သတင်းတို

ပခုက္ကူမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရလို့ ၆ဦးထိခိုက်ဒဏ်ရာရ

"ပထမက ဖောကားနဲ့ ခွေးတွေပါလာတယ်ပေါ့နော်။ နောက်တခေါက်က ရိက္ခာကား။ ပထမတခေါက်က လူရော ကားရောထိတာပဲ။ နောက်တခေါက်ဆွဲတာ ကားထိတယ်။ ထိခိုက်တာက ၆ယောက်ပဲ၊ သေဆုံးကတော့ စုံစမ်းဆဲပဲ"

တောင်တွင်းကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသမီး ၂ ဦးဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်နေ

"လွှတ်တော်ကိုယ်စားလှယ်ဖမ်းဆီးခံရပြီး ရန်ကုန်က အမျိုးတော်စပ်တဲ့ အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးပါတယ်။ အင်းစိန်မြို့မရဲစခန်းကို သွားရောက်စုံစမ်းတော့လည်း သူတို့ဆီမှာမရှိလို့ သူတို့လည်းမသိဘူး၊ နောက်တပတ်လောက်နေရင်တော့ သိနိုင်တယ်လို့ အဲဒီစခန်း တာဝန်ရှိသူတဦးက ပြန်ပြောလိုက်တယ်"

ကြံ့ခိုင်ရေးနယ်မြေစည်းရုံးရေးမှူး ၁ ဦး နေအိမ်မှာ ပစ်ခတ်ခံရလို့သေဆုံး

"သူက ရာအိမ်မှူးလည်း လုပ်တယ်။ အရင်ကတော့ ကြံ့ခိုင်ရေးပါတီက နယ်မြေစည်းရုံးရေးမှူးပါ။ အခုတော့ လုပ်မလုပ် မသိရဘူး။ သူကတော့ ကျေးရွာအုပ်ကြီးက ခိုင်းတာရှိရင် လိုက်လုပ်ပေးရတာတော့ရှိတယ်။ ကျန်တာကတော့ ဘာလုပ်နေလဲဆိုတာတော့ မသိရဘူး"

ဆွမ်းသွတ်လုပ်နေတဲ့အိမ်ကို စစ်တပ်ကပစ်ခတ်လို့ ကလေး ၂ ဦးသေဆုံး၊ ၄ လသားကလေးနဲ့မိခင်တို့ ဒဏ်ရာပြင်းထန်

“လသားအရွယ် ကလေးက မိခင်လက်ထဲမှာ နို့တိုက်နေတုန်း မိခင်ရဲ့ ရင်ဘတ်ကနေတဆင့် ကျည်ထုတ်ချင်းပေါက်ပြီး ကလေးရဲ့ မျက်လုံးကိုမှန်တာ မျက်လုံးကျွတ်သွားတယ်လို့ သိရတယ်။ သူတို့က ခုဆေးရုံသွားကြတယ် အခြေနေမသိရသေးဘူး”

ဧရာဝတီမြစ်ရိုး ၅ ရက်တာ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ဟုဆို

"စကစတွေသေဆုံးတာကို ကျနော်တို့ရဲ့ မြေပြင်စောင့်ကြည့်ရဲဘော်တွေရဲ့ မျက်မြင် အရအတည်ပြုနိုင်တာပါ။ သေတဲ့အထဲ ဗိုလ်နှစ်ကောင်ပါတာကို စောင့်ကြည့်ရဲဘော်ရဲ့ ပြောဆိုချက်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို ရှင်းလင်းရေးလုပ်တဲ့အခါ အရာရှိအသုံးအဆောင် ပစ္စည်းတွေကို တွေ့ရှိရခဲ့တာတွေရှိတယ်။ ဒါတွေကြောင့် ဗိုလ်ဆိုတာကို အတည်ပြုခဲ့တာ။ ရှင်းလင်းရေးလုပ်တဲ့အချိန်မှာတော့ အလောင်းတွေ မတွေ့ခဲ့ရဘူး။ စကစတွေက တခါတည်း လက်စဖျောက်သွားတဲ့သဘော"

မကွေးတံတားပေါ်မှာ ဆိုင်ကယ်ကို ကုန်တင်ကားကဝင်တိုက်လို့ လူငယ်စုံတွဲ ၂ ဦး သေဆုံး

"ဖြစ်တဲ့အချိန်မှာ မီးကလည်းပျက်နေတော့ တံတားမှာလည်း မီးမလင်းဘူး။ ဖြူနီကျားနေရာမှာ သူတို့စုံတွဲက ဆိုင်ကယ်ပျက်လို့ ပြင်နေတာလား၊ ရပ်စကားပြောနေတာလား မသိဘူး။ ကုန်တင်ယာဥ်က ဝင်တိုက်သွားတာ"

အင်းတော်အဝင်ဂိတ်မှာ စစ်ကောင်စီက ဓာတ်ပုံနဲ့တိုက်စစ်ပြီး ဖမ်းဆီးမှုတွေပြုလုပ်

“ဒီမနက် အဖမ်းခံရတာ အမျိုးသမီး ၂ ဦးရှိပြီလို့ကြားတယ်။ နောက်ဆက်တွဲကိုတော့ စုံစမ်းနေတုန်းပါ။ စကစတွေက အိမ်ထောင်စုစာရင်းတွေယူပြီး အဲဒီအိမ်ထောင်စုစာရင်းထဲက ပျောက်နေတဲ့ရွာသားတွေကို အဓိကဖမ်းနေတာ။ ကားတွေ၊ ဆိုင်ကယ်တွေဆီကလည်း ပိုက်ဆံတွေ ကောက်တယ်။ တစီးကို ၅ ထောင်ကနေ ၃ ထောင်အထိ ကောက်ခံတာတွေလုပ်နေတယ်။ အခုချိန်ထိလည်း စစ်ဆေးနေတုန်း”

ညောင်ဦးမှာ မိုးသက်လေပြင်းကြောင့် ကားလမ်းရေကျော်တာနဲ့ သစ်ပင်ပိလို့နေအိမ်ပျက်စီးမှုတွေရှိ

"မိုးက ဖွဲဖွဲစရွာပြီး ညနက်ပိုင်းမှ မိုးရွာတာများလာတယ်။ ဒီမနက်မှာတော့ မိုးကတိတ်သွားပြီ။ လေကတော့တချက်ချက်ပါတယ်။ လေကြောင့် မြို့ပေါ်က သက်တမ်းရင့်အပင်ကြီးအချို့ လဲတယ်။ မိုးရွာတာများလို့ ပုဂံ-ညောင်ဦးသွားလမ်း မင်းနန်သူရွာနားမှာ ကားလမ်းရေကျော်တာတွေရှိတယ်။ အဲလမ်းပိုင်းကတော့ မိုးရွာတယ်ဆိုတာနဲ့ ရေကျော်လေ့ရှိတယ်။ မနှစ်က ချောင်းချဲ့ထားတော့ နည်းနည်းတော့သက်သာတယ်။"

မီးဘေးသင့်ပြည်သူတွေကို ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ငွေနဲ့သစ်ဝါးများ ထောက်ပံ့

အလှူရှင်တဦးကလှူဒါန်းတဲ့ ငွေကျပ် ၁၄ သိန်း၊ ပုလဲမြို့နယ် ပအဖ၊ ပကဖတွေက ထောက်ပံ့တဲ့ သစ်နဲ့ဝါးတွေကို နှောကန်ရွာရပ်ကျေး ပအဖနဲ့ မီးဘေးသင့်ကော်မတီထံ အပ်နှံခဲ့ပြီး၊ NUG အစိုးရရဲ့ လူသားချင်းစာနာထောက်ထားခြင်းနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကထောက်ပံ့တဲ့ ငွေကျပ်သိန်း ၂၀ ကိုတော့ မီးဘေးသင့် မင်းတိုင်ပင်၊ နှောရိုး၊ ကိုင်းတွင်း၊ တုံးကန်၊ နွယ်အင်းရွာတွေအတွက် ပေးအပ်ခဲ့တယ်

မြိုင်က ပျူစောထီးတွေ ၂ ကြိမ်တိုက်ခိုက်ခံရလို့ ၁ ဦးသေ၊ ကားပါ မီးရှို့ခံရ

"မိုင်းက သူတို့တွေ ကင်းရုတ်သွားတဲ့အချိန် ညပိုင်းတွေမှာ ထောင်ထားလိုက်တာ။ သူတို့ ကင်းပုန်းလာစောင့်တဲ့ အချိန်မျိုးတွေမှာ မိုင်းဆွဲတိုက်ချလိုက်တာပါဗျ။ ကိုလတ်ဆိုတဲ့ ပျူတယောက်သေတယ်"

စလင်း၊ သရက်တောရဲစခန်း စီးနင်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၅ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

“RPG တွေ၊ လက်နက်ငယ်တွေနဲ့ပစ်ပြီးတော့ စခန်းထဲအထိဝင်တာ။ သူတို့ဘက်က ပြန်မပစ်တော့ဘဲ လုံးဝငြိမ်သွားတဲ့အချိန် စခန်းသိမ်းနိုင်တယ်ဆိုပြီး ရှင်းလင်းရေးတက်လုပ်တာ။ အောက်ထပ်အကုန်လုံး ရှင်းလင်းရေးလုပ်ပြီး အပေါ်ထပ်ကိုအတက်မှာ ဒေါင့်ခန်းကကျန်နေတဲ့ ၁ ကောင်ကပစ်လို့ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့တာ”

အရာတော်နယ်မှာ ပျူစောထီးတွေက ရွာကိုမီးရှို့ပြီး အမျိုးသား ၁၅ ဦးကိုပါ ဓားစာခံအဖြစ်ဖမ်းသွား

“ကျနော်တို့တွေ သူတို့ကိုချောင်း နေတာ ၂ ရက်လောက်ရှိပြီ။ ဒီနေ့မှ ရွာထဲကိုဝင်လာတာ ရွာထဲကို ဝင်လာတဲ့အချိန် သေနတ်တွေပစ်ဖောက်တာမျိုးမရှိဘူး၊ ဓားစားခံအဖြစ် ဖမ်းဆီးခံရတဲ့ပြည်သူတွေက ကိုယ့်ဘက်က ကင်းပုန်းဝပ်နေတဲ့ရဲဘော်တွေလား၊ နွားကျောင်းသားတွေလား ဆိုတာ အတိအကျ မသိရသေးဘူး။ တခြားနယ်ကရဲဘော်တွေလည်း ကင်းပုန်းဝပ်ပေးနေကြတယ်ဆိုတော့လေ။”

ချောင်ဦးမြို့ပေါ်က နေအိမ်တွေကို PDF တွေမီးရှို့တာလို့ ပြည်သူတွေကိုပြောခိုင်းပြီး စစ်ကောင်စီက မှတ်တမ်းယူခဲ့

“ဒီနေ့မနက်ရောက်တော့ မိမိတို့အိမ်မီးရှို့ထဲပါသွားလား ဆိုပြီး ရပ်ကွက်ထဲကို ဝင်ကြည့်ကြတဲ့သူတွေနဲ့ လမ်းသွားနေကြတဲ့ ယောက်ျားရော၊ မိန်းကလေးရော ဖမ်းပြီးတော့ "PDFတွေကပဲရှို့တာပါ"ဆိုပြီးတော့ အော်ခိုင်းတယ်။ ပြီးတော့ ဗွီဒီယိုရိုက်တယ်ဗျ"

ဂန့်ဂေါမှာ စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ်တဦး ပစ်ခတ်ခံရပြီး သေဆုံး

"သိန်းဇော်က ပွဲချင်းပြီးသေတယ်။ သူစီးလာတဲ့ ဆိုင်ကယ်ကိုသိမ်းယူခဲ့တယ်။ သူကရွာကပြည်သူတွေကို ငွေညစ်တာတွေလုပ်တယ်။ ပြီးတော့ သူတို့အချင်းချင်းလည်း မတည့်ကြဘူး။ အဲဒါကို အတွင်းကသတင်းပေးလို့ ပကဖတွေကသွားပြီး ရှင်းလင်းခဲ့တာပါ။ သူ့ဆီမှာလက်နက်ကတော့ မပါလို့မရခဲ့ဘူးဗျ"

ကန်ဒေါင့်ရွာနားက စစ်ကောင်စီစခန်းကို PDF က တက်သိမ်းခဲ့ပေမယ့် ကျည်ကုန်လို့ ပြန်လာခဲ့ရ

"သူတို့ကို သွားတိုက်တဲ့နေရာမှာ လက်နက်အင်အားတော့နည်းတယ်။ ကျနော်တို့ဘက်ကလည်း ၄၀ မမအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တာရှိတယ်။ ကျနော်တို့ဘက်က သူတို့အနား မီတာ ၁၀၀ လောက်ထိ ကပ်နိုင်ခဲ့တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10