သတင်း

ကလေးမှာ ပကဖစခန်း စီးနင်းခံရလို့ ရဲဘော် ၁၀ ဦးဖမ်းခံရပြီး ၁ ဦးသေဆုံး

“သတင်းပေး ရှိလို့ပေါ့။ သာစည်ရွာက လမ်းတွေ အဲ့လောက်များတာ၊ မျက်စိတောင် လည်တဲ့ဟာကို **တွေက အလွယ်လေးဝင် အလွယ်လေးထွက်သွားတာ၊ ဘာမှကို မကြာလိုက်ဘူး။ အသိုက်ကိုလမ်းပြတဲ့ ဒလန်တခါတည်းပါမယ်လို့တောင် ထင်တယ်။ ကြားတာတော့ မသေမချင်း အရှင်လတ်လတ် ရိုက်သတ်မှာတဲ့။ စောင့်ကြည့်ရမှာပေါ့။"

ဆားလင်းကြီး ကျားတက်ရဲစခန်း တိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

"စကစနဲ့ရဲတွေ ထမင်းစားနေတဲ့နေရာကို ဗုံးသီးတွေချခဲ့တာ။ အဲ့မှာ စကစတကောင်က ပွဲချင်းပြီး သေတယ်။ ၂ ကောင်က ဒဏ်ရာရသွားလို့ ဆေးရုံပို့လိုက်တယ်။ သေဆုံး၊ဒဏ်ရာရတာကို အတွင်းဖရဲသီးနဲ့ အနီးဝန်းကျင်က ဒေသခံတွေပြောလို့ အတည်ပြုနိုင်ခဲ့တာ"

ဘောလုံးပွဲလုံခြုံရေးယူပြီး ပြန်လာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ထိခိုက်မှုရှိ

"ဒီကောင်တွေက ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်တွေဝတ်ပြီးပြန်လာတာကို မိုင်းဆွဲခဲ့တာပါ။ ပထမရှေ့ထွက် ဆွဲပြီး ၁၀ မိနစ်လောက် ရုတ်ရုတ်သဲသဲဖြစ်နေမှ ပတ်လည်ကွဲတဲ့ မိုင်းတလုံးကို ထပ်ဆွဲတာ ၃ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ အခြားဒဏ်ရာ အနည်းငယ်ရသူလည်း ရှိတယ်"

အမြန်လမ်းမှာ ယာဥ်တိုက်မှုထပ်ဖြစ်၊ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

"ကားက ရန်ကုန်က။ နေပြည်တော်ကနေ မန္တလေးသွားတာ။ ကားပေါ်မှာ မိသားစုဝင် ၃ ဦးပါလာတာ။အသက်ကြီးပိုင်းအမျိုးသမီး ၁ ဦးပါတယ်။ ယာဥ်မောင်းအိပ်ငိုက်တာ မဟုတ်ဘူး။ အရှိန်လွန်ပြီးတိုက်တာ။ ယာဥ်မောင်းကတော့ နေရာမှာဘဲသေသွားတာ။ ဆေးရုံရောက်မှ နောက်အမျိုးသမီး ၁ ယောက်ထပ်ဆုံးတယ်"

သိန်း ၉၀ ဖိုး မြေကွက်ပေါင်ပြီး လက်နက်တွေ ထုတ်နေတဲ့ SGF (ရုပ်/သံ)

သူတို့အဖွဲ့ဟာ လက်နက်ကြီးတွေကို အဓိကအသုံးပြုနေကြတော့ လက်နက်ငယ်တွေထက်စာရင် စရိတ်က ပိုကြီးလို့ ရှိတဲ့ပိုက်ဆံနဲ့ မလောက်လို့ မြေကွက်ပေါင်ထားလိုက်တာ

အမိုးနီးယား ယိုစိမ့်မှုကြောင့် လူပေါင်း ၃၀ ကျော် အဆိပ်သင့်မှုဖြစ်ပွား

"အောက်ဆီဂျင်အိုးဖြည့်လုပ်ငန်း ရှိတယ်။ အဲဒီမှာ သုံးတဲ့အိုးတွေကို ဆေးကြောဖို့ လုပ်ကြတဲ့အချိန်မှာ အရည်တွေရှိနေတဲ့ အိုးကို မှားဖွင့်မိပြီး အငွေ့တွေက ပတ်ဝန်းကျင်ကို ပြန့်ကုန်တာလို့ သိရတယ်။ အဲဒီအနံကို ရှုမိတဲ့သူတွေက တော်တော်များတယ်။ အဲ့ထဲကမှ လူအချို့က ဆေးရုံပို့ရတဲ့အခြေနေထိ ဖြစ်ကုန်တာ"

ကြို့ပင်ကောက်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်

"ကျနော်တို့ကျောင်းသားအင်အားစုတွေအနေနဲ့ သွေးမအေးဘဲ ဆက်တော်လှန်နေပါမယ်ဗျ။ ပြည်သူလူထုအနေနဲ့ ဖက်ဆစ်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆက်ပြီးသပိတ်မှောက်ပါဝင်ပေးဖို့ ပြောချင်ပါတယ်"

ပဇီကြီးကို လေကြောင်းနဲ့ ထပ်လာပစ်လို့ ကယ်ဆယ်ရေးရပ်နားထားရပြီး ဒဏ်ရာရကလေး ၁၀ ယောက်ထပ်သေဆုံး

“အခု ဆက်သွယ်လာချက်အရ ဆေးရုံမှာဆုံးတာ ၁၀ ယောက်ကျော်သွားပြီ။ ကျနော်တို့ကယ်တာနဲ့ဆို ခန့်မှန်းခြေ ၂၀ ကျော် ၃၀ နီးပါးကပ်မှာပဲ။ နောက်ထပ် ဒဏ်ရာရထားတဲ့ ကလေးလေးတွေရှိသေးတယ်။ အရွယ်ကတော့ စုံတယ်။ ၅ နှစ်ကျော်တွေလည်းပါတယ်။ တချို့ကလေးတွေကျ ဘာမှကိုပဲ အသက်တွက်လို့မရအောင် ခန္ဓာကိုယ်က တပိုင်းစီဖြစ်နေတာ၊ ခြေထောက်ကလေးတွေကြည့်ပြီး ကလေးလို့ သတ်မှတ်ရတာ" လို့ မြေပြင်မှာသွားရောက် ကယ်ဆယ်ပေးခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

တရက်တည်း ၂ ကြိမ်မိုင်းဆွဲခံရတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်လို့ PDF ၂ ဦးသေဆုံး (ရုပ်/သံ)

"Point B မိုင်းခွဲတဲ့ အချိန်မှာ စခတွေဘက်က ၅ ဦးအပြင်းအထန် ဒဏ်ရာရတယ်လို့ အတွင်းသတင်းအရ သိရတယ်။‌ Point A မိုင်းကွင်းအတွင်းကို ဝင်ရောက်လာတဲ့အခါ ထပ်ပြီးမိုင်းဆွဲတော့ အယောက် ၅၀ နီးပါး အပြင်းအထန်ဒဏ်ရာ ရသွားတယ်လို့ ကြားသိရတယ်။ ကျနော်တို့ဘက်က ကျဆုံးသွားတဲ့ကလေးတွေက ပစ်ခတ်ခံရပြီး ဖမ်းတယ် နှိပ်စက်တယ် သတ်ပြီး ရွာထဲမှာ ထားခဲ့ပါတယ်ခဗျ"

ကဝမြို့နယ်မှာ ရဲတဦးအနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

"ရဲတွေကရှမ်းကန်ရွာဘက်ကနေ သပြုရွာဘက်ကို မောင်းလာတာပါ။ ရဲဘော်တွေနဲ့မျက်နာချင်းဆိုင်ပေါ့၊ ရဲဘော်တွေမျက်မြင်အရ နောက်ကစီးလာတဲ့ ရဲကျည်ထိပြီး ‌ဆိုင်ကယ်ပေါ်ကနေ မြေကြီးပေါ် လန်ကျသွားတယ်။ ဗိုက်ကို ဖိပြီးအော်နေတယ်။ မြေပြင်သတင်းရင်းမြစ်‌တွေအရ ပွဲချင်းပြီးသေတယ်လို့ သိရတယ်"

မိုင်းဆွဲခံရလို့ သေဆုံးမှုရှိခဲ့တဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၆ ဦး ဒဏ်ရာရ

"ပဒေသာမိုင်းနဲ့တိုက်ခိုက်တဲ့အခါ ၇ ကောင် ပွဲချင်းပြီး သေတယ်။ မျက်မြင်တွေ့ခဲ့တာ။ ဒီလိုသေတဲ့အချိန်မှာ တခြားကောင်တွေက ခြုံတွေထဲကို တိုးဝင်ကြတယ်။ သေဆုံး၊ဒဏ်ရာရတဲ့ကောင်တွေကိုတော့ ကားတစီးနဲ့ ရေဦးမြို့ဘက်ကို သယ်သွားတယ်"

မင်းကင်းက စစ်သားနဲ့ပျူ ပူးပေါင်းစခန်းကို PDF တွေသိမ်းပိုက်နိုင်ခဲ့

"ကျနော်တို့တွေက ဒီစခန်းကိုသိမ်းပိုက်နိုင်ဖို့ တလကျော်ကြာ အစီအစဥ်ချခဲ့ရတယ်။ စခန်းထဲကို ဝင်ရောက်မီးရှို့နိုင်ခဲ့တယ်။ စကစနဲ့ပျူတွေမှာ ကျန်ခဲ့တဲ့လက်နက်တွေနဲ့ မိုင်းပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ စကစဘက်က လေယာဥ်မလာမီ သိမ်းနိုင်ခဲ့တာပါ"

ပအဖ ရုံးဖွင့်ပွဲ တိုက်လေယာဥ်နဲ့ လာပစ်လို့ ကလေးငယ်တွေအပါအဝင် ၁၀၀ဝန်းကျင်သေဆုံး (ရုပ်သံ)

ဧပြီလ ၁၁ ရက် ဒီနေ့ မနက် ၇ နာရီကျော်လောက်မှာ တံတားဦးလေတပ်ဆွယ်က တက်လာတဲ့ ဖိုက်တာ ၁ စီးဟာ ပဇီကြီးရွာ ပအဖရုံးဖွင့်ပွဲကို လေကြောင်းကနေ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့ပြီး၊ နောက်ထပ်နာရီဝက်အကြာမှာ နမခ ကနေ ထပ်တက်လာတဲ့ Mi-35 တိုက်ခိုက်ယာဥ် ၁ စီးဟာ ပဇီးကြီးရွာပတ်ပတ်လည်ကို ဒုတိယအကြိမ် လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်

လင်မယား ၂ ဦးလိုက်ပါလာတဲ့ အိမ်စီးကား အမြန်လမ်း လမ်းလယ်ကျွန်းကို တိုက်မိပြီးအမျိုးသမီးဖြစ်သူ သေဆုံး

"ကားပေါ်မှာက လင်မယား၂ယောက်ပဲ ပါတယ်။ လမ်းလယ်ကျွန်းတိုက်ပြီး နေရာမှာပဲ အမျိုးသမီးက သေဆုံးသွားတယ်။ ကျနော်တို့သိရသလောက် ခါးပတ်မပတ်တာလည်း ပါမယ်ထင်တယ်။ တိုက်တဲ့အရှိန်ကလည်း များတယ်။ ကားခေါင်းနဲ့တည့်တိုက်တဲ့ ပုံစံပဲ"

KNU/KNLA(PC) စစ်ရေးချုပ် ဗိုလ်ချုပ်အဲ့ခု ကိုယ့်ကိုကိုယ်အဆုံးစီရင်သွား (Breaking News)

KNU/KNLA(PC) စစ်ရေးချုပ် ဗိုလ်ချုပ်အဲ့ခု ဟာ ဒီကနေ့ မနက်ပိုင်းကပဲ မြဝတီမြို့နယ်၊ ထလော့ကျေးရွာက သူ့ရဲ့နေအိမ်မှာပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ KNU/KNLA(PC) နဲ့ နီးစပ်သူတဦးထံက သိရပြီး သေဆုံးမှုနှင့်ပတ်သက်တဲ့ အကြောင်းအရာများကို ဆက်လက်စုံစမ်းနေပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10