ရုပ်သံ

တိုက်ပွဲပြန်တွေကို ကြိုဆိုတဲ့ပွဲမှာ ပြည်သူတွေက သိန်း ၆၀ ကျော်ထောက်ပံ့(ရုပ်/သံ)

မေလ ၂၈ရက် မ‌နေ့က တိုက်ပွဲမှာ ဒဏ်ရာရလို့ ကုသမှုခံယူနေတဲ့ ရဲဘော်တွေကို သွားရောက် ခေါ်ယူချိန် ကြိုဆိုခံခဲ့ရတာဖြစ်ပြီး တိုက်ပွဲပြီးတာ ရက်ပိုင်းကြာမှ ပြည်သူတွေ ကြိုဆိုတဲ့ပွဲမျိုးဟာ ခုမှ ပထမဆုံး ကြုံရတာဖြစ်တယ်လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

ရိက္ခာဖူလုံရေး စိုက်ပျိုးမွေးမြူလုပ်ငန်းတွေ တိုးချဲ့ဖို့ ရံပုံငွေနည်းပါးနေ (ရုပ်/သံ)

တပ်ရင်းက ရဲဘော်ရဲမေတွေ ရိက္ခာအတွက် မေလအစောပိုင်းမှာ ကြက်သွန်၊ နှမ်း၊ စပါး သီးနှံတွေကို စိုက်ပျိုးလုပ်ကိုင်နေပြီး တိုးချဲ့လုပ်ကိုင်ဖို့ ရံပုံငွေအခက်အခဲရှိနေတယ်လို့ တပ်ဖွဲ့ ထောက်ပို့တာဝန်ခံ ရဲမေ မချယ်ရီ ကပြောပါတယ်။

မြေလတ်ပေးစာ (Podcast)

- ရွှေဘိုပကဖကူညီကယ်ဆယ်ရေးတာဝန်ခံရဲ့ ပြန်လည်ဖြေရှင်းချက်စာ - ပြည်၊ ပနီပင်အုပ်စုကပြည်သူတွေ ဘာတွေခံစားနေရလဲ။ - မကွေးတိုင်း၊ သနပ်ကုန်းအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပြည်သူတွေအပေါ် ဘယ်လိုပြုမူနေသလဲ။

မောင်ကရင်ရဲ့ ပျောက်ဆုံးရက်စွဲများ (ရုပ်/သံ)

နေ့တဒူဝကို ပင်ပင်ပန်းပန်း ရုန်းကန်နေတဲ့ လူငယ်တယောက် ဘဝတက်လမ်းအတွက် မွေးရပ်မြေကို သုံးနှစ် သုံးမိုးတိုင်တိုင် စွန့်ခွာခဲ့ပြီး ကိုဗစ်ကြောင့် ဘဝကို အသစ်ကပြန်စနေရတဲ့အချိန်မှာပဲ စစ်တပ်က အာဏာသိမ်းတာကို ထပ်ကြုံရပြန်ပါတယ်။

ဒရုန်းမောင်းသင်ခဲ့ကြတဲ့ ကြောင်ရိုင်း-ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (ရုပ်/သံ)

မြေပြင်ကတိုက်ခိုက်တာထက် ဝေဟင်ကဒရုန်းနဲ့ ဗုံးကြဲတာက ပိုတိကျတာကြောင့် တပ်ဖွဲ့ရဲ့ ရဲဘော် ၇ ဦးကို ဒရုန်းမောင်းနှင်သင်ကြားစေခဲ့တာလို့ ကြောင်ရိုင်း - ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပေါက်စီက ပြောပါတယ်။

ဖလံအိုရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

ဖလံအိုရွာမှာ တပ်စွဲထားတဲ့ တပ်မ ၁၀၁ က စစ်သားနဲ့ ပျူစောထီး အင်အား ၃၀ ခန့်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မေ ၂၆ ရက် မနက်အစောပိုင်း ၄ နာရီက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ MYG ခေါင်းဆောင်ဗိုလ်ဘလိတ် က ပြောပါတယ်။

ရှေ့တန်းရဲဘော်တွေရဲ့ အသက်ကိုကာကွယ်ပေးမယ့် သံကွန်ချာကမ်ပိန်း (ရုပ်/သံ)

တပ်ဖွဲ့မှာ အရင်က အီကွေ့မန့်တွေ အသုံးပြုဖူးပေမယ့် အရည်အသွေးနိမ့်တဲ့အတွက် ကျည်ကာကွယ်နိုင်စွမ်းမရှိခဲ့တာကြောင့် အခုလက်ရှိပြုလုပ်နေတဲ့ သံကွန်ချာကမ်ပိန်းက ရရှိငွေတွေနဲ့ ရဲဘော်တွေအတွက် ကျည်ဒဏ်ကို သေချာကာကွယ်နိုင်တဲ့ ကျည်ကာတွေ တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ MDF တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ အမျိုးသမီးရဲဘော်က ပြောပါတယ်။

CDSOM စခန်းကို ဝင်စီးနင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြန်တိုက်ခိုက်ခံရလို့ သေဆုံးမှုများ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာရှိတဲ့ CDSOM စခန်းတခုကို စစ်ကောင်စီက မေ ၂၃ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပြန်လည်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေဆုံးမှုများတယ်လို့ သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- မြောက်ခင်ရန်းရွာ ပျူစောထီးတွေက အိမ် ၃၀၀ ကျော်ကိုမီးရှို့ပြီး အဘိုးအို ၂ ဦးကို သတ် - ဝေါမှာ ပြည်သူ့စစ်အတွက် အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတွေမှာ ငွေကြေးလိုက်လံကောက်ခံနေ - မုံရွာမှာ အပူဒဏ်ကြောင့် ၃ ရက်အတွင်း လူ ၃၀ ကျော်သေဆုံး - ဖောင်းပြင်၊ အင်းဝိုင်းရွာကို စစ်တပ်ကစစ်ကြောင်းထိုးပြီး ၁၃ နှစ်အရွယ်ကလေး ၁ ဦးအပါ ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ် - ပျူစောထီးကျေးရွာက ထွက်ပြေးလာသူတွေကို ဆန် တင်း ၁၀၀ ထောက်ပံ့ - ပဲခူးအနောက်ခြမ်းမှာ နွေစပါးအသစ် ကျပ် ၁၆ သိန်းကျော်လောက်သာ ပေါက်ဈေးရှိ - ပုလဲနယ်မှာ ကျား/မ အခြေပြု အကြမ်းဖက်မှုနဲ့အဓမ္မပြုကျင့်ခံရမှု လျော့ကျဖို့ အသိပညာပေး - ကလေးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ စပါးစိုက်ပျိုးရန်ခက်ခဲနေ

လိုက်ပါပို့ဆောင်သူ များပြားခဲ့တဲ့ တော်လှန်အနုပညာရှင် လူရွှင်တော်ဝိုင်းကျော် ဈာပန (ရုပ်/သံ)

ဈာပနမှာတော့ ကိုဝိုင်းကျော်ကိုချစ်ခင်ကြတဲ့သူတွေက အမှတ်တရ လက်မှတ်ရေးထိုးကြတာ၊ လွမ်းသူပန်းခွေတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ အဖွဲ့အစည်းတွေက ပေးပို့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါအပြင် ကိုဝိုင်းကျော်ရဲ့ ဈာပနကို မိုးရွာ၊ နေပူ ကြားကပဲ တော်လှန်ရေးအင်အားစုတွေ၊ အနုပညာရှင်တွေအပြင် မြန်မာရွှေ့ပြောင်းအများအပြားလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ပျူစောထီးအားကောင်းတဲ့ ရှင်မကန်ရွာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ပျူစောထီး ၂ ဦးသေဆုံး  (ရုပ်/သံ)

ရှင်မကန်ရွာမှာရှိတဲ့ ပျူစောထီး အင်အား ၅၀ ကို ကာကွယ်ရေးအဖွဲ့တွေ ပေါင်းပြီး ဝေဟင်ကနေ ဒရုန်း ၆ စီးနဲ့ ဗုံးသီး ၅၀ လောက်ကြဲချတိုက်ခိုက်ခဲ့လို့ ပျူစောထီး ၂ ဦးသေကာ အများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဂိတ်ချစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ ၆ ဦးအထက်ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တက်စည်ကျေးရွာနဲ့ ခက်လန်းကျေးရွာအကြား လမ်းဘေးမှာဂိတ်ချစစ်ဆေး‌ရေးလုပ်နေတဲ့ စစ်အုပ်စုကို မေ ၂၃ ရက် မနက် ၉ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။

စစ်တပ်သတင်းပေး ပျူစောထီး ၁ ဦး ရှင်းလင်းခံရ၊ ဖောကားကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

"သူ့ကိုရှင်းဖို့လုပ်နေတာ ၆ လလောက်ရှိပြီ။ သူ့ကြောင့်ဖမ်းခံရသူ အသတ်ခံရသူတွေရှိတယ်။ ကျွန်းပင်အနုတွေကို စစ်တပ်နဲ့ပေါင်းပြီးခုတ်နေတာပါ"

မိုးသက်လေပြင်းကြောင့် ပျက်စီးသွားတဲ့ အိမ်တွေကို PDF က ကူပြင်ပေး (ရုပ်/သံ)

အဲဒီကျေးရွာက ပျက်စီးသွားတဲ့ နေအိမ်နဲ့တဲ ၁၀ လုံးခန့်ကို မေ ၁၉ ရက်က လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေနဲ့ ကျေးရွာသားတွေ ပေါင်းကာ ပြုပြင်ပေးခဲ့တာလို့ ဆိုပါတယ်။

ရုပ်အလောင်းပြန်မရတဲ့ ကျဆုံးရဲဘော် ၂ ဦးအတွက် လွမ်းသူ့ပန်းခွေနဲ့ အမိန့်ပြန်တမ်းထုတ်(ရုပ်/သံ)

တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးကို အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ LPDF တပ်ဖွဲ့ဝင်တွေက လွမ်းသူပန်းခွေချအလေးပြုခဲ့သလို တပ်ဖွဲ့တာဝန်ရှိသူတဦးက အမိန့်ပြန်တမ်းဖတ်ကြားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10