အုတ်ဖိုမြို့နယ်က ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်ခတ်ရှင်းလင်းခံရ
"ပစ်ခတ်တဲ့အချိန်မှာ ညီအကို ၂ယောက်တွေ့တယ်။ ဒါပေမယ့် အပြစ်မရှိသူကိုလွှတ်ပေးပြီး အပြစ်ရှိတဲ့ချစ်မင်းသူကိုပဲ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာပါ"
"ပစ်ခတ်တဲ့အချိန်မှာ ညီအကို ၂ယောက်တွေ့တယ်။ ဒါပေမယ့် အပြစ်မရှိသူကိုလွှတ်ပေးပြီး အပြစ်ရှိတဲ့ချစ်မင်းသူကိုပဲ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာပါ"
“ကျနော်တို့က သူတို့ကိုသွားအစောင့်မှာ သူတို့လာတာနဲ့တိုးတာ။ အဲ့ဘက်ကကျသွားတော့ ဆရာ ဆရာလို့ ဝိုင်းအော်ကြတယ်၊ ဘာအဆင့်လည်းတော့ မသိရဘူး၊ ခြောက်ယောက် ပုံခနဲ လဲနေတာကိုအတည်ပြုပါတယ်။ အလောင်းတချို့က ခြေပြတ်လက်ပြတ်တွေပါ ဖြစ်နေတာ၊ ဒဏ်ရာရသူတွေကတော့ တုတ်နဲ့ထောက်သူကထောက်၊ တွဲသူကတွဲပြီး ရွာထဲ၀င်လာပါတယ်”
"စကစတွေက ပထမတော့ မြင်းဆည်ရွာကို မီးရှို့တယ်။ ပြီးတော့ အဲဒီရွာနားကသုံးလင့်ရွာကိုရှို့တယ်။ မြင်းဆည်ကရွာတော်တော်လည်း ကြီးတယ်ဗျ။ မီးရှို့သွားတာရွာတခြမ်းလောက်တော့ ပျက်စီးသွားတယ်။ သုံးလင့်ရွာကတော့ အခုအချိန်ထိမီးရှို့နေတုန်းပါ။ စကစတွေက ရွာကမထွက်သေးဘူး"
“နဘူးအိုင်ကနေ မှန်လုံကားသေးတစီး စစ်ကူထွက်လာတာ၊ စစ်သားတွေတပ်ကူလာမယ့်လမ်းမှာ ကြိုတင်ပြင်ဆင်ပြီး မိုင်းဆင်ထားတာပါ၊ နဘူးအိုင်နဲ့ပျူရွာ (ဆုံရွာ)က ဆိုင်ကယ်နဲ့ဆို မိနစ်၂၀လောက်ပဲဝေးတာ။ မိုင်းဆွဲခံရတဲ့ကားကတော့ နဘူးအိုင်ကို ကြိုးနဲ့ဆွဲပြီးပြန်သွားရတယ်”
"ဆုံရွာမှာ ပျူတွေက တရွာလုံးနီးပါးရှိတယ်ပြောလို့ရတယ်။ ပျူခေါင်းဆောင်ရဲ့ သားနှစ်ယောက်က စစ်ဗိုလ်တွေပါ။ ပျူသင်တန်းဆင်းပြီးကတည်းက လက်နက်တွေလည်း ပေးထားတာ။ PDF ကိုတော့ စိန်ခေါ်ထားတာရှိတယ်။ မိန်းမတွေကလည်း မိုက်တဲ့ PDF လာခဲ့၊ သေနတ်မရှိရင်တောင် ဂျင်ကလိနဲ့ပစ်မယ်လို့ပြောတယ်။ အဲဒါကြောင့်လည်း ကျနော်တို့သွားပစ်တာ"
"ဦးတင်အေးက စကစ နဲ့ပဏာစားတဲ့သူ။ ရွာမှာကို မနေတာ။ ဘယ်ရောက်နေလဲ မသိဘူး။ စီးပွားရေးကတော့ သူ့သားသမီးတွေက လုပ်ပေးတာ။ ခုမိုင်းပေါက်ကွဲလို့ ထိတဲ့သူတွေက နေ့စားအငှားလိုက်တဲ့သူတွေလို့တော့ သိရတယ်။ ဘယ်အဖွဲ့က ဘာရည်ရွယ်ချက်နဲ့ ဘယ်သူကို လုပ်လဲဆိုတာတော့မသိရဘူး"
“စခတွေက အင်ပင်ရွာကနေ စထွက်လာပြီး ကင်းရွာထဲကို ဝင်လာတာ။ ရွာထဲကိုဝင်ပြီးတော့ တောထဲကို ပတ်လာတာ။ ကျနော်တို့ကလည်း မသိလိုက်ဘူး။ ချုံတွေနဲ့ကွယ်နေတာဆိုတော့ သူတို့က လိုက်ပတ်ပစ်နေတာ။ ကျနော်တို့လည်း ရွာပြင်ကနေ ပတ်ပြေးလာရတာ။ နောက်ပြီးရွာတောင်ပိုင်းက ရေလာသယ်တဲ့ဦးလေးကိုလည်း သတ်သွားပြီး နွားချေးကုန်းထဲမှာဖွက်ခဲ့တာ”
"အဲဒီသုံးယောက်က နယ်စည်းမခြားတပ်ရင်း ၁၈ ကနေ သင်တန်းဆင်းပြီး ပကဖဖွဲ့ဖို့ ရွာတွေပြန်ဆင်းလာတဲ့လူငယ်တွေပါ။ သူတို့နဲ့တူတူ ဖမ်းခံထားရတဲ့ပြည်သူတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ စကစတွေက အဲဒီလူငယ်သုံးယောက်ကို ကြိုးတုတ်ပြီးတော့ ပိုဝရွာကနေ မတ္တရာဘက်ကို ထွက်သွားကြတယ်"
"ကားလမ်းဘေးမှာ ဘန်နာချိတ်ပြီး မိုင်းနှစ်လုံးဆင်ထားတာ။ ဘန်နာလာဖြုတ်ရင် ခွဲဖို့ပေါ့။ နာရီဝက်လောက်ထိ သူတို့မလာသေးတာနဲ့ မိုင်းတလုံးကို အသံပေးခွဲလိုက်တယ်။ ခွဲပြီး ၁၅ မိနစ်အကြာမှာ ဆိုင်ကယ် ၃ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရောက်လာပြီး သေနတ်တွေနဲ့ ရမ်းပစ်နေချိန်မှာ နောက်တလုံးကို ထပ်ခွဲလိုက်တာပါ။ သူတို့ဘက်က ပြန်ကြားရတာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်"
"အလောင်းတွေ့ခဲ့ရတဲ့ဒေသခံက စိန်ပန်းကုန်းရွာအနောက်ဘက် မြေနုကျွန်းမှာ တောင်သူလုပ်နေတဲ့ စစ်ကိုင်းတိုင်းဘက် မင်းရွာတောင်ကလို့ သိရပါတယ်။ တယောက်ထဲ တွေ့သေးတာပါ။ နောက်တယောက်ကို ရှာဖွေနေပါတယ်။ အလောင်းက တော်တော်စုတ်ပြတ်နေပြီ။ ခေါင်းလည်းပြားနေတယ်"
"သူအကိုက ဝေါ အရှေ့ဘက်ကမ်း အုပ်ကြီး နာမည်က ကျားကြီး။ သူက ကြံခိုင်ရေးကစည်းရုံးရေးမှူး။ သူက လက်ရှိ စစ်တောင်းမြစ်ရိုးတလျှောက်မှာ စကစအတွက် ငွေလိုက်တောင်းပေးနေတာ။ စကစ အမာခံဘဲ။ သူက CDM ဝန်ထမ်းတွေကို စကစကိုဖမ်းခိုင်းတာ။ PDF တွေ သွားလာမယ့်လမ်းတွေကိုလည်း စကစကို သတင်းပေးတာ။ သူက ဝေါမြို့နယ်သား။ သနပ်ပင်က သူ့မိန်းမရွာမှာ သွားရှောင်နေလို့ လိုက် ရှင်းလိုက်တာ"
"ပြီးခဲ့တဲ့တနင်္လာနေ့က ပေါင်းတည်မြို့က စီးပွားရေးလုပ်ငန်းရှင်ကြီး နှစ်ဦးနဲ့ ကိုထွန်းထွန်းဦး အမေရယ် ပြည်ဒကစကို သွားတယ်။ အဲဒီနေ့မှာပဲ ကိုထွန်းထွန်းဦးက ပေါင်းတည်ရဲစခန်းမှာ ခံဝန်ဂတိလာထိုးသွားတာ"
" ထိတွေ့ပစ်ခတ်မှုတွေဖြစ်နေချိန်သူတို့က ထိခိုက်ကျဆုံးတာတွေများတာရယ် ပိတ်မိနေတာတွေကြောင့် ဂျက်ဖိုက်တာလေယာဉ်တစီးက ပစ်ကူပေးခဲ့တယ်။ သူတို့ရဲ့ထိခိုက်ဒဏ်ရာရတဲ့လူတွေကို မဲဇာရွာထဲကိုပြန်ခေါ်သွားတယ်။ ပစ်ခတ်မှုပြီးသွားတော့ အလယ်ဆိပ်ရွာက စျေးဆိုင်ခန်း ၆ခန်း ၊ စာကြည့်တိုက်တလုံး ၊ နေအိမ်၂၆လုံးနဲ့ စပါးတင်းပေါင်းထောင်ချီမီးလောင်ပျက်ဆီးသွားတယ်"
"လူနာတွေ ဒီနေ့မှာပြောင်းရွေ့နေရတယ်ဆိုတာကို ကိုယ်တိုင်ပြောင်းရွေ့နေရတဲ့သူတယောက်က ပြောလို့သိရတာ။ ဘာဖြစ်လို့ပြောင်းရွေ့လည်းဆိုတာကိုတော့ ဆေးရုံအနေနဲ့ မပြောဘူးတဲ့။ ကံကော်နဲ့ နန်းတော်ဆေးရုံက လူနာတွေကို မင်္ဂလာပုဂ္ဂလိကဆေးရုံကို ရွေ့ပြောင်းနေတာပါ။ အခုမင်္ဂလာဆေးရုံမှာ လူနာတွေစုနေကြပြီး လူတောင်မနိုင်တော့ဘူးပြောတယ်"
"ပွဲသာရွာထိပ်က ဆိုင်ကယ်စစ်တဲ့ ရဲလေးယောက်ကို ဗုံးခွဲလိုက်တယ်။ ဗုံး၂ လုံးနဲ့ခွဲလိုက်တာ။ သေဆုံးတယ်လည်းကြားတယ်၊ တော်လှန်ရေးရဲဘော်တွေကတော့ အန္တရာယ်ကင်းတယ်"