ဖဲဝိုင်းမှာရှိနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရလို့ သေဆုံး
"သူက သိရသလောက်က မကောင်းတာ အကုန်လုပ်တယ်။ သူကိုယ်တိုင် လောင်းကစားဝိုင်းတွေ ထောင်တယ်။ အခြားသူတွေ နှစ်လုံး၊ သုံးလုံးရောင်းတာ ဖမ်းခိုင်းတယ်။ ပြည်သူတွေကို ခြိမ်းခြောက်အကြပ်ကိုင် ဖမ်းဆီးခိုင်းတာ။ သစ်မှောင်ခိုသမားတွေဆီက ငွေတောင်း ရဲတွေနဲ့ ပေါင်းစားတာ။ မုဒိန်းမှုတစ်ခုဘဲ မလုပ်တာလို့တော့ သိရတယ်။ ကျန်တာက အကုန်လုပ်တယ်"