စောကျော်ငြိမ်း

တိုက်ပွဲပြန် ဗျူဟာ ၄၇ ရဲဘော်တွေကို ပြည်သူတွေက ဂုဏ်ပြုကြိုဆို (ရုပ်/သံ)

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရဲစခန်းတိုက်ပွဲနဲ့ ပုလဲနယ် အင်မထီးပျူစောထီစခန်းတိုက်ပွဲမှာ တိုက်ခိုက်ပြီးပြန်လာတဲ့ ဗျူဟာ ၄၇ ကရဲဘော်တွေကို သြဂုတ် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၃၆ တပ်ရင်း၊ မဟူတောင်_ဒေါင်းနီတပ်ခွဲဆီက သိရပါတယ်။

သပိတ်ကျင်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ဒုတပ်ရင်းမှူး ရုပ်အလောင်းကို ဂူသွင်းသင်္ဂြိုဟ် (ရုပ်/သံ)

ကျဆုံးရဲဘော်ဟာ အသက် ၃၆ နှစ်အရွယ် ဒုတပ်ရင်မှူး ရဲဘော်စံသိန်း ဆိုသူဖြစ်ပြီး သြဂုတ် ၂၆ ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကွင်း ၅၀၀ တိုက်ပွဲမှာကျဆုံးခဲ့တာလို့ တပ်ထောက်တာဝန်ခံ နေမျိုးပဲခူး က ပြောပါတယ်။

ပြည်သူတွေလှူဒါန်းတဲ့ပိုလျှံငွေဖြင့် စာသင်ဆောင် ၁၀ ခုမြောက်ကို ဆောက်လုပ်ပေး (ရုပ်/သံ)

"စာသင်သား ကလေးတွေကများလာတယ်။ မြေပြင်မှာလည်း တကယ်လိုအပ်နေလို့ လှူဖြစ်တာပါ။ အလှူရှင်တွေက ပိုလှူကြတာတွေရှိပါတယ်။အဲ့ဒီပိုလျှံငွေတွေထဲက ကျောင်းဆောင်လှူဖြစ်ခဲ့တာပါ"

ပေါက်မှာ စစ်တပ်ကဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံး

" စစ်တပ်က အကြောင်းမဲ့တိုက်ခိုက်တာပါ။ အဲ့ဒီဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒရုန်းနဲ့ ဗုံးလာချခဲ့တာပါ။ အိမ်ရှင်အမျိုးသား ၁ ဦး ပွဲချင်းပြီးသေသွားတယ်"

၃ နှစ်ကြာ စစ်ရှောင်နေရသူတွေကို ထိုင်းရောက်မြန်မာတွေက ဆန်ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကာလရှည်စစ်ရှောင်နေရတဲ့ မှန်တောရွာနဲ့ ဆည်တောရွာ စစ်ရှောင်ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေတဲ့အတွက် ရိက္ခာဆန်တွေကို သြဂုတ် ၂၅ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ Lighthouse စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

ငဖဲမှာ ကင်းပတ်ထွက်လာတဲ့စစ်သားတွေ တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး၊ သေနတ် ၁ လက်ရ

" ကင်းထွက်လာတာနဲ့ ရုတ်တရက် တိုက်ပွဲဖြစ်ခဲ့တာပါ။ ကျနော်တို့ရှေ့မှာပဲ စစ်သား ၂ ဦးသေတယ်။"

ပုလဲမြို့နယ်၊ အင်မထီးရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၅,၀၀၀ ခန့် စစ်ရှောင်နေရ

"(စစ်ကောင်စီက)ဗုံးတွေ တလုံးပြီးတလုံး ကြဲချတယ်။ ပြည်သူတွေလည်း ရွာမှာမနေရဲလို့ စစ်ရှောင်နေရတယ်။ လက်နက်ကြီးနဲ့လည်း နေ့ရောညပါ ပစ်တယ်။ ထိခိုက်ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးပါဘူး"

ဆားလင်းကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကျောင်းသူ ၁ ဦးအပါ အမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

" ပစ်တာကတော့ သူတို့စစ်ကြောင်းမထိုးဘဲနဲ့ လက်နက်ကြီးတွေနဲ့ပစ်နေတာပါ။ မုံရွာဘက်ခြမ်းကနေပစ်တာ ညောင်ပင်သာဂိတ်စခန်း၊ မအူဂိတ်စခန်းတို့ကနေ လှမ်းလှမ်းပစ်နေကြတာ။"

SRAF တပ်ဖွဲ့ဝင်တွေ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေ (ရုပ်/သံ)

အခုလို စိုက်ပျိုးမွေးမြူရတဲ့ အကြောင်းရင်းက ပြည်သူတွေရဲ့ထောက်ပံ့လှူဒါန်းငွေတွေကို ဖြုန်းတီးမနေဘဲ စစ်အသုံးစရိတ်နဲ့ လက်နက်ခဲယမ်းဝယ်ယူရာမှာ အထောက်အကူဖြစ်နိုင်ဖို့အတွက် လုပ်ကိုင်ရတာလို့ BLDF စစ်ဒေသ ၂၊ ဒုစစ်ရေးတာဝန်ခံ ရဲဘော် နာရွဲ့ဆမ် ကပြောပါတယ်။

ကျောက်ပန်းတောင်းက အမျိုးသမီး ဒုရဲအုပ် ၁ ဦး CDF - KKG တပ်ဖွဲ့ထံ အလင်းဝင်လာ

"ကြားခံလူတွေ တဆင့်ပြီး တဆင့်ချိတ်ဆက်ပြီးတော့ ကျနော်တို့ဆီရောက်လာတာပါ။ လက်နက်ခဲယမ်းတော့ မပါခဲ့ပါဘူး။ ကျွေးမွေးစောင့်ရှောက်ပြီးမှ တနေရာကို ပို့ပေးခဲ့တာပါ"

ရွှေဘိုခရိုင်တပ်ရင်း ၁၈ ရိက္ခာအတွက် စပါးဧက ၂၀ စိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈ က ရဲဘော်တွေဟာ ရိက္ခာဖူလုံဖို့အတွက် သြဂုတ် ၁၉ ရက်ကစပြီး မိုးစပါးစိုက်ပျိုးနေကြတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေရဲ့ စိုက်ခင်းထွက်သီးနှံ စစ်ရှောင်တွေကိုပါ ဝေမျှနေ (ရုပ်/သံ)

ရိုးမပေါ်က ဖုန်းဆိုးမြေ ၅ ဧကခန့်ကို ရှင်းလင်းပြီး ဇွန်လအစောပိုင်းကစတင်ကာ ဗုံလုံသီး၊ ကန်ဇွန်း၊ မြေပဲ၊ တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ ရုံးပတီ၊ မုန်လာဥ၊ ချဥ်ပေါင်၊ ငရုတ်၊ ခရမ်းသီး၊ ရွှေဖရုံသီး စတဲ့သီးနှံတွေကို စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

တောင်ရွာဘိုမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး  သေဆုံးမှုများဟုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုရွာ ဘုန်းကြီးကျောင်းမှာရှိတဲ့ အင်အား ၇၀ ကျော်ပါစစ်တပ်စစ်ကြောင်းကို သြဂုတ် ၁၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင်တပ်ရင်း ၅ ဆီက သိရပါတယ်။

PDF ရဲဘော်တွေကို စိတ်ဓာတ်မြှင့်တင်ရေး ခြင်းခတ်ပြိုင်ပွဲပြုလုပ်

" ရဲဘော်တွေကို တိုက်ခိုက်ရေးပိုင်းသာမကဘဲ ဘက်စုံတော်စေချင်တယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာရော စည်လုံးမှုပါရှိစေချင်လို့ လုပ်ပေးရတာပါ" လို့ ခရိုင်တပ် ရင်း ၂ တပ်ရေးဗိုလ် လူပျိုကြီး က ပြောပါတယ်။

သတင်းလာစုံစမ်းတဲ့ ရဲနဲ့ပျူစောထီးကို PDF က ဖမ်းဆီးရာ ရဲကို ခဲယမ်းတွေနဲ့အတူ အရှင်မိ

" ကျနော်တို့တပ်ဖွဲ့ရှိတဲ့ရွာကို လိုက်မေးနေတာပါ။ ကင်းထောက်အဖွဲ့က မသင်္ကာလို့ စစ်ဆေးတာကနေ ဖမ်းဆီးလိုက်နိုင်တယ်။ ပျူ ၁ ကောင်က ထွက်ပြေးသွားလို့ ပစ်ခတ်ရှင်းလိုက်ရတယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10