သတင်းတို

အုပ်ချုပ်ရေးမှူးသတ်ခံရပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါ ၃၀ဦးထက်မနည်းကို စစ်ကောင်စီကဖမ်းထား

"ကိုရဲမင်းကို လာဖမ်းတာ မတွေ့လို့ သူ့နှမကိုခေါ်သွားတယ် ပြီးမှ ကိုရဲမင်းနဲ့ လူချင်းလဲရတာ အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ ကိစ္စနဲ့ ဖမ်းတာတဲ့၊ ကိုရဲမင်းလိုပဲ သူတို့လိုချင်တဲ့သူကို မတွေ့လို့ မဆိုင်တဲ့သူကိုဖမ်းသွားပြီးမှ ပြန်လဲယူရတာတွေရှိတယ်"

CDM ကျောင်းသားတွေကို အသိအမှတ်ပြုနိုင်မဲ့ ID တွေထုတ်ပေးသွားဖို့စီစဥ်

“ CDM ID ဟာ ကိုယ်သည် နိုင်ငံတော်အတွက် ကိုယ်ကျိုးမကြည့်ဘဲ စွန့်လွှတ်ခဲ့သူဆိုတာကို တစ်ထောင့်တစ်နေရာကနေ ထောက်ခံပေးနေတာပါဘဲ။ ကျနော်တို့တွေ အဖွဲ့အစည်းတစ်ခုကို လှူဒါန်းရင်တောင် ဂုဏ်ပြုလွှာရမြဲပါ။ ကျနော်တို့ CDM ကျောင်းသားတွေရဲ့ အနစ်နာခံမှုအတွက်ကို အနာဂတ်နိုင်ငံတော်မှာ သူတို့ဟာ သာလွန်တဲ့အခွင့်အရေးတွေရရှိကို ရရှိရမှာပါ။ “

အာဏာသိမ်းစဉ် ပြည်မြို့မှာ တာဝန်ကျခဲ့ဖူးတဲ့ စစ်ဗိုလ်တဦး ပဲခူးရိုးမတိုက်ပွဲမှာ သေဆုံး

" အတွင်းသတင်းပေးချက်အရ သူက ပြည် အ.ထ.က ၁မှာ လုံခြုံရေးယူခဲ့တဲ့အထဲမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာယူခဲ့တဲ့ ဗိုလ်ကြီးနိုင်မင်းထွန်းဆိုတာ၊ ပြီးတော့ သူတို့ စစ်ဆေးတာတွေ ကင်းပတ်တာတွေ လုပ်ခဲ့ပြီးတော့ ၊ ပဲခူးရိုးမ စစ်ဆင်ရေးမှာ ဒုတိယ စစ်ကြောင်းမှူးအနေနဲ့ ပါလာတာပါ"

ရဲက အဲကွန်း ပြင်ချင်လို့ဆိုကာ လိမ်ခေါ်ပြီး ရဲစခန်းရောက်မှ ဖမ်းဆီး

"ရဲက သူ့အိမ်ကို လာတယ်။ အဲယားကွန်း ပြင်ချင်လို့ ပြောတယ်။ မီးပျက်နေတော့ ကိုရဲလေးက မီးလာမှ လာမယ် ပြောပြီး၊ မီးလာတော့ သွားတယ်​။ အဲမှာ ဖမ်းထားလိုက်တာ"

အုတ်ဖိုမြို့ စီးပွားရေးဘဏ် ဗုံးခွဲခံရမှု အမျိုးသမီး ၂ ဦးအပါ ၆ ဦး ဖမ်းဆီးခံရ

"ပေါက်ကွဲမှုဖြစ်တာကတော့ အသံအကျယ်ကြီးပဲ စစ်သားနှစ်ယောက် ထိသွားတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ဖမ်းသွားတာကခြောက်ယောက် နှစ်ယောက်ပြန်လွတ်တယ် ကျန်တာတွေကတော့ဖမ်းထားတုန်းပဲ မိန်းကလေးတွေလည်း ပါတယ်။"

နိုင်ငံတဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၉ သိန်းကျော်ထိရှိလာ

မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေ ၉ သိန်းကျော် ( ၉၁၂၇၀၀ ) ရှိလာပြီလို့ ကုလသမ္မဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး - UNOCHA က ဧပြီလ ၁၉ ရက်မနေ့က ထုတ်ပြန်ထားပါတယ်။

ပုသိမ်ကြီးက မြို့နယ် EPC မန်နေဂျာ ဗိုလ်ကြီးဟောင်းတဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး

" ဒီနေ့ညနေ ၅ ၄၅ မိနစ် မှာ ၁၉လမ်းမကြီးပေါ် နန်းဦးလွင်ရွာနားမှာ သေနတ်နဲ့ပစ်ခဲ့တာ ၇ ချက် ပစ်လိုက်တာ လုံးဝအသေပဲ၊ သူက စကစဗိုလ်ကြီးလည်း ဖြစ်တယ် ပြီးတော့ ပြည်သူကို မတအားခြိမ်းခြောက်ပြီး မီတာခအတင်းတောင်းတယ်"

ဆီပြတ်လပ်မှာစိုးရိမ်ပြီး ဆီဆိုင်တွေမှာ ဆီအလုအယက်ဝယ်ယူနေရ

" အသဲအသန်ဖြစ်နေတာ၊ ဘယ်မှာမှ မရဘူး၊ ကားတွေတောင် ၅သောင်းဖိုး အမြင့်ဆုံး၊ ဆိုင်ကယ်ကတော့ အပြည့်ဖြည့်လို့ရတယ်၊ ပုံးတွေနဲ့ ဝယ်မရဘူး"

အနည်းဆုံး ၄၀ဦးထိသေဆုံးပြီး စစ်ကောင်စီဘက်အထိနာနေတဲ့ ငဖဲတိုက်ပွဲမှာ ဗိုလ်ကြီးတဦးသတ်သေ

" ပေါ်တာဆွဲထားတဲ့ လူတယောက် ထွက်ပြေးတာ လုံခြုံတဲ့ နေရာရောက်တော့ ကျနော်တို့ကိုဆက်သွယ်တာ၊ အရာရှိတယောက်တဲ့ နောက်စစ်သားတယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်၊ စစ်ကြောင်းမှူးခေါ်မလား ဗိုလ်ကြီးခေါ်မလား ၂ယောက်ကလည်း သေနတ်တွေနဲ့ အတူ ပျောက်နေတယ်"

နတ်တလင်းမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို PDF မိုင်းခွဲတိုက်ခိုက်လို့ ၃ဦးသေဆုံး

" ရဲလှည့်ကင်းကို စောင့်ပြီး မိုင်း၅လုံး ခွဲပြီး တိုက်ခိုက်တာပါ၊ ဆိုင်ကယ် ၆စီးကို တိုက်ရိုက်ထိတယ် "

မူကြိုတွင်ဝင်ဖမ်းသည့် ၃ နှစ်အရွယ်ကလေးနှင့်မိခင်အပါ ၁၂ ဦးဖမ်းဆီးထားမှု အသက်အန္တရာယ်ကိုစိုးရိမ်

"မခိုင်အဖမ်းခံရပြီဆိုတဲ့သတင်းလည်းကြားပြီး သိပ်မကြာဘူး စတီရီယိုကိုဝင်စီးတယ်နောက် လမ်းမှာပဲအဖမ်းခံရတာတွေဆိုတာသေချာတယ် ဘယ်နေရာမှာဖမ်းသွားတယ်ဆိုတာမသိဘူး အိမ်တွေကိုရှာသိမ်းပြီးပြီ၊ သူတို့ကိုစိတ်ပူတယ်၊ အသက်အန္တရာယ်ကိုစိတ်ပူတယ်၊ သေဒဏ်ဆိုတာလည်းသိတယ်။ ဒါပေမယ့် ဥပဒေနဲ့အညီပေါ့အခုချက်ချင်းဖမ်းသတ်အဲလိုလုပ်လို့မရဘူး"

စစ်ကောင်စီဝန်ကြီးချုပ် ဖွင့်လှစ်ခဲ့တဲ့ တိုင်းဒေသကြီး မဏ္ဍပ်လုံခြုံရေးဂိတ်ကို ပဲခူး PDF ဗုံးခွဲတိုက်ခိုက်

" အဲ့ဒီနေရာတွေကအာဏာသိမ်းပြီးထဲကကန့်သတ်နေရာတွေ။ တိုင်းအစိုးရရုံး၊ ဥပဒေရုံး၊ တိုင်းထွေအုပ်ရုံး အဲ့တာပတ်လည်မှာဗျ၊ သင်္ကြန်မဏ္ဍာပ်ကလဲ အရင်လုပ်နေကြနေရာမဟုတ်ပဲ အစိုးရရုံးနဲ့ ထွေအုပ်ရုံးဆေးရုံပတ်လည်လမ်းအပိတ်မှာလုပ်တာ"

CDM ပညာရေးဝန်ထမ်းတဦး အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခံရ

" ထောက်ပို့ပုဒ်မ၊ ဖောက်ခွဲရေးပုဒ်မ၊ လက်နက်အက်ဥပဒေ၊ အကြမ်းဖက်ဆက်သွယ်ရေးပုဒ်မ စုစုပေါင်း ထောင်ဒဏ် နှစ်၄၀ ချလိုက်တာပါ၊ အဓိကက နှစ်၄၀ ချတဲ့ သတင်းကို စကစက အမှောင်ချထားတာ"

နတ်မောက်မှာ စစ်အုပ်စုက နေအိမ်မီးရှို့ပြီး အိမ်ထောင်ဦးစီးအား ဖမ်းဆီးသွား

"စစ်ကား ၁ စီးနဲ့ တခါတည်း မီးသတ်ကားပါလာတယ်။ ကြိုပြီးကြံစီထားတဲ့သဘောမျိုးပေါ့၊ ဆိုင်ကယ်တွေလည်းနောက်ကနေ ရောက်လာတယ်ပေါ့၊ စိုင်ကောင်းရဲစခန်းက ရဲတွေလည်းပါတယ်၊ အဲဒီအိမ်ကိုဝင်ပြီးတော့ အိမ်ထဲကရှိတဲ့ပစ္စည်းတွေကို ထုခွဲရိုက်ပြီးတော့ အကုန်လုံး မီးရှို့ဖျက်ဆီးသွားတာပေါ့။ ဖုန်း ၅ လုံးနဲ့ ပိုက်ဆံ ၃ သိန်းကျော် ယူသွားတယ်။ အိမ်ထောင်ဦးစီး ဦးအောင်ထူးကိုလည်း ဖမ်းသွားတယ်၊ ဘာအကြောင်းပြချက်နဲ့ဖမ်းသွားတယ်ဆိုတာ ဘယ်သူမှမသိရသေးဘူး"

တွဲကား ၃စီးရှာမတွေ့လို့ အိမ်ခြေ ၃၀၀နီးပါး မီးရှို့ခံလိုက်ရပြီး စစ်ရှောင်ပြည်သူတွေ အကူညီလိုအပ်

" ခုနေမှာ ဝါးလုံးတလုံးတောင် ဝယ်နိုင်တဲ့ အခြေအနေမဟုတ်တော့ဘူး ၊ ကျနော်တို့ ချွေးနှဲစာနဲ့ဆောက်ခဲ့တဲ့ အိမ်၊ ဘယ်လိုလုပ် ဒီဟာကြီးကို ပြန်‌ဆောက်နိုင်မှာတုန်း၊ စားနပ်ရိက္ခာနဲ့ နေဖို့ထိုင်ဖို့နဲ့ ငွေရေးကြေးရေးလေး ရရင် အဆင်ပြေတာပေါ့ လောလောဆယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10