိရသေးဘူး၊ သူတို့ဘက်ကလည်း အထိအခိုက်တော့ ရှိမယ်၊သေချာအတည်မပြုနိုင်သေးဘူးဖြစ်နေတယ်၊ အပြန်အလှန်ပစ်ကြတာဆိုတော့ ထိတော့ထိမှာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10