သတင်းတို

တပ်ထောက်ခံပွဲကို " အိမ်ရှေ့ခွေဝဲစားတွေဟောင်လို့ ထွက်ကြည့်တာ"လို့ Tiktokတင်သူ ရိုက်နှက်ဖမ်းဆီးခံရ

"မနက်က စကစ ထောက်ခံသူတွေက ဆန္ဒပြပွဲလုပ်တယ်။ အဲဒါကို Tiktok မှာ" အိမ်ရှေ့ခွေဝဲစားတွေဟောင်လို့ ထွက်ကြည့်တာ"လို့ ဥပုတ်တော် ၉ လမ်းနားမှာနေတဲ့ သူက တင်လိုက်တာ။ မကြာဘူး။ စကစ အဖွဲ့တွေရောက်လာပြီး ရိုက်နှက်ဖမ်းသွားတယ်"

စစ်အုပ်စုက လက်နက်ပြ ဆက်ကြေးကောက်နေလို့ ဒေသခံတွေ သွားလာရေးခက်ခဲနေ

“ပစ်ခတ်တာတွေတော့ မလုပ်ဘူး။ သူတို့စခန်းပတ်ပတ်လည် လမ်းသွားလာတွေဆီက ပစ္စည်းတွေသိမ်းဆည်းတာ၊ ကားတွေကို ငွေညစ်တာတွေ အမြဲတမ်းလုပ်လေ့ရှိတယ်။ မရမက လုပ်လေ့ရှိတယ်။ ဘာပစ္စည်းတွေပါလဲ၊ မင်းတို့ ထောက်ပို့လုပ်နေတာလား စွတ်စွဲတာတွေ လုပ်တယ်။ မင်းတို့ဘယ်လောက်‌တော့ ပေးခဲ့လို့ လုပ်တာတွေရှိတယ်။ အခုလိုလုပ်ရပ်က လက်နက်ပြပြီး ဓါးပြတိုက်နေတာပါပဲ”

မြေတိုင်းရွာဥက္ကဌအိမ်ကို PDF တပ်ဖွဲ့မှ Drone နဲ့ပစ်ခတ်

“မြေတိုင်းရွာ ဥက္ကဌအိမ်မှာစစ်**တွေတပ်စွဲပြီး အုပ်ကြီးကိုစောင့်နေတယ်ဆိုတာကို သိလို့ကျတော်တို့ Drone နဲ့ ၂ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တယ်။ ဒီလထဲမှာပဲ အုပ်ကြီးအိမ်မှာ PDF ရဲဘော်၂ ဦး အသတ်ခံထားရတယ်။ ရက်ကိုတော့ အတိအကျမမှတ်မိတော့ဘူး။ အဲဒါကို လက်တုန့်ပြန်တဲ့အနေနဲ့ အဲဒီအိမ်ကို Drone နဲ့ကြဲချခဲ့တာပါ”

မြောင်နဲ့ချောင်းဦးမှာ အညာဆောင်းဒဏ်ခံနေရတဲ့ စစ်ရှောင်တသောင်းကျော် အရေးပေါ်အကူညီတွေ လိုအပ်နေ

“စစ်ကောင်စီဘက်က အညာကို တောက်လျှောက်ဖိနှိပ်နေတာ၊ ဒီလထဲ (ဒီဇင်ဘာလ)မှာကို ၆၀ မမ၊ အီနာဂါတွေနဲ့ အကြောင်းမဲ့ရွာတွေကို ပစ်ခတ်တာ၊ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေလို့ ဒေသခံပြည်သူတွေရဲ့အိမ် တသောင်းကျော် မီးလောင်ဆုံးရှုံးခဲ့သလို သောင်းနဲ့ချီတဲ့ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ဘေးရှောင်ဦးရေ ထောင်ကျော် အကူအညီတွေ လိုအပ်နေတာ”

အင်တာနက်ဖြတ်တောက်ခံရတဲ့ဒေသတွေမှာ လူထုလွတ်မြောက်ရေးစာစဉ်တွေ ဖြန့်ဝေ

“နိုင်ငံရေးအတွေးအခေါ် ထည့်သွင်းပေးနိုင်ဖို့က စာစဉ်တွေရဲ့ တာဝန်ဖြစ်တယ်။ အင်တာနက်မရတဲ့‌ဒေသက ပြည်သူတွေဆီကို အင်တာနက်ရတဲ့ဒေသက သတင်းတွေ၊ ဆောင်းပါးတွေ၊ ဖျော်ဖြေစရာတွေ၊ နိုင်ငံရေးအတွေးအခေါ်တွေကို ပေးနိုင်ဖို့၊ အဲ့လိုပဲ အင်တာနက်ဖြတ်တောက်ခံဒေသက လှုပ်ရှားမှုတွေကို အင်တာနက်ပေါ်မှာရှိတဲ့ ပြည်သူတွေဆီ ပြန်ပေးနိုင်မယ့် ပေါင်းကူးတခုအနေနဲ့ ထုတ်ဝေခဲ့တာဖြစ်ပါတယ်"

ကဝမှာ စစ်ကောင်စီက ငွေတောင်းယူပြီး တရားမဝင်ငါးဖမ်းလှေတွေကို လုပ်ပိုင်ခွင့်ပေးနေ

"စကစ အာဏာသိမ်းပြီးကတည်းက စစ်တောင်းမြစ်ထဲမှာ ငါးလုပ်ငန်းဦးစီးဌာနက ကန့်သတ်ထားတဲ့ သံဇကာပိုက်တွေနဲ့ ငါးဖမ်းတဲ့သူများလာတယ်။ ဒါတွေကို ခွင့်ပြုပေးနေတာက ကဝက စကစ နဲ့ပတ်သက်နေတဲ့အဖွဲ့တွေ။ သူတို့က ငွေယူထားပြီး စစ်တောင်းမြစ်ထဲ ကြိုက်သလိုလုပ်ဖို့ ခွင့်ပြုထားတယ်။ သူတို့ကို ငွေပေးထားတဲ့အဖွဲ့တွေက အခြားတရားဝင်နည်းလမ်းနဲ့ ငါးဖမ်းသူတွေရဲ့နေရာကို အုပ်စုလိုက် ဝင်လုတယ်။ ပြသနာရှာတယ်။ ကြာလာတော့ တရားဝင်လုပ်တဲ့သူတွေက နေရာတွေပျောက်ပြီး လုပ်စားကိုင်စားလို့မရတော့ဘူး"

ခင်ဦးမှာ နေအိမ်ကို လက်နက်ကြီးကျလို့ ၅ ဦး ဒဏ်ရာရပြီး ၁ ဦး ဒဏ်ရာပြင်းထန်

"ဒဏ်ရာရသူတွေရဲ့နာမည်တွေကိုတော့ လုံခြုံရေးအရပြောလို့ မရဘူးဗျ။ ငါးယောက်ဒဏ်ရာရတဲ့အထဲမှာ ဝါးရုံကုန်းရွာက အမျိုးသားတယောက်ကတော့ ဒဏ်ရာတော်တော်လေးပြင်းပါတယ်။ သူ့ရဲ့ခန္ဓာတကိုယ်လုံးမှာ ကျည်စတွေဝင်သွားတာ။ ကျန်တဲ့လေးယောက်ကိုတော့ ကျည်စတွေက အနည်းငယ်ပဲထိမှန်ခဲ့တာ။ အခုတော့ အကုန်လုံးဆေးကုသမှု ခံယူနေရတုန်းပါ"

မကွေးတိုင်းအတွင်းက NUG လက်အောက်ခံ စာသင်ကျောင်းမှာ အကူညီလိုအပ်နေ

"အခုက ဒီဇင်ဘာလ ၂၇ ကစပြီး ကျောင်းအပ်လက်ခံပါတယ်။ အလယ်တန်းအဆင့်ထိပါ ကျောင်းသားသူဦးရေ KG တန်းကနေ ၉ တန်းအထိ ကျောင်းသားသူ ၁၇၀ ရှိပါတယ်။ သင်ထောက်ကူပစ္စည်းလေးတွေနဲ့ စနစ်သစ်ဖတ်စာအုပ်တွေ ဆရာဆရာမတွေအတွက် သင်ရိုးသစ်လမ်းညွှန်တွေ လိုအပ်ပါတယ်"

ချောင်းဦးမှာ ရွာလှည့်မီးရိူ့နေတဲ့စစ်ကောင်စီတပ်နဲ့ပျူတွေကို PDFက မိုင်းဆွဲ တိုက်ခိုက်

"သူတို့ကမနေ့က ၂၈ ရက်မနက်ကတည်းက တောကျောင်းလေးရွာကစပြီး နဂါးဗိုလ်ရွာကို မီးရိူ့တာ ကျနော် တို့က ကုန်းသာရွာအဝင်မှာ ပဒေသာမိုင်း ၃ လုံးနဲ့ခွဲခဲ့တာပါ "

တောပုရွာက ပျူခေါင်းဆောင်အပါ ၃ဦး ပစ်ခံရလို့ သေဆုံး

"ပျူတွေထွက်မယ်လို့သတင်းအတိအကျရတဲ့အတွက်ရွာအထွက်မှာသွားရောက်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီပျူတွေထဲမှာတောပုပျူခေါင်းဆောင်တဦးဖြစ်တဲ့အရင်ကစစ်မှုထမ်းဟောင်း(အခုတော့ပျုအဖွဲ့ဝင်)ပါ။ သူတို့နဲ့အတူပါလာတဲ့အမျိုးသမီးကိုတော့အေးအေးဆေးဆေးပြန်လွှတ်ပေးလိုက်ပါတယ်။ ဘာရိုက်နက်မှုမှမပြုလုပ်ခဲ့ပါဘူး"

ရာအိမ်မှူးနဲ့ လူငယ် ၄ ဦးကို PDF လို့စွတ်စွဲပြီး စစ်ကြောရေးပို့ခံရ

"ရာအိမ်မှူးနဲ့ကလေးတွေ ဖမ်းခံရတာဟုတ်တယ်။ ဖမ်းခံရတဲ့ ကလေးတွေက သာယာဝတီဂဠုန်အဖွဲ့ဝင်တွေမဟုတ်ဘူး။ လက်နက်တွေမိသွားတာလဲ ဟုတ်ပါတယ်။ အရင်တခေါက်က ရဲကား ၂ စီးကို တိုက်ခိုက်အပြီးမှာ အစထွက်ပြီး ဖမ်းခံရတာလို့ ပြောရမယ်။ ခုဖမ်းခံရတဲ့သူတွေက အဖွဲ့နဲ့မသက်ဆိုင်သလို အဖွဲ့ကလုပ်တဲ့ မစ်ရှင်တွေမှာလဲ ပါတဲ့သူတွေမဟုတ်ဘူး"

မီးရှို့ခံရတဲ့ရွာက ဆန်တွေကို တပ်ထောက်ခံသူတွေကို ဝေပေးနေ

"ကျတော်တို့ဆီက ယူသွားတဲ့ဟာတွေကို ဝေပေးတဲ့သဘော။ တအိမ်တယောက် လာယူရမယ် မလာရင် အရေးယူမယ်လို့ ခြိမ်းခြောက်တယ်။ ပြည်သူတွေကို ဆန်တွေဆီတွေ လှူပါတယ်ပေါ့။ ဓာတ်ပုံတွေ ဗီဒီယိုတွေရိုက်တယ်။ မြဝတီနဲ့ စစ်တပ်ပိုင်မီဒီယာတွေကတဆင့် ဝါဒဖြန့်ဖို့လုပ်နေတာ။ ဝေတာတောင်မှ လာယူကြပါမဟုတ်ဘူး။ မလာမနေရဆိုတော့ သူတို့ပေးတာကို လာမယူကြမှာ စိုးပုံရတယ်"

ချောင်းဦးမှာ ၂ ရက်အတွင်း ကျေးရွာ ၆ ရွာနီးပါး စစ်ကောင်စီမီးရှို့ဖျက်ဆီး

ဒီဇင်ဘာ၂၇ ရက်နေ့က ချောင်းဦးမြို့နယ်၊ ဝယာကျေးရွာနဲ့ ရွာသစ်ကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်နေ့က နဂါးဗိုလ်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ တောကျောင်းလေးကျေးရွာနဲ့ ထန်းတောကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။

ပခုက္ကူက ဒေသခံ ၅ ဦးကို ပျူစစ်ကြောင်းက ဖမ်းသွား

"မနေ့က အဲဒီဘက်ရွာခြမ်းကို အောင်သာနဲ့ဇီးကုန်းဘက်က ပျူစစ်ကြောင်းဝင်လာခဲ့တာ။ သူတို့လာတော့ ရွာသားအချို့ကပြေးကြတယ်။ ခု ဖမ်းခံလိုက်ရတဲ့သူတွေက သူတို့နဲ့မဆိုင်ဘူး။ ဘာမှ မလုပ်လောက်ဘူးဆိုပြီး ရွာထဲကျန်နေတာ။ အဲဒါကို ပျူစစ်ကြောင်းက ဖမ်းသွားတာ။ သူတို့ကို ဖမ်းပြီးတာနဲ့ပြန်ထွက်သွားတယ်"

ပဲခူးတိုင်းစစ်ကောင်စီထိန်းချုပ်နယ်တွေမှာ ကြံခိုင်ရေးက ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်လာ

"ဒါက ရွေးကောက်ပွဲနီးလာလို့ သူတို့ဘက်က ပြင်ဆင်မှုတွေ လုပ်လာတယ်လို့ပဲ မြင်တယ်။ ပဲခူးအနောက်ခြမ်းဘက်မှာလည်း စကစ ဘက်က ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မယ့် ပုံစံတွေ တွေ့လာရတယ်။ ရွေးကောက်ပွဲဖြစ်တာ မဖြစ်တာက ပြည်သူတွေအပေါ်မှာ မူတယ်တယ်။ ပြည်သူတွေက ကိစ္စတခုကို မေ့လွယ်ပျောက်လွယ်တာမျိုး မဖြစ်ဖို့တော့လိုတယ်။ ဒီအချိန်မှာ ပြည်သူနဲ့စကစ တော်လှန်နေတဲ့သူတွေအကြား အချိတ်ဆက်မိမိနဲ့ ပိုလုပ်နိုင်ဖို့လိုတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10