သတင်း

ပေါက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဗိုလ်ကြီး ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးသေဆုံး

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးသေဆုံးကာ ဗိုလ် ၁ ဦးကတော့ လက်ရှိမှာဆေးရုံတက် ကုသနေရတဲ့အပြင် Ma-3 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၆၈ ထောင့်၊ စကားပြောစက် ၁ လုံး နဲ့ အင်္ကျီ ၁ ထည် တို့ကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

လေတပ်ကိုတိုက်ခိုက်မဲ့ အစီအစဉ် ဒလံသတင်းပေးလို့ပျက်တဲ့အပြင် ရဲဘော်တဦးဒဏ်ရာရ

"ထုံးဘိုရွာက ဒလန် လင်မယား ၂ ယောက်က အတိအကျသတင်းပေးခဲ့တာလို့ သိရတယ်။ ရဲဘော် Doe နဲ့အတူ မစ်ရှင်လုပ်ဖို့ အထူးကွန်မန်ဒို ၅ ယောက်ပါဝင်ခဲ့တယ် ။ ရဲဘော် Doe ဟာ ရန်သူနဲ့ အနီးကပ်ဖြစ်တော့ ပစ်ခတ်ခံလိုက်ရတာပါ ။ ကျန်တဲ့အဖွဲ့သားတွေက ရဲဘော် Doe ကိုကယ်ထုတ်နိုင်ခဲ့တယ်။" လို့ ပြောပါတယ်။

ချောက်က မွတ်စလင်အမျိုးသားတွေအပါ ၃ ဦးအသတ်ခံရ

ဦးအောင်ကျော်ဦးနဲ့ ဦးမြင့်ဌေးတို့မှာတော့ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေရရှိထားပြီး၊ ကျန် ၁ ဦးကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကြောင့် ဘယ်သူလဲဆိုတာကို အတည်ပြုလို့မရသေးဘူးလို့လည်း ဆိုပါတယ်။

ရေစကြိုမှာ အစည်းဝေးလုပ်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့  ၂ ဦးသေဆုံး

"စစ်ကောင်စီကအကြီးပိုင်းတွေနဲ့ ပြည်သူစစ်ခေါင်းဆောင်မြင့်ဆွေ(ခ)မောင်မြင့်နဲ့ ပြည်သူ့စစ်အကြီးပိုင်းတွေ သူတို့တပည့်တွေအစည်းအဝေးလုပ်နေတာ၊ လူဦးရေတော့များတယ်၊ ကျနော်တို့ရုတ်တရက်ပစ်လိုက်တော့ ၂ ယောက်တော့အဲနေရာမှာပဲသေသွားတယ်၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကလည်း စစ်မှုထမ်းဟောင်းသူလည်းအတူတူပဲ" လို့ MBT အဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲ ကပြောပါတယ်။

အခမဲ့ဆေးရုံကိစ္စနဲ့ဖမ်းခံထားရတဲ့ဆရာတော် ၅ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

"ဆရာတော်ကိုတော့ ခုထိပြန်မလွတ်သေးဘူးလို့ သိရတယ်။ ဒုလက်ထောက်ဆရာတော်က ဆွမ်းသွားသွားပို့ပေးနေရတယ်လို့ သိရတယ်။ ဆရာတော်ကို မုံရွာမြို့မရဲစခန်းမှာဘဲ ထိန်းသိမ်းထားတယ်။ ကြားမိတာတခုက ဆရာတော်ကိုလူဝတ်လဲထားပြီလို့ ကြားတယ်။ အဲဒါကတော့ ကိုယ်တိုင်မမြင်ရလို့ အတိအကျမပြောတတ်ဘူး။ သိရသလောက်က CDM ဆရာဝန်တွေကို ဘယ်မှာရှိနေတယ်လို့ ပြောပြမှ ပြန်လွှတ်ပေးမယ်လို့သိရတယ်။ " လို့ ပြောပါတယ်။

အိမ်ထောင်စုစာရင်းကောက်ပြီးပြန်လာတဲ့ စစ်အုပ်စုယာဥ်တန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

"မိုင်းဆွဲလိုက်တဲ့အချိန်မှာ ဆိုင်ကယ် ၃ စီးကိုထိသွားတယ်။ ဆိုင်ကယ် ၁ စီးမှာက ၂ ယောက်စီလိုက်စီးကြတာ။ အဲဒီထဲကမှ ကားပေါ်အရောက်မှာ ၃ ယောက်သေတယ်ဗျ။ နောက် ၁ ယောက်ကတော့ တော်တော်လည်းပြင်းထန်ဒဏ်ရာရသွားတယ်ဗျ" လို့ဆိုပါတယ်။

ဖုန်းထင်ပြီးကောက်လိုက်ချိန် ဗုံးပေါက်ကွဲလို့ နွားကျောင်းနေသူတဦး ထိမှန်ဒဏ်ရာရ

“သူက နွားကျောင်းရင်းတံတားအနီးမှာ ကီးပတ်ဖုန်းကိုတွေ့လို့ ကောက်ယူချိန်မိုင်းကွဲတာပါ၊ စိုးရိမ်ရတဲ့ အခြေအနေပါ၊ ဖုန်းကိုအရောင်ပြပြီး အောက်မှာမိုင်းထောင်ထားတာ၊ ဒီဒေသမှာက စစ်**တွေပဲလှုပ်ရှားလာတာပါ၊ ကျနော်တို့ဘက်ကလူတွေက ပြည်သူဒုက္ခဖြစ်စေတဲ့လုပ်ရပ်တွေကို မလုပ်ပါဘူး"လို့ ပြောပါတယ်။

ပျုရွာကို PDF တွေဝင်တိုက်ခိုက်လို့ ၁၀ဦးသေ ၁၈ဦးအရှင်ဖမ်းမိ( ရုပ်/သံ)

အဲ့ဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က စုစုပေါင်း ၁၀ဦးသေဆုံးခဲ့ပြီး ၁၈ဦးကို အရှင်ဖမ်းမိကာ လက်ရှိမှာ NUG ရဲ့ လမ်းညွှန်ချက်နဲ့ ဆက်ပြီးအရေးယူသွားဖို့စီစဥ်ထားတယ်လို့ FIRE Dragon (KU) ဗိုလ်ပျောက်ကြီးက ပြောပါတယ်။

ဒီပဲယင်းနယ်က စစ်တပ်မီးရှို့ခဲ့တဲ့ရွာကို BIA က ဆန်ထောက်ပံ့

“မနေ့ကညနေ ၃ နာရီမှာ သွားရောက်ထောက်ပံ့ပေးခဲ့တာ။ အိမ်ထောင်စု ၁၂၆ စုမှာ ၁ စုကို ဆန် ၁ ပြည် စီထောက်ပံ့ပေခဲ့ပြီး၊ စုစုပေါင်း ဆန် ၉ တင်း ထောက်ပံ့ပေးခဲ့တယ်” လို့ BIA-ဒီပဲယင်းအဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။

နတ်တလင်းမှာ PDF ၄ဖွဲ့ ပေါင်းတိုက်လို့ စစ်သား ၄ ဦးသေပြီး ၆ ဦးဒဏ်ရာရ

ဘိုကြီးစခန်းရွာမှာက စစ်သားအင်အား ၄၀ လောက်တပ်စွဲထားတာ အင်အားဖြည့်ဖို့ လာတဲ့သဘော။ ကျနော်တို့က ဘိုကြီးစခန်းမရောက်ခင်မှာ ဆည်လမ်းကြောင်းထဲမှာဝိုင်းပစ်တာ။ စက်လှေက ရှေ့ဆက်မတိုးတော့ပဲ လာရာလမ်းအတိုင်းပြန်လှည့်သွားတယ်" လို့ Phoenix DFက တာဝန်ရှိသူက ပြောပါတယ်။

ကျေးရွာကို မီးရှို့ဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၄ ဦးသေ

အင်အား ၈၀ ဝန်းကျင်နဲ့ စည်လှောင်ချောင်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက မြရိပ်ကျေးရွာကို မီးရှို့ဖို့ဝင်လာချိန် မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာလို့ စစ်ကျွန်မခံမြွေဆိုးတသိုက် - PDFမှ တပ်ရင်းမှူး ဗိုလ်ပေါကြီးက ပြောပါတယ်။

MRDA – Monywa စခန်းကို စစ်တပ်က စီးနင်းမီးရှို့ခဲ့

“သူတို့ (စစ်ကောင်စီ) ဘက်က စက်ကလေးနဲ့ဆွဲပြီး ၆၀ မမ တွေနဲ့ထုတယ်။ ကျနော်တို့စခန်းထဲကို ကွက်တိကျတယ်။ ရဲဘော်တွေကတော့ အထိအခိုက်မရှိဘူး။ ခွန်ထိုးနဲ့ လက်လုပ်‌မောင်းပြန်တွေ ပစ်လိုတ် ဆုတ်လိုက်ပေါ့။ သူတို့စခန်းအနားကို ကပ်လာတော့ စခန်းကို အသာစီးရသွားတယ်။ အဲဒါကြောင့် စခန်းကို ဆုတ်ခွာခဲ့ရတယ်” လို့ ဗိုလ် Black က ပြောပါတယ်။

ရေစကြိုနယ်မှာ ကျောင်းအုပ်အပါအဝင် ၁၀ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟုဆို

"သူတို့က စာမေးပွဲအကြောင်းပြပြီးလာကြတာ။ တကယ်တော့ အဲကျောင်းရှိတဲ့ ရွာကတော့ ကျောင်းက မဖွင့်ထားဘူး။ ပညာရေးမှူးက သူတို့ကို ဖိအားပေးပြီး စာမေးပွဲအတွက် လွတ်လိုက်လို့ လာရတာ။ အဲတော့ဒေသ PDF အဖွဲ့တွေက လိုအပ်တာသိရဖို့ ခေါ်ယူစစ်ဆေးခဲ့တာ။ ပြီးတော့ ကောင်းကောင်းမွန်မွန်ဘဲ ပြန်လွတ်ပေးလိုက်တယ်"

ပခုက္ကူလဝကရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

"မနေ့ကမှ တိုက်ဆိုင်သွားတာ ကျနော့်တို့က သူတို့အခြေအနေကို သွားကြည့်တာ စောင့်ကြည့်နေတာကြာပြီ။ မနေ့ကမှ တိုက်ဆိုင်သွားလို့ လက်ပစ်ဗုံးတလုံးနဲ့ ပစ်ပေါက်ခဲ့တာပါဗျ။ နောက်ဆုံးရတဲ့ သတင်းအရ စစ်အုပ်စုဘက်က ၂ ဦး သေတယ်လို့ အတွင်းသတင်းရတယ်" လို့ Pakokku Undergroung Forceရဲ့ တာဝန်ခံ ကိုကံကောင်းက ပြောပါတယ်။

စစ်ကောင်စီနဲ့ပေါင်းလုပ်တဲ့ လောင်းကစားဒိုင် ၃ဦး သေနတ်နဲ့ ပစ်သတ်ခံရ

"ပစ်ခတ်ခံရသူတွေက ပျူစောထီးတွေဖြစ်တယ်။ ရဲနဲ့တပ်နဲ့ပေါင်းပြီး လောင်းကစားဒိုင်လုပ်တယ်။ ရဲနဲ့တပ်ကို လိုင်းကြေးပေးပြီးတော့ပေါ့ ဒါကြောင့်ပစ်ခတ်ရှင်းလင်းတာဖြစ်တယ်။ စကစနဲ့ရဲအတွက် ငွေရှာပေးနေတာလေ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10