မြင်းခြံနယ်က ပျုစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ပစ်ခံရလို့ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)
“လေးရွာဆုံရွာက တရွာလုံးနီးနီးက ပျူတွေကြီးပဲ၊ ကျနော်တို့ ပစ်ပြီးတဲ့အခါမှာ ၆၀ မမ ၄ လုံး နဲ့ ကျနော်တို့ကို ကောင်တာပြန်ပစ်တယ်၊ ၃ချက်ကတော့ ကွဲတယ် ၁ လုံးကတော့ မကွဲဘူး၊ ထိခိုက်သေဆုံးမှုကိုတော့ ကျနော်တို့ ခိုင်လုံတဲ့ သတင်းအရင်းမြစ်ကနေ ပြန်ရတာပါ ” လို့ Anyar Federal Task Force (AFTF) တပ်ဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလီယို ကပြောပါတယ်။