သတင်းတို

စစ်ကောင်စီက ရွာမှာတပ်မစွဲရလို့ ပြည်သူ ၁ ဦးကိုသတ်ပြီး နေအိမ်တွေကိုမီးရှို့သွား

"သူတို့သတ်သွားတာက ခြေတွေလက်တွေအရင်ဖြတ်ပြီးမှ မီးရှို့သတ်တယ်လို့ ယူဆရပါတယ်ဗျ။ ဘုန်းကြီးကျောင်းကို ဆွမ်းဂျိုင့်ပို့သွားတဲ့လူပါ သူကဆိုင်ကယ်နဲ့ပါဗျ။ သူ့ဆိုင်ကယ်နေရာကနေ မီးရှို့တဲ့နေရာကို ဝါယာကြိုးနဲ့ချည်ပီးဆွဲသွား‌ပါတယ် ‌သွေးတွေက အတန်းလိုက်ကြီးဗျ ပြီးမှ ဘုန်းကြီးကျောင်းကိုရော မီးရှို့ပစ်ခဲ့တာပါ"

ရွှေဘို-မြစ်ကြီးနား လမ်းဆုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရ

"အခုတိုက်ခိုက်ခဲ့တဲ့ စစ်ဆေးရေးဂိတ်က လုပ်နေတာကြာပြီ။ သူတို့က ခရီးသွားကားတွေ သာမန်သွားလာနေတဲ့ ဒေသတွင်းက ပြည်သူတွေရော အကုန်စစ်တာဗျ။ ငွေတောင်းတာတွေလည်း ရှိတယ်။ ဒဏ်ရာရသူ ၂ ဦးကိုအိမ်စီးကားနဲ့ ပြန်တင်သွားတယ်ဗျ။ ဒဏ်ရာကသေနိုင်တယ် စစ်ကောင်စီအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးလက်ဆောင်ပေးလိုက်တာပါ"

ညောင်ဦးအခြေစိုက်တပ်ရင်းမှာ အမျိုးသမီးထောက်လှမ်းရေး သင်တန်းဆင်းပွဲပြုလုပ်

“ကျနော်တို့လို ပုဂံ ညောင်ဦးမြို့တွေဆိုတာက စစ်ကောင်စီဘက်က အင်အားအတော်လေးသာတယ်။ သေချာလေ့ကျင့်မသင်ဘူးဆိုရင် ရှေ့မှာလည်း ပြဿနာတွေကြုံခဲ့ရတာရှိတယ်။ အဲ့တာကြောင့်လည်း တကယ်တတ်ကျွမ်းတဲ့ ဆရာတွေခေါ်ပြီး ရဲဘော်တွေကို သင်တန်းပေးဖြစ်တာပါ။ ရေရှည်မှာဆိုရင်လည်း အမျိုးသမီးတွေကို တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါနိုင်အောင်လို့ ဘယ်လိုသင်တန်းတွေ ဘာတာဝန်တွေ ပေးမယ်ဆိုတာတော့ အထက်ပိုင်းနဲ့ တိုင်ပင်ပြီး စီစဉ်မှာပါ”

ထီးလင်းမှာ ၅ တန်း ကျောင်းသားတဦး မိုင်းနင်းမိလို့ အသက်အန္တရာယ်စိုးရိမ်ရ

"ခွေးတွေထောင်ထားတဲ့နင်းမိုင်းပါ။ ဒီကလေးကို အမြန်ဆုံးဆေးကုသမှုခံယူဖို့အတွက် လိုက်လံပို့ဆောင်ပေးထားပါတယ်။ ကလေးရဲ့အခြေအနေက ခြေထောက်ကတော့ တဖက်ကတော့ ပြတ်ထွက်သွားတယ်။ အသက်ရှင်နိုင်ဖို့အတွက် ဆေးကုသမှုမီနိုင်မလား မမီနိုင်ဘူးလား မသိရသေးပါဘူး။ အသက်အန္တရာယ်စိုးရိမ်ရပြီး အသက်ဆုံးရှုံးနိုင်မှု အခြေအနေမသိရသေးဘူး"

မုံရွာခရိုင်ထဲက လမ်းပိုင်းအချို့ကို အသုံးပြုခွင့်ယာယီပိတ်

"အမြင့်မြို့ဟောင်းက စစ်ကောင်စီတပ်သားတွေကို ဗောဓိတထောင်တောင်ကြောက တောင်ခမောက်တောင်ကို မနေ့ ညနေက Mi-35,Mi-17 ရဟတ်ယာဥ်တွေနဲ့ ပို့လို့ လမ်းပိတ်ထားတာပါ"

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီးတဦးမြွေကိုက်ခံရ စုစုပေါင်းမြွေကိုက်ခံရသူ ၄၁ ဦးရှိပြီး ၄ ဦးသေဆုံး

"သူကကျွဲကိုအရင်နေရာကနေ တခြားနေရာကို ရွှေ့ဖို့သွားတာမှာ မှောင်နေပြီ၊ နေတဲ့တဲနဲ့လည်း ဝေးလှတာတော့မဟုတ်ဘူး၊ အဲလိုသွားတုန်းဘယ်ဘက်ခြေကို ပိုးထိတာလို့"

သာယာဝတီမှာ တပ်ထောက်ခံပွဲမလုပ်ရဲလို့ ပြည်မြို့မှာပြောင်းလုပ်

"အမှန်ဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရှုံချပွဲကို မြို့နယ်အလိုက်လုပ်ခိုင်းတာ။ သာယာဝတီက PDF ရန်ကြောက်လို့ ပြည်မှာပြောင်းလုပ်ရတာလို့ သိရတယ်"

စစ်ကောင်စီက ခင်ဦးဒေသခံ ၈ ဦးကိုပစ်သတ်ပြီး ၂၀ ဦးထက်မနည်းဖမ်းဆီးထား

"စကစတွေက ရွာထဲကိုဝင်တဲ့အချိန် မနက် ၅ နာရီလောက်ကဝင်တာ။ ကျောက်တွေတင်တဲ့ ကားနဲ့ဝင်တာ။ ဝင်တဲ့အချိန်ကမနက်ခင်းဆိုတော့ ပြင်ဆင်ချိန်မရလိုက်ဘူး။ ဝင်တာကလည်း သူတို့(စကစ)ကားနဲ့မဟုတ်ဘူး။ ကျောက်တင်တဲ့ကားနဲ့ဝင်လာတာ။ ဝင်ပြီးတော့ ကင်းစောင့်နေသူတွေကိုပစ်သတ်တာ”

စစ်ကောင်စီမီးရှို့ဒဏ်ကနေ နှစ်လကျော်ကြာရှောင်နေရတဲ့ ညောင်ကားယားဒေသခံ ၇၀၀ ကျော် အကူညီလိုအပ်နေ

“ခုချိန်ထိကိုမီးရှို့ခံရတဲ့ နေရာတွေလဲမပြန်နိုင်ဘူး။ ရွာနားနီးစပ်တောတွေထဲမှာပဲ နေနေရတယ်။ မြစ်နားနီးတဲ့ရွာတွေဆိုလဲညညဆို ကြောက်နေရတယ်။ အီနာဂါတွေနဲ့ ညဆိုပစ်တော့။ ခုကနှစ်လလောက်ရှိပြီညောင်ကားယားက ၇၀၀ ကျော် ၈၀၀ နီးပါး မီးဘေးရှောင်နေရတာ။ နေစရာအမိုးအကာရော အစားအသောက်အကုန်လိုအပ်နေပြီး အကူအညီတွေလိုနေတယ်”

ကင်းလှည့်နေတဲ့ စစ်အုပ်စု စနိုက်ပါနဲ့ပစ်ခံရပြီး ၂ ဦးသေဆုံး

"သူတို့အဖွဲ့က ကိုင်းလယ်စခန်းကနေထွက်လာချိန် မီတာ ၂၀၀ လောက်ပဲ ရှိအုန်းမယ်။ ကျနော်တို့အဖွဲ့ကစောင့်ပြီး စနိုက်ပါနဲ့ပစ်ခဲ့တာ။ သူတို့တွေကဝတ်စုံအပြည့်နဲ့ဆိုတော့ ထိသေတဲ့သူတွေက ပျူလား စကစလား ခွဲရတော့ခက်တယ်။ ပစ်ခတ်လို့ သူတို့ဘက်က ထိခိုက်သေဆုံးတာရှိတာနဲ့ ပြန်ဆုတ်လာခဲ့တယ်"

မီးရှို့ခံလိုက်ရတဲ့ အိမ်ထောင်စု ၁၄၅ စုကို PDF က ဆန်၊ စောင်နဲ့ အဝတ်အထည်တွေ ထောက်ပံ့

"ကျနော်တို့ အိမ်ခြေ ၁၀၀ ကျော်ကို ၁ အိမ်ကို ဆန် ၁ တင်းနှုန်းဝေခဲ့တယ်။ နောက်တရွာက မီးဘေးသင့် ၁၂ အိမ်ကို ဆန် ၁ အိတ်လှူဒါန်းခဲ့တယ်။ အိမ်ထောင်စု ၁၄၅ စုအတွက် အဝတ်အထည်နဲ့ စောင်တွေ လှူဒါန်းပြီး သောက်ဖို့သောက်ရည်အိုး အခက်အခဲဖြစ်နေမှာစိုးလို့ သောက်ရည်အိုးတွေ လှူဒါန်းခဲ့ပါတယ်"

တန့်ဆည်မြို့ပေါ်ရပ်ကွက်တွေထဲမှာ ပျူထဲဝင်ကြဖို့စစ်ကောင်စီကလိုက်လံစည်းရုံး

ဒီဇင်ဘာ ၃၀ ရက်မနက် ၁၀ နာရီကနေ ၁၁ နာရီအထိ တန့်ဆည်မြို့နယ် ဘောလုံးကွင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေကရပ်ကွက်ထဲကလူတွေကို တအိမ်တယောက်မဖြစ်မနေတက်ရောက်ရမှာဖြစ်ကြောင်းနဲ့ တက်ရောက်ခဲ့တဲ့ဒေသခံတွေကိုလည်း “ကိုယ့်မြို့ကိုယ့်နယ်ကိုလက်နက်ကိုင်ပြီးကာကွယ်ချင်ကြလားလို့” မေးခွန်းတွေကိုမေးပြီးပျူထဲဝင်ဖို့လိုက်လံတိုက်တွန်းနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု အနီးကပ်တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး သေနတ်နဲ့ကျည်တွေ သိမ်းဆည်းရမိ

"အဲဒီရွာမှာ စခန်းချထားတာကကြာပြီဗျာ။ ရွာထဲအင်အားအနေနဲ့က ခန့်မှန်းရခက်ပါတယ်။ အခုဟာ အပြင်ကို ထွက်လာတဲ့ အင်အား ၄၀ လောက်ကို စောင့်ပြီးတိုက်ခိုက်တာမှာ တိုက်ပွဲဖြစ်တာပါ။ ပေ ၂၀ ဝန်းကျင်လောက်ကနေ အနီးကပ်ကင်းပုန်းချပြီး စောင့်ဆိုင်းတိုက်ခိုက်တာပါ"

မြိုင်နယ်က ရွာ ၃ ရွာကို စစ်အုပ်စု မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး

"ဒီစစ်ကောင်စီတွေနဲ့ ပျူတွေက မနေ့ကဆိုရင် မန်ကျည်းလေးပင်ရွာကို စပြီးတော့ မီးရှို့တယ်။ ပြီးတော့ ကန်နက်ရွာကို မီးရှို့တယ်။ အဲဒီကနေ အိုးဘိုရွာကိုဝင်ပြီး ညအိပ်တယ်။ မနက်ရောက်တော့ အိမ်တွေကို မီးရှို့တော့တာပဲ။ မီးရှို့ပြီးတော့ အဲဒီကောင်တွေက ၁၂ နာရီလောက်မှာ ပြန်ထွက်သွားတယ်။ အခုတော့ မီးရှို့ခံရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းရေးလုပ်ပေးနေကြတယ်"

ပုလဲမှာ စစ်ကောင်စီစခန်းချနေတဲ့ အင်မထီးပျူရွာကို ၆၀ မမ လက်နက်ကြီး နဲ့ အချက် ၃၀ နီးပါး ပစ်ခတ်ခဲ့

“ကျနော်တို့ ၂၈ ရက်နေ့က ညနေ ၄ နာရီခွဲလောက်မှာ သွားပစ်တာပါ။ လက်လုပ် လက်နက်ကြီး ၆၀ မမ နဲ့ အလုံး ၃၀ လောက် ပစ်ခတ်ခဲ့တယ်။ အဲဒီအင်မထီးရွာမှာ စစ်ခွေးနဲ့ပျူ ၆၀ ကျော်ကျော်ရှိမယ်။ ပစ်ခတ်ချိန်က ၁ နာရီ လောက်ကြာတယ်။ သူတို့ဘက်ကလည်း ပြန်ပစ်တော့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ကြပါတယ်။ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး။ နောက်ဆက်တွဲသတင်းကို လေ့လာစုံစမ်းနေတုန်းပါ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10