သတင်းတို

ရွှေတောင်က စစ်ကောင်စီဂိတ် ဗုံးခွဲခံရလို့ တပ်သား ၁ ဦးသေဆုံး

"ပွဲသာရွာထိပ်က ဆိုင်ကယ်စစ်တဲ့ ရဲလေးယောက်ကို ဗုံးခွဲလိုက်တယ်။ ဗုံး၂ လုံးနဲ့ခွဲလိုက်တာ။ သေဆုံးတယ်လည်းကြားတယ်၊ တော်လှန်ရေးရဲဘော်တွေကတော့ အန္တရာယ်ကင်းတယ်"

PDF နဲ့ စစ်ကောင်စီရဲတပ်ဖွဲ့စိန်ခေါ်ပစ်ခတ်ပြီး ရဲတွေဘက်ကအထိနာလို့ လေကြောင်းပစ်ကူခေါ်ရ

“တောင်ပေါ်က KUG တွေသတ္တိရှိရင် စခန်းလာသိမ်းလှည့်လို့ သေနတ်ဖောက် လမ်းထွက်စိန်ခေါ်တယ်၊ စိန်ခေါ်တာကို လက်ခံပြီးတိုက်တဲ့ပွဲဆိုတော့ သူတို့လည်းပြင်ဆင်တယ်။ ကျနော်တို့လည်း ပြင်ဆင်တယ်။ ၂ ကြိမ်တိတိစီးနိုင်ခဲ့ပါတယ်။ နောက်ဆုံးရဲစခန်းဘက်က counter ၄ယောက်ပဲ ပြန်နိုင်တော့တာ၊ ဝင်သိမ်းခါနီး လေယာဥ်ပစ်ကူရောက်လာလို့ စခန်းမသိမ်းနိုင်ခဲ့ဘူး။ ရဲ**နဲ့စစ်**တွေကို ပြင်ဆင်ချိန်ရအောင် ဝဲပေးတဲ့သဘောမျိူးပါ၊ ပစ်တာတော့မပစ်ဘူး။”

စစ်ကောင်စီတပ်စွဲထားတဲ့ရွာနားက မိုင်တဲတာဝါတိုင် မိုင်းခွဲခံရ

"အဲဒီမိုင်တဲတာဝါတိုင်အနားမှာ စစ်ကောင်စီက မိုင်းအပြည့်ထောင်ထားတာ။ အရင်တုန်းကလည်း အဲဒီအနားမှာ ခဏခဏမိုင်းမိတယ်။ လူကိုတော့မိုင်းမမိဘူး။ တိရစ္ဆာန်တွေနင်းမိုင်းတွေ ခဏခဏမိတာများတယ်။ ကျနော်တို့ကတော့ မဖြုတ်တတ်တော့ မဖြုတ်ဘူး"

ချောင်းဦးကို တပ်ကူသွားတဲ့စစ်ကောင်စီယာဉ်တန်းကို အစ္စလာမ်ကွန်မန်ဒိုအဖွဲ့က မိုင်းဆွဲတိုက်ခိုက်

“သူတို့က ၃ စီးအတန်းလိုက်လာတာ၊ အရှိန်ကအရမ်းများတယ်၊ များတဲ့အပေါ်မှာဆွဲလိုက်တော့ ကားရပ်သွားတာမျိုးတော့မရှိပေမယ့်၊ အစနတွေတော့ကျနေခဲ့တယ်၊ မီးခွက်တွေ၊ ဘက်မှန်တွေပေါ့၊ နောက်ဆုံးကားကနေ တရစပ်ပစ်တယ်၊ ကျနော်တို့ကလည်း ပြန်ပစ်လိုက်တော့ သူတို့ဘက်က သေနတ်ပစ်တာ တလမ်းလုံးအနေထားမှာ လုံးဝရပ်သွားတယ်။”

ဆိုင်ကယ်ဖမ်းပြီးပြန်လာတဲ့ရဲကား ၂ စီး အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခံရ

"ရဲကား ၂ စီးလာတာကို ဒုတိယကားကိုထိတာ။ ကားကတော့မိုင်းစတွေထိမှန်သွားတယ်။ အဲဒီကားနောက်ထဲမှာက ရဲ ၄ ယောက်ပါတယ်။ သူတို့အနည်းအကျဥ်းတော့ ထိခိုက်သွားတယ်။ အများကြီးပြင်းပြင်းထန်ထန်ကြီးတော့ မဖြစ်နိုင်ပါဘူး။ မိုင်းက ၁ လုံးတည်းပဲခွဲလိုက်တာဆိုတော့ ထိခိုက်မှုအားနည်းသွားတာ"

လူငယ် ၄ ဦးကို ဖမ်းဆီးပြီး ပုလဲနယ်မှာ ဒရုန်းသင်တန်းပေးဖို့ သွားသူတွေလို့ စွပ်စွဲထား

"အဲနေ့က ခရီးသည်တင်ကား ၂ စီးနဲ့ လိုက်ပါလာတဲ့ လူငယ် ၄ ဦးကို PDF တွေဆိုပြီး စကစ ဘက်က တံတားမှာ ဖမ်းလိုက်တာတော့ သိရတယ်။ ကား ၁ စီးမှာ ၂ ယောက်စီလိုက်ပါလာကြတာ။ မြောင်ဘက်ကိုသွားမယ်လို့တော့ သိရတယ်။ ကျနော်တို့ဘက်ကသူတွေမဟုတ်တော့လည်း နောက်ပိုင်းသတင်းအခြေနေကို ထပ်မသိရတော့ဘူး။ အဲနေ့က ဖမ်းဆီးခံလိုက်ရတဲ့ အခြေနေကိုပဲ သိလိုက်ရတယ်။"

ယင်းမာပင်က စစ်ကောင်စီစခန်းကို PDF ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုန်းနဲ့ပစ်

"ပျူတွေ ကားနှစ်စီးနဲ့တပ်ထောက်ပို့အတွက် ထပ်ရောက်လာလို့တိုက်ခိုက်ခဲ့တာပါ။ ညနေ ၄ နာရီကျော်လောက်ကနေ စပစ်ခတ်တာပါ၊ နာရီဝက်ကျော်ကြာပါတယ်။ အဝေးပစ်ရှော့တိုက်ဒုံး ၅ လုံးပစ်ခတ်ခဲ့တာပါ။ အထိအခိုက်တော့ သေချာမသိရဘူးဗျ။ အစပိုင်းတော့ပြန်ပစ်တယ်။ သူတို့စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီးနောက်ပိုင်း ပြန်ပစ်ခတ်တာတော့ မရှိတော့ဘူး"

ချောင်းဦးမှာကျေးရွာ ၇ ရွာက ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ

“လေယာဉ်တွေပတ်တာ နှစ်နာရီလောက်ကြာတယ်။ တိုက်ပွဲမှာတော့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူး။အကုန်တော့ပြေးနေရတယ်”

လူမူကူညီရေးကားကိုမောင်းနှင်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့သေဆုံးမှုရှိနိုင်

"ဒီလူမူကူညီရေးကားနဲ့ စစ်ကောင်စီတွေလာတဲ့အခါမှာ ကျနော်တို့တပ်ဖွဲ့တွေကစောင့်ကြိုပြီးတော့ မိုင်းဆွဲလိုက်တာ။ ရှေ့ထွက်မိုင်းနဲ့ပေါ့။ ကားရဲ့မှန်တွေကတော့ ကွဲထွက်သွားတယ်။ လူတွေဘယ်နှစ်ဦး ထိခိုက်သေဆုံးလဲတော့ မသိခဲ့ဘူး။ ကျနော်တို့ကအရေးပေါ်လုပ်လိုက်ရတာဆိုတော့ ဗီဒီယိုမှတ်တမ်းတောင် မရိုက်ခဲ့ရဘူး"

အလှူလာတဲ့ကား မီးရထားစက်ခေါင်းနဲ့ တိုက်မိပြီး ၅ ဦးဒဏ်ရာရ

"သူတို့က ရှမ်းပြည်နယ်ကနေ လက်ဝဲကျေးရွာအလှူကိုလာတာ။ ညပိုင်းမှာ ညောင်ဦးမြို့ထဲသွားဖို့နေမယ်၊ ထွက်လာတာ။ တွဲမပါတဲ့ရထားစက်ခေါင်းနဲ့တိုက်မိတာ။ ကားပေါ်မှာက ကျားမ ၁၁ ဦးလောက်ပါတယ်။ ၅ ဦးလောက် ဒဏ်ရာရသွားတယ်"

ရွှေဘိုမှာ စပါးခိုးရိတ်နေတဲ့ပျူစောထီးတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ

"ရွာသာရွာကျေးရွာကပျူရွာတွေဗျ၊ သူတို့ကကောက်ရိတ်စက်နဲ့ အနီးနားက စပါးခင်းတွေကို ပျူအင်အားအများအပြားနဲ့ခိုးရိတ်နေတာကို ဒရုန်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ"

ဒဏ်ရာရစစ်သားတွေကိုတင်လာတဲ့ကား မိုင်းဆွဲခံရပြီး တပ်ကြပ်အပါအဝင် ၆ ဦးသေဆုံး

“ရွာထဲမှာထားထားတဲ့လူနာတွေကို ပခုက္ကူဆေးရုံပို့တာ၊ မိုင်းက ၆လုံးစီခွဲတာ၊ ကားအရပ် စစ်**တွေက ကားပေါ်ကအဆင်းမှာ နောက်ထပ် ၆လုံးထပ်ခွဲတာ၊ ထိတွေ့မှုနာရီဝက်ကြာလိုက်တယ်ဗျ၊ ၆ ဦးသေပြီး ၂ဦးကခြေပြတ်တယ်၊ အင်ပင်ရွာက စစ်** ပျူ**တွေတပ်ကူလာလို့ ရဲဘော်အားလုံးဆုတ်ခွာခဲ့တယ်။”

မုံရွာက စျေးခေါင်း ၁ ဦး အသတ်ခံရ

"သူက Non-CDM ဝန်ထမ်း ၁ ယောက်ပဲ။ ဖြစ်တဲ့အချိန်က စျေးခေါင်းရုံးပေါ်မှာ သူတယောက်တည်း ရှိနေချိန်လို့တော့ သိရတယ်။ အဲဒါကို သေနတ်နဲ့ပစ်တာကော ဓားနဲ့ပါထိုးခဲ့တာ။ နေရာမှာပဲ သေသွားတယ်"

ဆောမှာ အကြောင်းမဲ့ လေယာဥ်နဲ့ဗုံးလာကြဲလို့ ၄ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရ

"ဘာပစ်ခတ်မှုမှမရှိဘဲနဲ့ ရုတ်တရက်ကြီး လေယာဉ်နဲ့လာပစ်တာ။ ရွာသားတွေကပြေးချိန်တောင်မရလိုက်ဘူး။ သေဆုံးသွားတဲ့အန်တီကလည်း ညနေစာချက်ပြုတ်နေချိန်ထိမှန်သွားတာ။ နေအိမ်၄လုံးလည်းပျက်စီးသွားတယ်"

မတ္တရာမှာ စစ်တပ်ကရွာကိုမီးရှို့ပြီး ဒေသခံ ၃၀ နီးပါးကိုပါဖမ်းဆီး

"စစ်ကောင်စီတွေက ပိုဝမြောက်ရွာက နေအိမ် တလုံးကိုမီးရှို့တယ်။ ပြီးတော့ ရွာထဲက လူကြီး၊လူငယ် ၂၀ ကျော် ၃၀ လောက်ကိုဖမ်းတယ်။ သူတို့ကို ကြိုးတုတ်ထားပြီးတော့ ရိုက်နှက်ကြတယ်။ ဖမ်းခံထားရသူတွေအကုန်လုံးက ပြည်သူတွေပါ။ နာမည်တွေမသိရသေးဘူး။ စကစတွေက သူတို့ကိုမတ္တရာဘက်ကို ခေါ်သွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10