သတင်း

လေကြောင်းအန္တရာယ်ကြောင့် မြိုင်ကပြည်သူ့အခြေပြုစာသင်ကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်နား

“ စကစက စာသင်ကျောင်းတွေလည်းမရှောင်၊ ဘုန်းကြီးကျောင်းတွေလည်းမရှောင် ပစ်ခတ်နေတာ။ တခြားမြို့နယ်တွေမှာလည်း စာသင်ကျောင်းတွေ ပစ်ခတ်နေတာတွေ့နေရတယ်။ လတ်တလောလေကြောင်းကနေ ခပ်စိပ်စိပ်ပစ်ခတ်နေတာတွေက မြိုင်နယ်၊ ပေါက်နယ်စပ်တွေမှာလည်းရှိနေလို့ စိုးရိမ်လို့ ယာယီနားလိုက်တာပါ”

ဘုတလင်ရဲစခန်းကထွက်လာတဲ့ ဆိုင်ကယ်စီးစစ်သားကို PDF က စောင့်ကြိုပစ်ခတ်လို့ သေဆုံး

“အဲ့စစ်သားက အရပ်ဝတ်နဲ့ ကြောင်ပန်းလမ်းအတိုင်း မောင်းလာတာကိုသတင်းရလို့ စစ်ကောင်စီအထိုင်ဂိတ်နဲ့ မီတာ ၃၀၀အကွာလောက်ကနေ စောင့်ပစ်တာပါ။ ဘာလုပ်ထွက်လာတာလဲတော့ မသိရဘူး“

ဖမ်းဆီးစစ်ဆေးခံရကြောင်းသတင်းထွက်ပြီး လူမြင်ကွင်းကပျောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်နဲ့အတူ ပြန်တွေ့ရ

ဖမ်းဆီးစစ်ဆေးခံနေရကြောင်းသတင်းတွေထွက်ပေါ်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစောဟာ တလကျော်ကြာလူမြင်ကွင်းက ပျောက်ဆုံးခဲ့ပြီးတဲ့နောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ပြန်လည်ထွက်ပေါ်လာပါတယ်။

အင်းတကော်၊ ဆယ်မိုင်ကုန်းမှာ မီနီထရပ်ကားက တွဲကားကိုဝင်တိုက်လို့ သားအဖ ၃ ဦးသေဆုံး

"အရှိန်များတော့ လမ်းလယ်ကျွန်းတောင်ကျော်ပြီး တွဲကားကို သွားတိုက်မိတာ။ ကားခေါင်းထဲမှာလည်း သူတို့သားအဖ ၃ ဦးပဲပါတာ"

မြင်းခြံမှာ လက်နက်ဆောင်ထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ နောက်လိုက်တဦး ပစ်သတ်ခံရ

“လက်ဖက်ရည်ဆိုင် ရှေ့နားလမ်းပေါ်မှာ သုံးယောက်သား စကားပြောနေတုန်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ နှစ်ဦးက နေရာမှာ လဲကျပြီး တဦးကထွက်ပြေးသွားတယ်။”

MDF အဖွဲ့က Shar-Htoo-Waw နည်းပညာဖြင့် Fixed Wings Drone နဲ့ အီနာဂါဗုံးသီး ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

"ကျနော်တို့က သင်တန်းတက်ပြီး ကိုယ်တိုင်ပြန်လုပ်ကြတာ။ ကျနော်တို့ ရဲမေတွေကို သင်တန်းပြန်ပို့ချတယ်။ Drone မှာတပ်တဲ့ အီနာဂါဗုံးသီးပါ ကျနော်တို့က ကိုယ်တိုင်ထုတ်လုပ်နေပါပြီ။ ကျနော်တို့ တိုက်ပွဲ ၇ ပွဲလောက်ဆင်နွှဲပြီးပြီ။ အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့က ပွဲမတိုးခင်မှာ ပိုပြီးသေချာတိကျအောင် လေ့ကျင့်မှုတွေအများကြီး လုပ်ခဲ့တယ်"

ပြည်သူလှူတန်းတဲ့ ထန်းလက်နဲ့ ဘားတိုက်ဆောက်နေတဲ့ PDA ရဲဘော်တွေ (ရုပ်/သံ)

"ထန်းလက်ရောင်းတဲ့သူတွေတော့ ရှိတယ်။ တလက်ကို ၃၀၀ ကျပ်ပေါ့။ ကျွန်တော်တို့ကတော့ မရောင်းဘဲဒီတိုင်းပစ်ထားတဲ့ပိုင်ရှင်တွေဆီက အလှူခံရတာပေါ့။ ဝါးတို့ မျောတိုင်တို့ကလည်း တောလိုက်ပိုင်တဲ့ပြည်သူတွေက လိုသလောက်ခုတ်ယူဆိုပြီး လှူထားတော့ ရဲဘော်တွေကိုယ်တိုင်ပဲ ခုတ်ပီးအသုံးပြုတာပေါ့။ ငွေကြေးကတော့ ခက်ခဲတာပေါ့။ အဲ့ဒါကြောင့် အဓိကလိုအပ်တဲ့ လက်နက်ခဲယမ်းဖြည့်ဆည်းနိုင်ဖို့ တချို့နေရာတွေ အပိုမကုန်အောင်လုပ်ရတာပေါ့။"

ကြေးနီတောင်ကထွက်လာတဲ့ ကြေးနီကားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲ၊ ပစ်ခတ် (ရုပ်/သံ)

"ကျနော်တို့ မိုင်း ၅ လုံးဆွဲခဲ့တာ။ မိုင်းဆွဲပြီး ပစ်ခတ်မှုဖြစ်တာက ၁၀ မိနစ်ဝန်းကျင်ပဲကြာခဲ့တယ်။ ကျနော်တို့ ကင်းပုန်းအဖွဲ့နဲ့တွေ့ပြီး ပစ်ခတ်တာက မိနစ် ၂၀ လောက်ကြာခဲ့တယ်။ ၄ စီးမြောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ"

သံတောင်ကြီးမှာ လေယာဥ်နဲ့ဗုံးကြဲလို့ ကလေး ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ

"တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ လေကြောင်းကနေ ဗုံးလာကြဲချသွားတာမျိုးပါ။ ကလေးတွေ ထိခိုက်သေဆုံးနဲ့ အိမ်ပျက်စီးတာရှိတယ်လို့တော့ သတင်းကြားရတယ်။ ရွာတွေကလှမ်းတော့ အသေးစိတ်တော့မသိရဘူး"

MBT တပ်ဖွဲ့မှာ မီးလောင်ဗုံးကို အောင်မြင်စွာထုတ်လုပ် (ရုပ်/သံ)

"**စခန်းတွေနဲ့ **ပျူရွာတွေကို တိုက်ခိုက်ဖို့ ထုတ်တာပါ။ တဖြည်းဖြည်းချင်း မီးစွဲလောင်တဲ့ ဗုံးမျိုးပေါ့။ မီးငြှိမ်းသတ်လေ လောင်အား ပိုကောင်းလေပဲ"

တမူး၊မြို့သစ် မြို့သိမ်းတိုက်ပွဲ ရဲ ၂၀ ကျော် လက်နက်ချ၊ ၅ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့

မြို့သစ်မြို့မှာ စစ်ကောင်စီတပ် ခလရ ၂၂၈ ၊ ရဲ၊ ပျူစောထီး(စစ်တပ်ပြည်သူ့စစ်)၊ SNA တပ်မဟာ ၈၉၁ (တပ်ရင်း ၃)၊ ကသည်းတပ်ဖွဲ့ ပူးပေါင်းအင်အား ၂၅၀ ခန့် အခြေပြုတပ်စွဲနေတာဖြစ်ပြီး မေ ၇ ရက်ကနေ ၁၁ ရက်အထိ ၅ ရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ပဲခူးအနောက်ခြမ်းမှာ ပြည်သူ့စစ်အဖြစ် အဓမ္မစုဆောင်းခံရသူတွေကို စစ်သင်တန်းတက်ဖို့ ရှမ်းပြည်ကိုပို့

“ဘွဲ့ရလူငယ်တွေက ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးတပ်မြို့က တိုက်ခိုက်ရေးလေ့ကျင့်ရေးကျောင်းမှာ စစ်သင်တန်းတက်ရမယ်။ ဘွဲ့မရသူတွေကတော့ ရှမ်းပြည်နယ်ထဲက တိုက်ခိုက်ရေး လေ့ကျင့်ရေးကျောင်းတွေကို ပို့ဆောင်မှာလို့ ပြောတယ်”

ဆားလင်းကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၁၀ လုံးကျော်ပျက်စီး

"လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်နေတာ။ ယောက်ျားတဦး ဒဏ်ရာရတယ်။ နေအိမ် အမိုးတွေလည်း ပျက်စီးတယ်။ ရွာသားတွေက စစ်ရှောင်နေရတယ်"

ဒိုက်ဦးထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်/ကျဉ်း ၁ ဦး ထပ်မံသေဆုံး၊ ၃ လအတွင်း သေဆုံးသူ ၃ ဦးထိရှိလာ

“စစ်ကြောရေးမှာ ရရှိတဲ့အတွင်းကြေဒဏ်ရာနဲ့ ညှင်းပန်းနှိပ်စက်မှုကရတဲ့ ဒဏ်တွေကြောင့် ဆေးကုမှုခံနေရတာ။ အဓိက ဆုံးသွားတဲ့အကြောင်းရင်းက သူစစ်ကြောရေးမှာရတဲ့ ဒဏ်တွေကို ပြင်ပဆေးရုံမှာ ကုသဖို့ အချိန်နဲ့ တပြေးညီ ပို့ဆောင်ခဲ့ခြင်းမရှိတဲ့အတွက် သေဆုံးခဲ့ရတာ။ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေသာရခဲ့မယ်ဆိုရင် လူငယ်ပိုင်း လူလတ်ပိုင်းတယောက်က သေဆုံးခဲ့မှာ မဟုတ်ဘူး။”

မလယ်ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦးနဲ့ PDF ၁၀ ဦးသေဆုံးပြီး စစ်ရေအခြေအနေတင်းမာနေဆဲ

တိုက်ပွဲဖြစ်ချိန် ၆ နာရီကျော်အကြာမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ၁၀ ဦးသေဆုံးကာ စစ်ကောင်စီတပ်သားတွေကိုင်ဆောင်တဲ့ သေနတ် ၁၃ လက်အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10