ကနီနယ်ကသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ ဇူလိုင် ၃ ရက်ညနေပိုင်းက သံဃာတော်တွေဦးဆောင်ပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုခဲ့ကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ ဇူလိုင် ၃ ရက်ညနေပိုင်းက သံဃာတော်တွေဦးဆောင်ပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုခဲ့ကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်ပြီး ၈ ရက် အကြာမှာ စဉ့်ကူးမြို့နယ်ထဲက နွယ်ရုံ ရဲစခန်း၊ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း စတဲ့ စစ်ကောင်စီစခန်း ၆ ခုကို သိမ်းထားနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြစ်ကမ်းနားမြို့ပေါ်တချို့ကို ဇူလိုင် ၃ ရက် ဒီကနေ့မှာ မြစ်ရေဝင်ရောက်လာမှု မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ကြေးနီတင်လာတဲ့ ဖလက် ၃ စီးနဲ့ သစ်တွေတင်လာတဲ့ ဖလက် ၄ စီးကို ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပစ်ခတ်မှုတွေလုပ်နေတာကြောင့် စစ်ကောင်စီက ဝေဟင်ကနေ ကင်းထောက်ပေးနေရတယ်လို့ Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
"သားအမိနှစ်ဦးဖြစ်ပုံရတယ်ဗျ။ အသက်ကြီးအမျိုးသမီးကတော့ သေဆုံးသွားပါပြီ။ တယောက်ကိုတော့ ဆေးကုသပေးနေပါတယ်"
“သူတို့ သတင်းရလို့ဝင်စီးတဲ့ပုံစံမျိုးနေမှာ။ ရဲဘော် ၄ ယောက်ကျတယ်၊ သေ နတ် ၂ လက်ပါသွားတယ်။ အဲ့လောက်ပဲ သိရသေးတယ်။ လျှပ်တပြတ်ဝင်စီးတာ။ ပြန်ခံပစ်တဲ့ရဲဘော်တွေက ကျသွားတဲ့ အနေအထားမျိုးပေါ့”
"မနေ့က လေယာဥ်တွေနဲ့ ဆယ်ခေါက်ကျော်တယ်။ ဗုံးကြဲပြီး ညပိုင်းမှာ အသံငြိမ်သွားတယ်။ စခန်းရပြီ၊ ဗိုလ်တွေလည်း ထွက်ပြေးတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် စစ်ဆေးဖို့ ဆိုပြီးလမ်းတွေတော့ အကုန်ပိတ်ထားတုန်းပဲ။ အခြေအနေတော့ နည်းနည်းကောင်းသွားပြီ "
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေကို ဇူလိုင် ၂ ရက်မှာ အာဟာရဒါနကျွေးမွေးခဲ့ပြီး အမျိုးသမီးလစဥ်သုံးပစ္စည်းတွေပါ ထောက်ပံ့ပေးခဲ့တယ်လို့ Yu&Tulip Foundation အဖွဲ့ဆီက သိရပါတယ်။
"ရေတင်စက် ကြိုးကပေါက်နေပြီး သွပ်ပြားနဲ့ထိနေတာ။ မိုးကလည်း ရွာထားချိန်ဆိုတော့ ရေတွေကလည်းရှိနေတာ။ ကိုရင်ကလည်း ကြိုးပေါက်နေတာကိုမသိဘဲ သွပ်ပြားပေါ် သွားရပ်မိတာကနေ ဓာတ်လိုက်သွားတာ"
ဇူလိုင် ၃ ရက် ဒီကနေ့မှာကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့အတွက် အကြိုပွဲအဖြစ် ဝတ်စားဆင်ယင်မှုပြပွဲနဲ့ ပဒေသာကပွဲပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီပွဲကို စစ်ကောင်စီလက်အောက်အမျိုးသမီးရေးရာအဖွဲ့ချုပ်နာယကအဖြစ်တာဝန်ယူထားသူ စစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်တက်ရောက်ခဲ့တာပါ။
“ရှင်းတာက နေအိမ်ရော လမ်းမှာရော အစုံပဲ၊ သူတို့က စစ်တပ်ရဲ့ ထောက်လှမ်းရေးကွန်ယက် ပုံစံမျိုးစုံကို အလုပ်လုပ်နေတာ၊ နောက်ဆုံးရှင်းလိုက်တဲ့ ပျူစောထီးခေါင်းဆောင်(လောရှည်)က ဒီနယ်မှာဆို ဒုတိယအကြီး ဆုံးဖြစ်တဲ့အတွက် စစ်ကြောင်းထိုးတယ်။ ခုရှင်းလိုက်တဲ့ ကွန်ယက်ရဲ့ လက်ချက်ကြောင့် ခဲယမ်းလမ်းကြောင်းတွေ အဖမ်းခံရဖူးတယ်။”
တပ်ကြပ်ဝင်းမောင်ဟာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ တာဝန်ကျနေချိန် ဇွန်လ ၁၅ ရက်က ချိတ်ဆက်လာပြီး ဇွန်လ ၃၀ ရက်မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၀ Yoma Yar Zar တပ်ဖွဲ့ဆီကို အလင်းဝင်လာတာဖြစ်တယ်လို့ တပ်ရင်းမှူး လဂွန်းအိမ် က ပြောပါတယ်။
“အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိတယ်၊ အခု ကြောက်လို့ ရွာပြင်ထွက်နေရတာတွေလည်း ရှိတယ်၊ ရွာထဲမှာက လူငယ်တွေ မရှိတော့ဘူး၊ ထွက်ပြေးတိမ်းရှောင်နေကြရတာ၊ ရွာထဲမှာက သက်ကြီးရွယ်အိုပဲကျန်ခဲ့တာ”
"သူအိမ်မှာသွားရှင်းတာ။ သူကျနော်တို့ကိုမြင်တာနဲ့ ယာခင်းဘက်ကို ထွက်ပြေးတာ။ လိုက်လံ ပစ်ခတ် ရှင်းလင်းခဲ့ရတာ။ ၇ ချက်လောက်ပစ်ခဲ့တယ်" လို့ အာဠာဝကပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကိုပေတ က ပြောပါတယ်။
"မနေ့က ၁၂ ဘီးကားတွေ၊ စစ်ကားတွေနဲ့တရွာမှာ ၅ ယောက်ကနေ ၁၀ ယောက်လောက်ထိ လိုက်ချတာရှိတယ်။ ကျနော်တို့ဘက်ခြမ်းတောင် တက်လာတယ်လို့သတင်းရလို့ တိုက်ဖို့စောင့်နေကြသေးတယ်။ ဒါပေမယ့် မရောက်လာကြဘူး"