စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ မြိုင်နယ်ကဒေသခံ ၅၀၀၀ ကျော် အရေးပေါ်ထွက်ပြေးရ
“အပေါ်က စက်သံတွေ ပစ်တဲ့အသံတွေနဲ့ တကယ်ကိုယောက်ယက်ခတ်ပြီး သဲထိပ်ရင်ဖိုပဲ။ ရွာမှာ ပျက်စီးတာတွေတော့ရှိမယ်။”
“အပေါ်က စက်သံတွေ ပစ်တဲ့အသံတွေနဲ့ တကယ်ကိုယောက်ယက်ခတ်ပြီး သဲထိပ်ရင်ဖိုပဲ။ ရွာမှာ ပျက်စီးတာတွေတော့ရှိမယ်။”
ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲပြုကို KNU/KNLA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ သြဂုတ် ၅ ရက်က ပြုလုပ်ခဲ့ပါတယ်။
"ဘာတိုက်ပွဲမှ မရှိတော့ အကုန်ရွာထဲအေးအေးချမ်းချမ်းနေနေကြတာ။ ထပ်ဝဲပြီး သေချာကိုကြည့်ပြီး ပစ်ချသွားတာ။ အရိပ်မြင်ရာ အကုန်ပစ်တဲ့သဘောပဲ"
သင်တန်းအတွင်း လက်တွေ့ပစ်ခတ်တာ၊ ပြင်ဆင်ထိန်းသိမ်းတာ ဆက်သွယ်ရေးနည်းပညာ၊ အချက်ပြနည်းပညာ၊ အရေးပေါ် ရှေးဦးသူနာပြု၊ အရေးပေါ်ဆေးဝါး အသုံးပြုပုံ၊ နိုင်ငံရေးသဘောတရား၊ စစ်သည်တော်တို့ရဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့၊ စည်းမျဉ်းစည်းကမ်း၊ စစ်ပွဲဆိုင်ရာ စည်းမျဉ်းတွေ၊ လူအခွင့်အရေးသင်ခန်းစာနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်း လုပ်ငန်းလမ်းညွှန်တွေကိုပါ သင်ကြားခဲ့တယ်လို့ ဆိုပါတယ်။
မြိုင် ကပစ ကို ရေပေးဝေနေတဲ့ အထိုင်စခန်းမှာ စစ်ကောင်စီအင်အား၃၀ခန့်နဲ့ ရဲစခန်းမှာအင်အား ၄၀ ကျော် တပ်စွဲနေတာဖြစ်ပြီး မြိုင်ကပစကို ရေပေးဝေနေတဲ့အထိုင်စခန်းကိုပဲ သိမ်းနိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ပြန်ကြားရေးတာ၀န်ခံ ကိုဘိုဘိုသန့်စင် ကမြေလတ်အသံကို ပြောပါတယ်။
မြင်းချင်းရွာက ကင်းစခန်းနဲ့ ဘန်ကာထားရှိတဲ့ သုံးထပ်တိုက်ကို တော်လှန်ရေးအင်အားစုတွေက ၂ နာရီခွဲကြာ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိပြီး ရွာအတွင်းမှာ တည်ဆောက်ထားတဲ့ ဘန်ကာအဆင့်ဆင့်ကို ဆုတ်ခွါသွားတယ်လို့ SNAKE EYES PDF ရဲဘော်လရောင်က ပြောပါတယ်။
ဟင်္သာရွာက ပျူစောထီးတွေ နဲ့ စစ်ကောင်စီတပ်သားတွေပူးပေါင်းပြီး အင်အား ၅၀ ဝန်းကျင်ဟာ ရွာနားနီးစပ်ဖြစ်တဲ့ ကိုရင့်ရွာထဲကို သြဂုတ် ၆ ရက် မနက် ၈ နာရီလောက်မှာ လက်နက်တွေပစ်ဖောက်ပြီး ဝင်ရောက်လာကာ ရွာလယ်မှာရှိတဲ့ နေအိမ်တွေကို မီးရှို့မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
"ကောင်မလေးက အရပ်လက်သည်နဲ့ မွေးတာမနိုင်မှ ဆေးရုံရောက်လာတဲ့သဘော။ သွေးတွေလည်း မတရားထွက်နေတာ။ ဆေးရုံရောက်ချိန်မှာ စကားတောင်မပြောနိုင်တော့ဘူး။ ဆေးရုံလည်းရောက်ပြီး မကြာဘူး ဆုံးသွားတယ်"
“ကားကမိုင်းကွင်းထဲဝင်လာချိန်မှာ အသင့်ပြင်ထားတဲ့ မိုင်း ၄ လုံးနဲ့ ဆွဲလိုက်တာ။ ၄လုံးစလုံးကွဲတယ်။ ဒီကောင်တွေကလည်း ဖောကားကိုရပ်ပြီး အကွယ်ယူပစ်ခတ်တာတွေလည်းရှိတယ်။ သူတို့ဘက်ကလည်း အနည်းဆုံး ၄ ဦးလောက်ထိတယ်။”
"ဒီနှစ် ဧက နှစ်ဆယ် စိုက်ထားတယ်။ ရေက အခုထိလယ်ကွက်တွေမှာ ပြန်မကျသေးဘူး။ စပါးပင် ထိပ်ဖျားတွေတောင်မပေါ်သေးဘူး။ အပင်တွေလည်း ခါးကျိုး၊ အရွက်တွေလည်းဝါကျင်၊ ပုတ်ပြီး အကုန်သေကုန်ပြီ။ ကုန်ကျထားတာ ဘာတခုမှပြန်ရမယ့်ပုံမပေါ်တော့ဘူး။ ဆုံးရှုံးမှုများတော့ ထပ်မစိုက်နိုင်တော့ဘူး"
အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နဲ့ ညီမဖြစ်သူတို့ ဩဂုတ်လ ၆ ရက် ဒီကနေ့မနက် ၇ နာရီခွဲလောက်မှာ အဆိုပါရပ်ကွက်အပိုင် ၈၂ လမ်း ၊ ၁၆ နဲ့ ၁၇ လမ်းကြားမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။
" သူတို့ကလျှံကျလာတဲ့ရေမှ ကျနော်တို့ဘက် ရောက်လာတာဆိုတော့ ခုအချိန်မှာ ပျိုးခင်းအတွက် ရေတင်ဖို့တောင် အခက်အခဲဖြစ်နေတာ။ အရင်နှစ်တွေကဆို ဒီအချိန်စိုက်နေကြပြီ။ ခုကလယ်ကွက်ထဲကို ရေကဘယ်လိုမှတင်လို့မရသေးဘူး"လို့ လှပင်ကျေးရွာတောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
သြဂုတ်လ ၅ ရက်က သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး ကျောင်း ၂ ကျောင်းမှာရှိတဲ့ KG တန်းကနေ Grade-5 အထိ ကျောင်းသူ/ကျောင်းသား ၂၀၀ ကို ထောက်ပံ့လှူဒါန်းခဲ့တာလို့ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"စက်သေနတ်တွေနဲ့လည်းပစ်သွားတယ်။ အဲ့ဒါအပြီး ကျောက်မြောင်းတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ် ထမ္မခေါက်ကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်ချစခန်းကနေ ဆိပ်ဖြူ - ပေါက် လမ်းပေါ်ကို လုံခြုံရေးယူဖို့ စစ်သား ၂၀ ဦးခန့် ကားနဲ့ထွက်လာစဉ် ၎င်းတို့ရပ်နားနေကြ ချတောက်ရွာထိပ်အနီး အဆောက်အဦတခုမှာ မနက်စာစားဖို့ ပြင်ဆင်နေချိန် ဩဂုတ် ၃ ရက် မနက် ၈ နာရီလောက်မှာ အသင့်ထောင်ထားတဲ့ မိုင်းအကြီး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။