သတင်း

ဖက်ဒရယ်ပြည်ထောင်စုမှာပါဝင်ဖို့ စစ်ကိုင်းဖိုရမ်မှာ ဘာတွေဆွေးနွေးထားပြီလဲ (ရုပ်/သံ အင်တာဗျူး)

၂ ကြိမ်တိုင် ကျင်းပထားတဲ့ စစ်ကိုင်းဖိုရမ်က အရွေ့ဘယ်လောက်ထိရောက်နေပြီလဲ။ဖက်ဒရယ်ပြည်ထောင်စုမှာပါဝင်ဖို့ ပြည်နယ်ဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်လို့ရော စစ်ကိုင်းဖိုရမ်မှာ ဘာတွေဆွေးနွေးထားကြပြီလဲဆိုတာတွေကို စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေ ကို မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မုံရွာ၊ ဗောဓိတထောင်ဘုရားအနီးမှာ ရဲ ၂ ဦး ပစ်သတ်ခံရ

"ဘုရားနားမှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲ့အနောက်ဘက်မှာ ရဲတွေက ရေခပ်ရေချိုးတာလုပ်နေချိန် ပစ်ခံရတာလို့တော့ သိရတယ်။ အလောင်းတွေကိုတော့ ရဲတွေဘက်က လာစစ်ပြီးသယ်သွားတယ်"

မန္တလေးမှာ အမျိုးသားတဦး ဓါတ်လိုက်သေဆုံး

သေဆုံးသူဟာ မန္တလေးမြို့၊ ၈၅ လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းကြားက တန်းလျားအဆောင်တခုမှာ ငှားရမ်းနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုရှိန်းထက်ကျော်ဖြစ်ပြီး မေလ ၆ ရက်ည ၉ နာရီလောက်မှာ ဓါတ်လိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတွေနဲ့ ရင်ဘောင်တန်းခြင်းခတ်တဲ့ CDF-Asho အမျိုးသမီးစစ်သည်တွေ (ရုပ်/သံ)

ပိုက်ကျော်ခြင်းခတ်ရာမှာ ငွေကြေးနဲ့ ကစားတာမဟုတ်ဘဲ ဒိုက်ထိုးကြေး အပျော်တမ်း ကစားကြတာလို့ CDF-Ashoရဲ့ တာ၀န်ခံ ဆလိုင်းရိုးချင်းက ပြောပါတယ်။

မကွေးမှာ ကျူးကျော်ဆိုပြီး နေအိမ် ၂၅၀ ကျော်ကို ၁ လအတွင်း မဖယ်ရှားပါက အင်အားသုံးမယ်လို့ ခြိမ်းခြောက်

"အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့မြေထဲ ကျူးကျော်နေထိုင်တယ်ဆိုပြီး ဖယ်ခိုင်းတာ။ နေလာတာပဲ ၁၀ နှစ်ကျော်နေပြီ။ ခုလိုချက်ချင်းဖယ်ခိုင်းတော့ အကုန်ဒုက္ခရောက်ကုန်ပြီ"

စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ "သုည" Federal School လေကြောင်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

“ ထိတွေ့မရှိဘဲ လာပစ်သွားတာ။ စာသင်ကျောင်းကတော့ ပြင်းပြင်းထန်ထန်ကို ပျက်စီးသွားတာ။ ထိသွားတဲ့ရွာသားတယောက်ကလည်း အခုဆေးဝါးကုသမှုခံယူနေတယ်။ ကျန်တဲ့ရွာတွေဘက်ကတော့ နေအိမ်တွေထိမှန်သွားတယ် အများကြီးတော့မဟုတ်ဘူး ”

စည်ပင်အမှိုက်ပုံမီးလောင်ရာက နေအိမ် ၁၂ လုံး မီးကူးစက်လောင်ကျွမ်း

"မီးက အမှိုက်ပုံကလောင်တာဆိုတော့ တနေကုန်နေပူထားတော့ အပူဒဏ်ကြောင့် လောင်စာဖြစ်မယ့်ဟာကနေ မီးထလောင်တာနေမယ်။ မီးလောင်ချိန် လေတိုက်အားကလည်း ကောင်းနေလို့ နေအိမ်တွေပါကူးသွားတာ"

ယာထဲသွားသူတွေကို စစ်မှုထမ်းဖို့အဓမ္မခေါ်ထားပြီး နွားလှည်းပဲပြန်လွှတ်လိုက်တဲ့အထိ စစ်ကောင်စီတပ်သားတွေ သောင်းကျန်းလာ

"အခုက တအားကိုဆိုးရွားသောင်းကျန်းလာတာ။ လမ်းမှာတွေ့ရင်တွေ့တဲ့သူကို အရွယ်ကောင်းဆို ဖမ်းခေါ်ထားလိုက်တော့တာ။ တခါတလေလည်း သေနတ်ပစ်ဖောက်ပြီး ရွာထဲကိုဝင်လာတယ်။ ခေါ်ချင်တဲ့သူကိုဆွဲခေါ်သွားတယ်။"

စစ်ကောင်စီက သေရဲတဲ့ကောင်ထွက်ခဲ့ဆိုလို့  PDF က စလင်းမြို့နယ်မှာ စစ်ဆေးမှုတွေပြုလုပ် (ရုပ်/သံ)

အခုလို စစ်ဆးတာဟာ အကြောက်တရားတွေ ရှိနေတဲ့ ပြည်သူတွေကို သွေးအေးမသွားဖို့နဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ အကြောက်တရားမထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်၊၊ အဲဒီနေ့က ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးနေချိန် ဆင်ဖြူကျွန်းစျေးက စျေးသည်အချို့ကလည်း ကာကွယ်ရေးရဲဘော်တွေအနီးကို လာပြီး ကြည့်ရှုတာတွေရှိသလို ရေဗူးပေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စကခ ၈ မှူး ဗိုလ်မှူးချုပ် ဆန်းညွန့်လှိုင် မိုင်းဆွဲခံရ၊ ဒဏ်ရာပြင်းထန်လို့ သေနိုင်ဖွယ်ရှိ

“ တပ်မမှူး ထိတယ်ဆိုတာ သတင်းသဲ့သဲ့တော့ကြားတယ်။ သူတို့ထိရင်သတင်းကို မရ၊ ရအောင် လိုက်ဖုံးတာဆိုတော့ သေချာမသိရဘူး။ ရေဖြူ ၄၀၆၊ ၄၀၇ တပ်တွေလည်း အထိများတယ်လို့လည်း သိရတယ် “

အုပ်ချုပ်ရေးမှူး သတ်ခံရပြီးနောက် အနက်ရောင်သေမင်းတမန်အဖွဲ့က လူငယ် ၃ ဦးကို ပြန်သတ်ပြီး အလောင်းစွန့်ပစ်

”အလောင်းတွေကို ညတုန်းက လာချသွားတာလို့ ယူဆရတယ်။ ရွာသားတွေကတော့ မပြောရဲ၊ မကြည့်ရဲဘူး။ စစ်တပ်က ငါတို့လူ(အုပ်ချုပ်ရေးမှူး)ကို သတ်ရင် မင်းတို့ ပြည်သူလည်း ငါတို့က သတ်မယ်ဆိုပြီး သတ်ပြတဲ့ သဘောလို့ ထင်တယ်“

မင်းလှမှာ လေပြင်းတိုက်လို့သစ်ပင်လဲကျရာက ကလေးငယ် ၁ ဦးသစ်ပင်ပိသေဆုံးပြီး ၁ ဦးဒဏ်ရာရ

" ကလေးနှစ်ယောက်က ခြံထဲမှာကစားနေတာ။ လေတိုက်တယ်ဆိုလို့ နေအိမ်ထဲပြေးအဝင် အပင်ကလည်း လဲကျတာနဲ့ အချိန်ကိုက်ဆိုသလို ကလေးနှစ်ယောက်ပေါ် ပိကျသွားတာ"

ခြင်းခတ်နေတဲ့ စစ်ကောင်စီတပ်သားတချို့ ပစ်ခတ်ခံရလို့ ၄ ဦးသေဆုံး (ရုပ်/သံ)

“ကျနော်တို့ သတင်းရလို့ အမှတ်မထင် ဝင်ပစ်တာ။ ထိခိုက်သေဆုံးမှုကတော့ အတွင်းသတင်းက ရတယ်။ ပစ်ခတ်မှုဖြစ်နေချိန် နဲ့ ပစ်ခတ်မှုပြီးသွားတဲ့အချိန်မှာရော စစ်**တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်”

ဆင်ဖြူကျွန်းရဲစခန်းအနီးလမ်းပိုင်းမှာ PDF တွေ စစ်ဆေးရေးပြုလုပ်

“ဒီနေ့ဆိုရင် နွယ်တမယ်အနီးထိကို စစ်ဆေးမှုတွေလုပ်ခဲ့တယ်၊ သူတို့ (စစ်ကောင်စီ)ရဲ့ အနီးအနားမှာ စစ်ဆေးမှုတွေလုပ်တာတောင် သူတို့ဘက်က လုံးလုံးတောင်မလှုပ်ခဲ့ဘူး၊”

မင်းတန်းရွာ ညသန်းခေါင်ချိန်လေယာဉ်နဲ့ဗုံးကြဲခံရ၊ နွား ၄ ကောင်သေပြီး နေအိမ် ၂၀ ကျော်ပျက်စီး (ရုပ်/သံ)

“ဗုံး ၂ လုံးကို လမ်းခြားပြီးတော့ တအိမ်တလုံး ကျတာပေါ့။ ဗုံးကျပြီး မီး လုံးလုံးလောင်သွားတာက ၄ အိမ်၊ ဗုံးတိုက်ရိုက်ကျတဲ့ တအိမ်ကကျတော့ မီးမလောင်ဘဲ အဆောက်အဦက ပြားပြီး ပြိုသွားတယ်။ PDF တွေရဲ့ စုရပ်နေရာလို့ ထင်ပြီး ကြဲသွားတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10