သတင်းတို

မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၉၉ စုအတွက် သိန်း ၇၀၀ ကျော်လှူဒါန်းပေးခဲ့တဲ့ 96 DoNation

" သူတို့ဒီကာလမှာ ဒီလောက်များတဲ့ ငွေပမာဏကို မရဖူးသေးဘူးပေါ့နော်။ တခါရလည်း ဆန်တအိတ်၊ ငွေနှစ်သောင်း အဲ့လိုအခြေအနေလေးတွေပဲရှိတော့ ၃သိန်း၈သောင်းဆိုတာက သူတို့အတွက် ယာယီကောင်းကောင်းမွန်မွန်နေလို့ရမယ့် ယာယီအဆောက်အအုံတခုကို ဆောက်နိုင်တဲ့ အနေအထားရှိတယ်ဆိုပြီးတော့ ဝမ်းသာကြတယ်"

တပ်ထွက်ဟန်ဆောင်ကာ စစ်တပ်ကို သတင်းပေးနေသူ ဖမ်းခံရပြီး သေဆုံး

"ပစ်ခတ်ဖမ်းရင်း ပွဲချင်းပြီး သေသွားတယ်။ သတင်းမခိုင်လုံသေးလို့ အရင်က မဖမ်းဖြစ်ဘူး။ အခုမှ သူနေတဲ့ အိမ်နားကနေ စောင့်ဖမ်းတာ"

PDF စခန်းတွေ့ရင် ကျပ်သိန်း ၅၀ ပေးမယ်ဆိုလို့ လိုက်ရှာတဲ့ ပျူစောထီးဆိုသူ ပစ်သတ်ခံရ

“ဘော်ပင်ရွာ ပျူစောထီးအဖွဲ့က သိန်း ၅၀ ပေးမယ်ဆိုလို့ လိုက်ရှာတာတဲ့။ စခန်းကိုတိတိကျကျ သိရရင် ပျူစောထီးနဲ့ စစ်ကောင်စီတပ် ပေါင်းပြီး စခန်းတွေကို အပြတ်ချေမှုန်းဖို့ ကြိုးစားနေတာတဲ့“

ကန့်ဘလူနယ်၊ ကျေးရွာ ၄ ရွာက ဒေသခံ ၄၀ ခန့်ကို စစ်တပ်ဖမ်းဆီး၊ စစ်မှုထမ်းရန် ဖမ်းဆီးခြင်းဟုဆို

"မိုးကြိုးနဲ့ အုန်းတောကဆို ၁၀ ဦးကျော်စီလောက် ပါသွားတယ်လို့ သိရတယ်။ ကျန်နှစ်ရွာတော့ ၇ ဦး ၈ ဦးစီလောက် ပါသွားတယ်။ စကစဘက်က အင်အားဖြန့်ခွဲပြီး တခါတည်းဝင်ဖမ်းသွားတာ။ ပုန်းနိုင်တဲ့သူတွေကတော့ လွတ်သွားတယ်"

asdasd

asdasdasd

စဉ့်ကူးမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာကနေ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ဘုန်းကြီးကျောင်းထဲတိမ်းရှောင်နေကြတဲ့ ပြည်သူတွေထိမှန်ခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးကာ ကလေးငယ်အများအပြား ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်လာသူတွေပါဝင်တဲ့ PDF အခြေခံစစ်သင်တန်းဆင်းပွဲ

“ကျနော်တို့ ရဲဘော်၊ ရဲမေအင်အားကတော့ အပတ်စဉ် ၆ က လုပ်ခဲ့သမျှသင်တန်းထဲမှာ အများဆုံးပါ။ လူဦးရေ အနေအထားကတော့ အတိအကျတော့ပြောပြလို့မရပါဘူး။ စစ်ကောင်စီက စစ်မှုထမ်းဖို့ ကြေညာပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ဟာကို ရှောင်ရှားလာပြီး ကျနော်တို့ PDF ထဲကိုဝင်လာတဲ့ သူတွေများပါတယ်။”

နမခ ကာကင်းစခန်း ဘုန်းကြီးကျောင်းကို PDF သိမ်းပိုက်၊ စစ်သား ၁၅ ဦးခန့်သေဆုံး ၅ ဦး အရှင်မိပြီး စိန်ပြောင်းအပါ သေနတ် ၁၀ လက်ရ

“ စစ်သုံ့ပန်း ၅ ယောက်ကို မစစ်ဆေးရသေးဘူး။ သူတို့ကို စစ်ဆေးပြီးရင်တော့ သေတဲ့အထဲမှာ အရာရှိတွေ ပါ မပါသိရမယ်။ အရာရှိတယောက်တော့ ခြေထောက်ထိသွားတယ်လို့ မိထားတဲ့တယောက်က ပြောတယ်။ အဲ့ဒီဒဏ်ရာနဲ့ ရအောင်ပြေးသွားတယ်။ သူ့ရဲ့လက်နက်ကိုတော့ ရလိုက်တယ်”

BTS Jin ​ကျွေးတဲ့ စစ်ရှောင်စခန်းက ထမင်းတနပ် (ရုပ်/သံ)

"K-Pop Fan တွေက လာလှူကြတာတွေရှိပါတယ်။ စစ်ရှောင်တွေအတွက် အထောက်အကူဖြစ်ပါတယ်။အဆိုတော် Jin အမှတ်တရ အလှူအတွက်လည်း ဝမ်းသာရပါတယ်"

အိမ်မီးရှို့နေတဲ့ ရွာမွန် ကပစ တပ်က စစ်သားတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

"နတ်မောက်မြို့ကနေ နတ်မောက်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတာ။ ဖက်တောရေရွာကို ရောက်ရောက်ချင်းပဲ နေအိမ်တွေကို မီးရှို့တယ်။ မီးရှို့ရှို့ချင်းမှာ ကျနော်တို့က ဝင်တိုက်တာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတယ်။ ညပိုင်းအထိ အပြန်အလှန်ပစ်ခတ်ခဲ့တာ"

AA တပ်ဖွဲ့ဝင်တွေ ခေါ်လာတယ်စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ယာဥ်မောင်းလင်မယား မိသားစုနဲ့တွေ့ခွင့်မရသေး

“လူငယ် ၃ ဦးကို (အာရက္ခတပ်တော်) AA လို့ စွပ်စွဲပြီး ပြဿနာရှာတယ်။ ရဲစခန်း‌ရောက်တော့ ရခိုင်လူငယ်တွေက စခန်းအပြင်မှာနေရပြီး ကိုပေမိုးကို ငဖဲမြို့နယ်ရဲစခန်းအချုပ်မှာ ချုပ်ထားတယ်။”

တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာလမ်းတွေပေါ် စစ်ကောင်စီတပ်ဖွဲ့တွေက နင်းမိုင်းတွေထောင်သွား (ရုပ်/သံ)

စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းတွေကို များသောအားဖြင့် ရွာဝင်လမ်း၊ ထွက်လမ်းတလျှောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်နိုင်မယ်ထင်တဲ့ နေရာတွေမှာ ခင်းထားတတ်သလို အများပြည်သူတွေ သွားလာတဲ့လမ်းဘေးတွေကိုလည်း ခင်းတာမျိုးတွေပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

BTS Jin ​ကျွေးတဲ့ စစ်ရှောင်စခန်းက ထမင်းတနပ်

BTS K-pop boy band အဖွဲ့ဝင်တဦးဖြစ်တဲ့ Jin ဟာ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်မှာ စတင်စစ်မှုထမ်းခဲ့ရာ စစ်မှုထမ်းကာလ ၁၈ လပြည့်လို့ အိမ်ပြန်လာတဲ့ Jin အတွက် အမှတ်တရအနေနဲ့ JIN MYANMAR TEAM , MYANMAR ARMY အဖွဲ့က ကျွေးမွေးလှူဒါန်းခဲ့တာလို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့တိုးလို့ ပကဖအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးပစ်သတ်ခံရ

"သူတို့ ၂ ဦးက ရွာထဲမှာ စစ်ကြောင်းရောက်နေတာမသိဘဲ ရွာကိုပြန်ဝင်လာတာ။ အဲဒီမှာ စစ်တပ်နဲ့တိုးပြီး ရှာဖွေတော့ သူတို့ဆီက ပစ္စည်းအချို့တွေ့တယ်ဆိုပြီးတော့ စစ်ဆေးပြီးမှ ပစ်သတ်သွားတာ။ အလောင်းကို တောင်ရွာလမ်းမှာပဲ ထားပစ်ခဲ့တာ"

မောင်းဂွေးရေတံခွန်မှာ ရေသွားကစားတဲ့ အမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး

"တယောက်ရေနစ်နေတာကို နောက်တယောက်က ထပ်ဆယ်။ သူတို့နှစ်ယောက်စလုံး ရေနစ်နေတာကို အနီးအနားက ဝိုင်းဆယ်ကြပေမယ့် အချိန်နည်းနည်းကြာသွားတော့ ဆယ်ရတဲ့အချိန်မှာ ဆုံးနေပြီ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10