ရုပ်သံ

ရေစကြိုနယ်က ပျူစောထီး နဲ့ PDF ထိတွေ့ပစ်ခတ်မှုဖြစ်လို့ ပျူစောထီး ၃ ဦးသေပြီး နှစ်ဘက် ဒဏ်ရာရသူများရှိ (ရုပ်/သံ)

ဟင်္သာရွာပြင်မြောက်ဘက်မှာ အင်အား ၅၀ ဝန်းကျင် နဲ့ အထိုင်ချတပ်စွဲနေတဲ့ ပျုစောထီးတွေအပါအဝင် စစ်ကောင်စီတပ်သားတွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီးတဲ့နောက် ပျုစောထီးဘက်က ၃ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိသွားသလို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေလတ်ပေးစာ (Podcast)

- ပန်းတောင်းမြို့၊ ဆင်တဲ၊ ဂျီအီးကွက်သစ်မှာ ဘာတွေဖြစ်နေလဲ။ - စစ်ကိုင်းတိုင်းထဲက ပြည်သူတဦးရင်ဖွင့်လာတဲ့စာ။ - ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် စစ်ကွင်းမြို့ကအုပ်ကြီးတွေရဲ့အကြောင်း။

ပခုက္ကူခရိုင်ထဲက ရဲဘော် ၁၀၀ ကျော်ကို မြိုင်ပကဖ က လက်နက်တပ်ဆင်ပေး(ရုပ်/သံ)

လက်နက်တပ်ဆင်ပွဲကိုတော့ မြိုင်မြို့နယ်ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီရဲဘော် ၁၀၀ ကျော်ဟာ အပတ်စဉ် ၂ စုဖွဲ့လေ့ကျင့်မှုသင်တန်းဆင်းတွေ ဖြစ်တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ပြောပြတဲ့ တည်တောရွာ ပစ်ခတ်မှုအကြောင်း (အင်တာဗျူး)

"ဘယ်တုန်းကမှ ပြည်သူပေါ်မှာ သေနတ်ပြောင်းလှည့်ခဲ့တာမရှိဘူး" - ရွှေဘိုခရိုင်တပ်ရင်း၁၂ တာဝန်ခံ

သခင်ဒေါင်းညိုတပ်ရင်းက စာသင်ကျောင်း ၄၀ ကျော်ကို သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက အမျိုးညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စာသင်ကျောင်း ၄၀ ကျော်ကို ထောက်ပံ့ပေးခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-သခင်ဒေါင်းညိုတပ်ရင်း ဆီကသိရပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း ၁ ရဲ့ ၂ နှစ်ပြည့် စစ်ရေးပြအခမ်းအနား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ လက်အောက်မှာရှိတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၁ရဲ့ တော်လှန်ရေး ၂ နှစ်ပြည့် အခမ်းအနားကို မေ ၃၀ ရက်က ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ကတဆင့် သိရပါတယ်။

"ကာလဝိပတ် Pro Max" (သရော်စာ)

ဆောင်းပါးရှင် မြေလတ်အမတ်ကြီးရဲ့ သရော်စာအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ "ကာလဝိပတ် Pro Max" ဆိုတဲ့ ခေါင်းစဉ်နဲ့ နားဆင်နိုင်ပါပြီ။

ဆေးကုသဖို့အခက်အခဲဖြစ်နေတဲ့ ရွာ၂ရွာက ပြည်သူ ၄၀ ဦးကို အခမဲ့‌ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ဆေးဝါးကုသဖို့အခက်အခဲဖြစ်နေတဲ့ ကျေး ရွာ ၂ ရွာက ပြည်သူတွေကို ဇွန် ၁ ရက် မနက်ပိုင်းက အခမဲ့ဆေးကုသမှုတွေပြုလုပ်ပေးခဲ့တယ်လို့ Buffalo Soldiers Freedom Force တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်သားတွေ ထမင်းစားချိန် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး ဗိုလ်ကြီး ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ဆည်ကုန်းရွာအနားက မိုင်းကွင်းအလယ်ကောင်မှာ ထမင်းထိုင်စားနေတဲ့ စစ်ကောင်စီစစ်သားတွေ မိုင်းဆွဲခံလိုက်ရလို့ ၃ ဦးသေဆုံးခဲ့တယ်လို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုတပ်ဖွဲ့ ဆီက သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- မြောက်ခင်ရန်းရွာမှာ လူငယ် ၂ ဦး မီးရှို့အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေးဖို့ မြန်မာစစ်တပ်ကို IIMM တောင်း - ကုန်းခြားရွာရှိနေအိမ် ၈၀ ကို ကပစ ၂၁ စစ်သားတွေ မီးရှို့လို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရ - စစ်တပ်ရဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီးနဲ့ ဖြူးမြို့တို့မှာ ပြည်သူတွေထိခိုက်သေဆုံးမှုရှိ - စစ်မှုထမ်းဖို့အတွက် ဝေါမြို့နယ်ထဲကရွာတွေကို စစ်တပ်က အင်အားသုံးပြီးဝင်ဖမ်း - ရင်သွေးရတနာကိုယ်ပိုင်ကျောင်း တည်ထောင်သူဆရာမကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချမှတ် - လျှပ်စစ်မီးမကြာခဏပျက်တဲ့ပဲခူးအနောက်ခြမ်းမှာ လျှပ်စစ်မီးကြိုးတွေ ပေထောင်ချီပြီး အခိုးခံနေရ - စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူ ၂၀ ကျော်ထဲက ၄ ဦးအသတ်ခံရပြီး ကျန်လူတွေကို ငွေနဲ့ ပြန်ရွေးရ - ရှိန်းမကားရွာက စစ်ရှောင်တွေကို ရိက္ခာနဲ့ဆေးဝါးထောက်ပံ့

ခုချိန် ရွာပြန်ရင် လမ်းမှာပဲ သေရလိမ့်မယ် (အမျိုးသမီးကဏ္ဍ)

စစ်ရှောင်အများစုဟာ လက်ရှိအခြေအနေအရ ရွာကို မပြန်ရဲကြဘဲ အရဲစွန့်ပြန်ဝင်မယ်ဆိုရင် ရွာကိုမရောက်ဘဲ လမ်းခုလတ်မှာတင် စစ်ကောင်စီတပ်နဲ့တွေ့မှာကို စိုးရိမ်ကြောက်ရွံ့နေကြကာ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက ရွာပြန်လို့ရပြီဆိုတဲ့ အကြောင်းကြားလာမယ့်နေ့ကိုပဲ စောင့်နေကြရပါတယ်။

ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး  ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၅ ဦးခန့်နဲ့ ရိက္ခာရှာထွက်လာချိန် မေ ၂၉ ရက် မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Earthquake People Defence Force ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

မကွေး PDF ရဲမေတွေက  သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ (ရုပ်/သံ)

"စစ်ပညာသာမကဘဲ ကိုယ်ခံပညာကိုပါ လက်ဆင့်ကမ်းသင်ကြားပေးသွားမှာပါ။ သင်တန်းမှာ စိတ်ဓာတ် တက်ကြွဖို့၊ အမြင်ဆန်းဖို့နဲ့ လိုအပ်ရင် ခုခံကာကွယ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဒီပညာကို သင်ခဲ့တာပါ"

“အဆစ်ရောင်ဂေါက်ရောဂါနှင့် လက်တကမ်းဆေးပညာ” (Podcast)

အဆစ်ရောင်ဂေါက်ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ။ အဆစ်ရောင်ရောဂါမဖြစ်အောင် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းများ၊ အဆစ်ရောင်ရောဂါဖြစ်လာရင် ဘယ်လိုဆေးဝါးဓာတ်စာတွေနဲ့ ကုသနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။

ဒေသခံတွေရဲ့ ဆိုင်ကယ်၊ ကားတွေကို အခမဲ့ပြင်ဆင်ပေးနေတဲ့ မန္တလေး ခရိုင်တပ်ရင်း ၅ (ရုပ်/သံ)

တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့စခန်းနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေအထိပါ အခကြေးငွေမယူဘဲ လိုက်လံပြင်ဆင်ပေးနေတာလို့ မန္တလေးခရိုင် တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူးဗိုလ်ဖောင်းဒိုင်း ကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10