ပဲခူးတိုင်းက မြို့နယ် ၄ ခုမှာ တရက်တည်းမီးလောင်မှုဖြစ်ပြီး နေအိမ် ၇ လုံးပျက်စီး
ပြည်မြို့နယ်၊ ပေါင်းတလည်အုပ်စု၊ ခွေးရဲရွာမှာ ည ၉ နာရီလောက်က နေအိမ် ၃ လုံး၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းအုပ်စု၊ ညောင်ပင်ကုန်းရွာမှာ မနက် ၁၁ နာရီခွဲလောက်က နေအိမ် ၁ လုံး၊ မိုးညိုမြို့နယ်၊ သရက်တပင်ရွာမှာ နေအိမ် ၂ လုံးနဲ့ အုတ်ဖိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ မနက် ၁ နာရီဝန်းကျင်မှာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တာပါ။