သတင်း

တောင်ငူမှာ ၃ ရက်အတွင်း အပူဒဏ်ကြောင့် လူ ၁၀ ဦးသေဆုံး

"အပူဒဏ်ကြောင့်သေသူများလို့ လူသေတွေအတွက် အိမ်မှာအလောင်းထားဖို့ အအေးခေါင်းတွေပါ မရတဲ့ အခြေအနေဖြစ်တယ်။ ဦးနှောက်သွေးကြောပြတ် သေတာများတယ်။ သိရတဲ့တယောက်ဆို အဲကွန်းကားထဲကနေ အပြင်ထွက်လာတာ ခဏလေးပဲ ချက်ချင်းဆုံးသွားတာ"

ဆိပ်ဖြူဘာမထီတပ်ဖွဲ့ရဲ့ ယူနီဖောင်းဖိုးအကြွေးကို ကမ်ပိန်းရငွေနဲ့ ပေးချေနိုင်ခဲ့

"ရှေ့တန်းထွက် ရဲဘော်တွေကို ဦးစားပေး တပ်ဆင်ပေးခဲ့တာပါ။ ပရော့ဂျက်ကြားရက်မှာ အကြွေးယူစနစ်နဲ့ တပ်ဆင်ပေးခဲ့တယ်။ ပရော့ဂျက်မှ ရရှိငွေနဲ့ ပြန်ချေခဲ့တာပါ"

စစ်ရှောင်၊ မီးဘေးသင့်နဲ့ CDM တွေကိုရိက္ခာပေးဖို့ S&C အဖွဲ့က မိုးစပါးစိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ အများပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ဖို့အတွက် မိုးစပါးစိုက်ပျိုးပြီးစီးခဲ့တယ်လို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ဆီက သိရပါတယ်။

မိုးသက်လေပြင်းကျလို့ MRF စခန်းထဲက အဆောင်တချို့ပျက်စီး

"ညပိုင်း ၆ နာရီလောက်အထိ တိုက်တာ။ လေက တအားပြင်းတယ်။ သစ်ပင်တွေ အမြစ်ကနေလဲတဲ့အပင်တွေ အများကြီးပဲ။ လူထိခိုက်တာတော့ မရှိဘူး။ ဒီမနက်‌‌တော့ ပြန်လည်ရှင်းလင်းရေး လုပ်နေပါပြီ”

ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ရထားသံလမ်းနဲ့ တံတားတစင်း မိုင်းခွဲဖျက်ဆီးခံရ

"ကားလမ်းတံတားက အရင် မိုင်းခွဲခံရတယ်။ နောက်ထပ် တနာရီလောက်အကြာမှာ ရထားလမ်းမိုင်းခွဲခံရတာ။ တံတားနဲ့ ရထားလမ်းတော့ တော်တော်ပျက်စီးသွားတယ်။ ကုန်ရထားတစီးပါတွဲချော်သွားတာလို့ သိရသေးတယ်"

ပြည်သူ့အခြေပြုကျောင်းအတွက် CDM အထက်တန်းပြဆရာတွေ လိုအပ်နေ

“အထက်တန်းအဆင့် Grade 10,11,12 တွေမှာတော့ ဘာသာရပ်အလိုက် Specialized သမားတွေ လိုအပ်လာပြီ။ ဆရာလိုအပ်ချက်က ကျောင်းတိုင်းမတူကြဘူး။ သူတို့မှာ အထက်တန်းအတွက် CDM ၂ ယောက်ရယ် Volunteer လောက်ရယ်နဲ့ Run နေကြရတာ၊ CDM လာရင် Volunteer တွေက အလယ်တန်းကိုကူကြရမှာ။”

ပျူစောထီးတဦးကိုဝင်ဖမ်းရာ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာက သေဆုံး

"ဘိလိယက်ခုံမှာ ကြူထိုးနေတယ်သတင်းရလို့ ဝင်ဖမ်းတော့၊ ဘေးမှာလည်းတခြားပြည်သူတွေကလည်း ကြူထိုးနေတာရှိတယ်။ အကုန်လုံးကို ဝင်းလျားမှောက်ခိုင်းတာ သူကမမှောက်ဘူး မမှောက်ဘဲနဲ့ ထွက်ပြေးတယ်၊ နောက်ကနေရဲဘော်တွေက ပစ်ဖမ်း လိုက်ဖမ်းတော့ မိတယ်။ "

ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာပါခဲ့တဲ့ မုံရွာမှာ မိုးသက်လေပြင်းကျလို့ နေအိမ်တချို့ပျက်စီး

“လေရောမိုးရော တပြိုင်တည်းကျတာ၊ နေရာအနှံ့ သစ်ကိုင်းတွေကျိုး၊ ဓါတ်တိုင်တွေလဲ၊ သွပ်မိုးတွေလန်၊ တချို့အိမ်လေးတွေ ခေါင်တွေပါလန်တယ်။”

ဆိပ်ဖြူ-ပေါက်လမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်း မိုင်း‌ဆွဲခံရပြီး သေဆုံးမှုရှိ

"ကား ၂ စီး နဲ့ထွက်လာတာ။ ကျနော်တို့မိုင်းဆွဲလိုက်တော့ ရှေ့ကားတစီးကို ထိသွားတယ်။ မိုင်းဆွဲခံလိုက်ရတော့ စစ်**ဘက်က ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိတယ်ဗျ။ သေဆုံးဒဏ်ရာရ သတင်းတွေကိုတော့ တပ်တွင်းဖရဲသီးရဲ့ပြောကြားချက်အရသိရတာ"

ကျင်ဒွေးတိုက်ပွဲမှာ သေနတ် ၂၀ ကျော်ရပြီး သုံ့ပန်းတချို့ဖမ်းမိ

“စစ်ကောင်စီက မြို့ကနေထွက်ခွာပြီးနောက် အကွဲကွဲအပြားပြားဖြစ်နေတယ်။ မကွေးဘက်ကိုလည်း ဆုတ်နေ တယ်။ သုံ့ပန်းတွေက ဆက်တိုက်မိနေတယ်။ တယောက်မိလိုက် သေနတ်ရလိုက်တော့ ဖြစ်နေတယ်။ ကျင်ဒွေး စက်ဝန်းထဲကနေ လွတ်သွားအောင်တော့ အပြီးသတ် ချေမှုန်းနေတုန်းပဲ”

မကွေးမှာ အပူရှပ်ပြီး အမျိုးသား ၁ ဦးထပ်မံသေဆုံး၊ ၃ ရက်အတွင်း သေဆုံးသူ ၇ ဦးထိရှိလာ

"အလုပ်ကိစ္စအပြင်သွားပြီး ပြန်လာတာ။ ပူလွန်းလို့ဆိုပြီး တဲထဲမှာ ထိုင်နေရင်းကနေ သတိလစ်ပြီးလဲကျသွားတာ။ အသက်ပါ ပါသွားတယ်"

မိုးညိုမှာ စစ်မှုထမ်းတွေကိုထောက်ပံ့ဖို့ဆိုပြီး ဒေသခံတွေကို ပိုက်ဆံတောင်းနေ

"ဒီမနက်မှာပဲ အရင်အသုတ်က စစ်မှုထမ်းပါသွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေတောင်းတာ။ တတ်နိုင်သူတွေက ၅၀၀၀၀ လောက်ထည့်ကြ။ ဂုဏ်ပြုမှတ်တမ်းထုတ်ပေးမယ် ဘာညာဆိုပြီး ပြောတယ်။ သာမန်အိမ်တွေက မရှိသူဆို ၅၀၀၀၊ နည်းနည်းရှိသူဆို ၁၀၀၀၀ ဆိုပြီးထည့်ခိုင်းတာ"

ရှေ့တန်းထွက်မယ့်ရဲဘော်တွေကို သေနတ်ပစ်ပြိုင်ပွဲကျင်းပပေးပြီး ထူးချွန်သူတွေကိုဆုငွေချီးမြှင့် (ရုပ်/သံ)

"သေနတ်ပစ်လေ့ကျင့်ခန်းပေါ့။ ရဲဘော်တွေလည်း ပွဲနဲ့အလှမ်းဝေးနေလို့ သေနတ်ပစ်လေ့ကျင့်ခန်းပြုလုပ်ခဲ့တာပါ။ ရှေ့တန်းသွားရမယ့် ရဲဘော်တွေကို ဦးစားပေး ကျင်းပခဲ့တာပါ၊ ထူးချွန်ရဲဘော်၄ဦးကို ပ၊ဒု၊တ၊စတုထ္ထ ဆိုပြီး ချီးမြှင့်ခဲ့တာ။ ချီးမြှင့်တာက ငွေသားပေါ့။ သူတို့လည်းပျော်အောင် သုံးစရာလည်းရအောင်ဆိုပြီး ပထမဆုကို ၅ သောင်း၊ ဒုတိယဆုကို ၃သောင်း၊ တတိယဆုကို ၂ သောင်း၊ စတုထ္ထဆုကို ၁ သောင်း ချီးမြှင့်ခဲ့တာပါ"

မကွေးမှာ ပလပ်ခုံအပူလွန်ကဲရာကမီးလောင်ပြီး နေအိမ် ၃ လုံးပျက်စီး

"ဖြစ်ချင်တော့ အဲဒီအချိန်မှာ မီးကလာနေတာဆိုတော့။ ပလပ်ခုံကနေ မီးစလောင်တာလို့သိရတယ်။ လူတွေကတော့ ပြေးနိုင်လို့လွတ်တာ"

ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီး မြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်

“အောင်မြင်မှုတော့ ရှိပါတယ်။ မပြီးစီးသေးပါဘူး။ အခုချိန်မှာ အခြေအနေက ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10