တိုက်ပွဲ

ချောင်းဦးမှာ ကြေးနီကားတွေကို လုံခြုံရေးပေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းရှိ ခင်မွန်ရွာ ဘက်စုံခြံအနီးမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

ပေါက်ခေါင်းမြို့နယ် ပဲခူးရိုးမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

"တိုက်ပွဲဖြစ်ပြီးတော့ စစ်ကြောင်းက ဒီနေ့မှ ဆုတ်သွားလို့ သတင်းက အခုမှ ထုတ်ပြန်ရတာပါ။ အသေးစိတ်ကတော့ ပြောလို့အဆင်မပြေဘူး။ အနီးအနားက တချို့ရွာအစဉ်အဆက်ကို သူတို့ကမဲနေလို့ ပြောလို့မဖြစ်လို့ပါ"

စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ PDF ၅ ဦးနဲ့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ၁ ဦးသေဆုံး

“ဒဏ်ရာရသွားတော့ အဲဒီရဲဘော် ၄ ဦးကို ဆေးသွားထည့်တဲ့အချိန်မှာ ထပ်ပြီးတော့ ဒရုန်းနဲ့ လာကြဲတယ်။ ရဲဘော် ၅ ယောက် နဲ့ ဆရာမ ၁ ယောက် ကျသွားတယ်၊ နောက်ထပ် ရဲဘော် ၁၅ ယောက်လည်း ဒဏ်ရာရသွားတယ်”

ဇီးပြားရွာနဲ့ တရော်ကိုင်းရွာက ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

"၂ ရွာလုံးကို တချိန်ထဲတိုက်ခိုက်ခဲ့တာ။ ဇီးပြားကျေးရွာနဲ့ တရော်ကိုင်းကျေးရွာက မီတာ ၂၀၀ လောက်ပဲဝေးတယ်။ ဒရုန်းနဲ့ ဗုံးသီးအလုံးရေ ၆၀ လောက်ကြဲချခဲ့တာ။ အဲဒီရွာ ၂ ရွာပေါင်း ပျူစောထီးအင်အားက ၈၀ ရှိတယ်။ ပျူစောထီး ၁ ဦးသေတယ်၊ ၄ ဦးဒဏ်ရာရတယ်။"

ရိက္ခာပို့ပြီး ပြန်လာတဲ့စစ်အုပ်စုကိုတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းချိန် ကျည်နဲ့ခဲယမ်းတွေရရှိ (ရုပ်/သံ)

“ကျနော်တို့ဘက်က ပစ်ခတ်ရှင်းလင်းမှုကြောင့် ** ၂ ကောင်ကတော့ နေရာမှာတင် လဲကျသွားတာ ရဲဘော်တွေမျက်မြင်တွေ့ခဲ့ရတယ်။ သေဆုံးနိုင်မှုကတော့ အတည်မပြုနိုင်သေးပါဘူး”

ရိက္ခာပို့ပြီးပြန်လာတဲ့စစ်အုပ်စုကို တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းချိန် ကျည်နဲ့ခဲယမ်းတွေရရှိ

“ကျနော်တို့ဘက်က ပစ်ခတ်ရှင်းလင်းမှုကြောင့် ** ၂ ကောင်ကတော့ နေရာမှာတင် လဲကျသွားတာ ရဲဘော်တွေမျက်မြင်တွေ့ခဲ့ရတယ်။ သေဆုံးနိုင်မှုကတော့ အတည်မပြုနိုင်သေးပါဘူး”

ပြင်ဦးလွင်နဲ့ မတ္တရာမြို့နယ်အစပ်က အုတ်ဖိုရွာသစ်ကို လေကြောင်းက တိုက်ခိုက်လို့ ကလေး ၁ ဦးသေ

"ကနဦးအနေနဲ့ ကလေးငယ်တဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေရှိတယ်လို့ပဲသိရပါသေးတယ်။ အကုန် ဆေးကုဖို့ ခေါ်သွားပါပြီ။ တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာပါ"

သံတောင်ကထွက်လာတဲ့ စစ်ယာဉ်တန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ တောင်ငူ-သံတောင်လမ်း ၆ မိုင် နဲ့ ၅ မိုင်ကြား ဒေသအခေါ် သစ်ပုံအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲချိန် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

သံချပ်ကာယာဉ်တစီးကို မတ္တရာနယ်မှာ ပထမဆုံးအကြိမ် ဖျက်ဆီးနိုင်၊ သံချပ်ကာနဲ့အင်အားပြမှု စစ်တပ်က ထပ်မလုပ်တော့

" R7နဲ့သုံးလုံးပစ်လိုက်တယ်။ ဘီးတွေကတော့ မောင်းမရအောင်စုတ်ပျက်သွားတယ်တဲ့။ စကစ က တင့်ကားနောက်တစီးနဲ့ မတ္တရာဘက်ကိုပြန်ဆွဲသွားတယ်"

မြိုင်မီးသတ်ရုံးတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး လက်နက်ကြီးထိလို့ မြို့ခံ ၂ ဦးလည်း သေဆုံး (ရုပ်/သံ)

တိုက်ခိုက်ခံရတဲ့ တပ်သားတွေဟာ ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၅၁ က ဖြစ်ပြီး ဇူလိုင် ၈ ရက် နေ့လယ် ၁၀ နာရီကနေ ၁၁ နာရီ ၁၅ မိနစ်အထိ ၁ နာရီကျော်အကြာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ မြိုင်ပကဖ ရဲဘော်တဦး ကပြောပါတယ်။

စဉ့်ကူးနယ်က တပ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်နိုင်ပြီး ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၅ ဦီး အရှင်မိထား

စဉ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနဲ့ ပင်လယ်ကြီးတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း သပိတ်ကျင်းမြို့နယ်အခြေစိုက်တပ်တခုရဲ့ ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် ၁၅ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ချအလင်းဝင်တဲ့ စစ်တပ်ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့တွေလည်းရှိတယ်လို့ ဆိုပါတယ်။

မတ္တရာက ရေနံ့သာရဲစခန်းသိမ်းတိုက်ပွဲမှာ PDF ရဲဘော် ၁၅ ဦးကျဆုံးခဲ့

ကျဆုံးသူတွေဟာ ဗိုလ်မင်းဒင် ၃၅ နှစ်၊ ရဲဘော် မြစိန် ၂၃ နှစ်၊ တင်မောင်ထွန်း ၃၅ နှစ်၊ ဗိုက်ကြီး ၃၀ နှစ်၊ သာအေး ၂၃ နှစ်၊ လှဝင်း ၂၂ နှစ်၊ မြအေး ၃၄ နှစ်၊ မိုးသူ ၃၅ နှစ်၊ တင်စိန် ၂၁ နှစ်၊ အေးမင်းနိုင် ၃၄ နှစ်၊ သောင်းလှထွန်း ၂၃ နှစ်၊ အေးမင်းစိုး ၃၄ နှစ်၊ ဘိုကြီး ၂၈ နှစ်၊ ဌေးလှဦး ၃၄ နှစ်နဲ့ မိုင်းတပ်သား လူမောင် ၂၄ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

ပုလဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင် အလုံးအရင်းနဲ့ဝင်တိုက်ခိုက် မြို့ကို ၂ နာရီကြာထိန်းချုပ်နိုင်ခဲ့

“ကျနော်တို့ မြို့ကို အလုံးအရင်းနဲ့ ဝင်လာတဲ့အခါမှာ သူတို့(စကစ)အကုန်လုံးက မြို့စောင့် ဘန်ကာကြီးတွေကနေ ပစ်အားနည်းနည်းနဲ့ပစ်ပြီး ထွက်ပြေးသွားကြတယ်။ မြို့အနောက်ဘက်ခြမ်း တခြမ်းလုံးမှာရှိနေတဲ့ ဘန်ကာတွေ၊ မြို့အရှေ့ဘက်မှာရှိနေတဲ့ တချို့ဘန်ကာတွေကို ကျနော်တို့တွေ သိမ်းနိုင်တယ်။ သိမ်းနိုင်လို့လည်း မြို့ကို ၂ နာရီကျော် ထိန်းနိုင်တဲ့ အခြေနေမျိုး ဖြစ်လာတာ။”

ယင်းမာပင်ရဲတပ်ရင်း ၂၈ နဲ့ ရွှေတောင်ဦးတပ်ကုန်းကို PDF ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက အမှတ် ၂၈ ရဲတပ်ရင်းနဲ့ ရွှေတောင်ဦးတပ်ကုန်းတို့ကို ဇူလိုင် ၇ ရက် ယမန်နေ့ မွန်းလွဲပိုင်းမှာ မောင်းသူမဲ့လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်ဗျူဟာ(၄၅) KLG PDF က ပြောပါတယ်။

ပျဥ်းမလျှပ်စစ်မီးဓါတ်အားပေးစက်ရုံ ဒရုန်းနဲ့ဗုံးကြဲချခံရ ကပစစက်ရုံတွေ လည်ပတ်မှုရပ်ဆိုင်း (ရုပ်/သံ)

ဇူလိုင် ၇ ရက် ယမန်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ ပျဥ်းမလျှပ်စစ်မီးဓါတ်အားပေးစက်ရုံကို ဒရုန်းအကြီး ၈ စီးနဲ့ ဗုံးသီး ၈ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်မှုံကြီးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10