သတင်း

လက်ပံတန်းမှာ မိုင်းဆွဲခံရတဲ့စစ်ကြောင်း ထိခိုက်သေဆုံးမှုများဟုဆို

“မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်တာမှာ ဒီကောင်တွေ ကစဉ့်ကလျားဖြစ်သွားတာ ချက်ခြင်းပြန်မပစ်နိုင်ဘူး။ ခဏကြာမှ လက်နက်ကြီးငယ်တွေနဲ့ ပြန်ပစ်တာ”

ရပ်ရွာလူထုအခြေပြု အထကကျောင်းမှာ အောင်လက်မှတ်ပေးအပ်ပြီး စုံညီပွဲတော်ပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ရပ်ရွာလူထုအခြေပြု အထက်တန်းကျောင်းတကျောင်းမှာ မေ ၉ ရက်က ပညာရေးစုံညီပွဲတော်ကို ပြုလုပ်ပေးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပညာရေးမိသားစုဌာန PEC.5 ဆီက သိရပါတယ်။

ဆောနယ်ဘုန်းကြီးကျောင်းမှာ ဒေသဖွံ့ဖြိုးရေးအစည်းဝေးလုပ်ချိန် လေယာဥ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၁၆ ဦးသေဆုံး၊ ၃၄ ဦးဒဏ်ရာရ

" မီးလောင်ဒဏ်ရာတွေနဲ့သေဆုံးတာ ၁၃ ဦးတွေ့ရတယ်။ လက်နက်ကြီးကျည်စမှန်ပြီး သေဆုံးတာ ၃ ဦး ရှိတယ်။ ဗုံးစထိမှန်လို့ ဒဏ်ရာရတာက ၃၄ ဦးရှိပါတယ်"

PDF ဒရုန်းသင်တန်းလုပ်တဲ့နေရာ ဗုံးကြဲခံရလို့ PDF ၃ ဦးအပါ ၆ ဦးသေဆုံး

“အခုလောလောဆယ်တော့ ၆ ယောက်ပဲ အတည်ပြုလို့ရသေးတယ်။ တချို့က ခေါင်းတွေတောင် မပါတော့ဘူး။ သေဆုံးတဲ့လူတွေထဲမှာ ၃ ယောက်က ခေါင်းတွေပွင့်သွားတယ်”

မြင်းခြံ၊ ဆုံရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ဒေသခံပြည်သူ ၃၄ ဦးသေဆုံး (ရုပ်/သံ)

ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အချိတ်အဆက်မိမိဖြင့် မြေပြင်၊ ဝေဟင်တွေကနေ ပျူစောထီး စခန်းတွေကို တိတိကျကျလေ့လာစုံစမ်းပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ အရပ်ဘက်ပစ်မှတ်တွေကို လွဲမှားပစ်ခတ်ခဲ့ တာမျိုး မရှိခဲ့ဘူးလို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။ ပျူစောထီးတွေအထိုင်ချရာ ဆုံရွာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်နေချိန်မှာ ဆင်မီးခုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးရှိသလို ဧရာဝတီမြစ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဆီမီးခုံရေတပ် စစ်သင်္ဘာကလည်း ပစ်ကူပေးတာတွေလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းမှာ ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် အမျိုးသား ၃ ဦးအသတ်ခံရ

"အုပ်ကြီးကိုလာရှာတာမတွေ့လို့ သူ့အိမ်မှာရှိတဲ့ အမျိုးသားတွေကို ခေါ်သွားတယ်။ နောက်တော့ ရွာထိပ်မှာ အလောင်းကို ပြန်တွေ့ရတာ"

မြင်းမူ၊ လက်ထုတ္တောကျေးရွာမှာ ပြည်သူ ၃၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ

မြေလတ်အသံက ရရှိထားတဲ့ ဓါတ်ပုံတွေမှာတော့ အသတ်ခံထားရတဲ့အလောင်းတွေမှာ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအမျိုးသားတွေအများစုပါဝင်တာကို တွေ့ရှိရပါတယ်။ အလောင်းတချို့က ဦးခေါင်းပွင့်ဒဏ်ရာတွေနဲ့ သေဆုံးထားကာ ရာသီဥတုပူပြင်းတဲ့အတွက် ပုပ်မှာစိုးလို့ ဒေသခံတွေက ချက်ချင်းသင်္ဂြိုဟ်ဖို့လုပ်နေကြရပြီး တချို့အလောင်းတွေကိုတော့ သက်ဆိုင်ရာ မိသားစုက လာရောက်ယူဆောင်ပြီး သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးအဖွဲ့တွေက ကားနဲ့လာပစ်ခတ်လို့ စစ်ဆေးရေးဂိတ်က စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ဆေးရေးဂိတ်မှာ စစ်သားအင်အား ၅ ဦးဝန်းကျင်လောက် ဆက်ကြေးကောက်နေချိန် မေ ၉ ရက် နေ့လယ် ၁၁ နာရီ ၂၅ မိနစ်ဝန်းကျင်လောက်က ကာကွယ်ရေးအဖွဲ့တွေက ကားနဲ့သွားပြီး ၁၂ မိနစ်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃) တာဝန်ခံကိုမိုးကြိုးက ပြောပါတယ်။

ဘုန်းကြီးကျောင်းးမှာစစ်ရှောင်နေတဲ့ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ခဲ့

“ရွာထဲမှာ တောက်လျှောက်ပစ်တော့ ပြေးချိန်မရတော့ဘဲ ဘုန်းကြီးကျောင်းတွေထဲပဲ ပြေးဝင်ရှောင်ကြတာ၊ ဘုန်းကြီးကျောင်းထဲက လူတွေကိုခေါ်ထုတ်ပြီး အပြင်မှာအစုလိုက်အပြုံလိုက် ပစ်သတ်သွားတာ၊ ပြည်သူတွေချည်းပဲ”

မုံရွာခရိုင်တပ်ရင်း ၂ က ရဲဘော်တွေကို ကွန်မန်ဒိုသင်တန်းပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲမှာအခြေစိုက်တဲ့ မုံရွာခရိုင်တပ်ရင်း ၂ Chindwin Attack Force 2 ရဲ့ ရဲဘော်အချို့ဟာ အထူးကွန်မန်ဒိုသင်တန်းကို တက်ရောက်နေတယ်လို့ မုံရွာခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။

မကွေးတိုင်းထဲက မြို့နယ်တွေမှာ mask တပ်ပြီး လွယ်အိတ်လွယ်မသွားလာဖို့ စစ်ကောင်စီအမိန့်ထုတ်

"တမြို့နဲ့တမြို့ အမိန့်ထုတ်တဲ့ရက်တော့ မတူဘူး။ ကျနော်တို့မြို့မှာတော့ ၁၀ ရက်နေ့က မြို့ထဲမှာ သုံးဘီးနဲ့လိုက်အော်တာ။ ခုလိုထုတ်ပြန်တာကလည်း သူတို့စာထဲပါတဲ့အတိုင်း PDF တွေဘက်က အဲလိုပုံစံတွေလုပ်ပြီး သူတို့လူတွေကိုရှင်းနေတော့ ခွဲခြားသိနိုင်အောင်လုပ်တာလို့ပဲ ထင်တယ်"

ဝက်လက်နယ်ထဲဝင်လာတဲ့ စစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့တဲ့ PDF တွေကို ပြည်သူကကြိုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ထုတ်နိုင်ခဲ့တဲ့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ရွာသာကြီးတိုက်နယ်ပကဖ ဒုတာဝန်ခံ ကိုနေက ပြောပါတယ်။

CDF-KKG တပ်ဖွဲ့က မိုင်းထိလို့ ကျဆုံးခဲ့တဲ့ရဲဘော်ကို ကောင်းမွန်စွာ ဂူသွင်းသင်္ဂြိုဟ်ပေး (ရုပ်/သံ)

" ရဲဘော်က ရှေ့တန်းမှာ ကိုယ့်မိုင်းကိုထိပြီး ကျဆုံးခဲ့တာပါ။ အရင်က အစိုးရဝန်ထမ်းပါ။ တပ်ဖွဲ့အနေနဲ့ ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့ပါတယ် "

ပုလဲက စစ်‌ရှောင်စခန်းတခုမှာ သောက်သုံးရေ ခက်ခဲနေဆဲ

“စစ်ရှောင်တွေက ချောင်းရေကို အမှီပြု သုံးကြတာ။ ချောင်းတလျှောက်မှာ ဆင်တွေက အသွားအလာ ရှိတော့ ဆင်ချေးတွေရယ်၊ သစ်ရွက်ဆွေးတွေကျပြီး ရေနည်းတဲ့ရာသီမှာ ညစ်နွမ်းသွားလို့ ချောင်းအနီးမှာ လက်ယက်တွင်းတူးပြီး ချွေတာသုံးနေရတာ။ အရင်က ‌ရေ ၂ ခွက် သုံးရင် အခု ၁ ခွက်ပဲသုံးရတယ်”

စစ်ကူလာတဲ့ကားနဲ့ ကြေးနီသယ်တဲ့ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

ယမန်နေ့ မေ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က စစ်ကူထွက်လာတဲ့ သံပြားကာကား ၁ စီးကို ‌ချောင်းဦးမြို့အဝင်မှာ ၁ ကြိမ်နဲ့ ညနေ ၆ နာရီခန့်မှာ ကြေးနီသယ်ဖို့သွားတဲ့ တွဲကားတွေကို ချောင်းဦးမြို့နယ်အပိုင် မုံရွာ-မန္တလေး လမ်းပိုင်းတနေရာမှာ မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10