ရေကြီးနေတဲ့ ခုံကြီးရွာကို တပတ်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေမရောက်လို့ စားသောက်ရေး အခက်တွေ့နေ
“ဘယ်ကယ်ဆယ်ရေးအဖွဲ့ ခုချိန်ထိမရောက်သေးပါဘူး။ ဆန်၊ ဆားနဲ့ ဆီ အဓိကလိုအပ်နေတာ။ စားနပ်ရိက္ခာကလည်း ပြတ်နေပြီ။”
“ဘယ်ကယ်ဆယ်ရေးအဖွဲ့ ခုချိန်ထိမရောက်သေးပါဘူး။ ဆန်၊ ဆားနဲ့ ဆီ အဓိကလိုအပ်နေတာ။ စားနပ်ရိက္ခာကလည်း ပြတ်နေပြီ။”
လက်ရှိမှာ ဒေသခံတွေဟာ စားသောက်ဖို့ရိက္ခာ၊ သောက်ရေသန့်တွေ အရေးပေါ်လိုနေသလို ရေသန့်ဆေးတွေ အပါအဝင် ဆေးဝါး၊ သီးနှံမျိုးစေ့၊ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်၊ အဝတ်အထည်၊ အိမ်သာခွက်တွေနဲ့ တိရစ္ဆာန်အစာတွေလည်း လိုအပ်နေပါတယ်။
"ကျမတို့ရောက်ခဲ့တဲ့ ဆူးပန်းရွာဆို ရွာထဲဝင်လိုက်တာနဲ့ သက်ကြီးဘိုးဘွားတွေက သူတို့အိမ် အခြေနေတွေကိုပြတယ်။ ဘာဆိုဘာတခုမှမကျန်တာ။ အချို့ဆိုအိမ်ရောဝိုင်း(ခြံ)ရော ပျောက်သွားတာ။ အဲ့လိုလူတွေလည်းအများကြီးပဲ။ ရွာတခုလုံးမှာ အကောင်းတိုင်းကျန်တာတခုမှမရှိဘူး။”
"အစားအသောက်နဲ့ရေအခက်ခဲဖြစ်တယ်။ ရေကလည်းချိုးမရ သောက်မရ။ မြေကြီးတွေချည်းပဲ ပြစ်တွဲနေတာ။ ရှိတာလေးတွေမျှစားနေကြရတယ်။ ငါးခြောက်ရှိတဲ့သူက ငါးခြောက်နဲ့၊ ပဲရှိတဲ့သူကပဲနဲ့စား။ တထပ်အိမ်တွေကမြုပ်တော့ နှစ်ထပ်အိမ်တွေပေါ်တက်နေ။ စားစရာရှိသူနဲ့မရှိသူကမျှတ စားနေကြရတာ"
"ရေဘေးသင့်ကျေးရွာတွေက တော်တော်များတယ်။ ကျနော်တို့ အထက်ပိုင်းမှာတင် ကျေးရွာနှစ်ဆယ်/အစိတ်ကျော်တယ်။ အောက်ပိုင်းတွေမှာလည်း ရှိသေးတယ်။ ရွာတွေက လုံးဝရေပြင်ပဲ။ တထပ်အိမ်တွေဆိုလည်း မြုပ်နေတာတွေရှိတယ်"
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တံတားဦးအဝိုင်းအနီး၊ တံတားဦး-ပုလိပ်လမ်းပေါ်မှာ ရေစီးနဲ့မျောနေတဲ့ မိသားစုတွေကိုကယ်ဖို့သွားတဲ့လှေမှောက်ပြီး ၁၉ နာရီကျော်ပျောက်ဆုံးနေပြီးမှ အသက်ရှင်လျက် ပြန်ကယ်နိုင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။
“မနေ့က သွားလှူတော့ ဒေသခံအမျိုးသမီးတွေက ဒါကြီးကို မဝတ်ရဲဘူး ဒါကြီးက ဘယ်လိုကြီးတုန်းဆိုပြီးပြောတာ။ ပုံမှန်ဆိုရင် ရွာဘက်ကလူတွေဆိုတာ အတွင်းခံကို Menstruation(ဓမ္မတာ) လာတဲ့အချိန်လောက် သုံးကြတာ။”
လက်ရှိမှာ ရေပြန်ကျသွားပြီး ကူညီကယ်ဆယ်ရေးတွေကို ပရဟိတအသင်းတွေ့နဲ့ သက်ဆိုင်ရာနယ်မြေခံအဖွဲ့တွေက လုပ်ကိုင်နေကြပေမယ့် ဆေးဝါးနဲ့ စားစရာတွေလိုအပ်နေတယ်လို့ ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။
" ကယ်ဆယ်ရေးလုပ်နေရင်း ကားပေါ်ကပြုတ်ကျတာ။ ကျန်တဲ့အဖွဲ့သားတွေက ချက်ချင်းလိုက်ဆယ်ကြတာ။ သူကျတာက ၂ နာရီလောက် ကျသွားတာ။ ပြန်ဆယ်ရတဲ့အချိန်က ၃ နာရီကျော်လောက် ရှိနေပြီ။ မျောသွားတာကို အမြန်လိုက်ဆယ်ကြတာပဲ။ ဆယ်ရတဲ့အချိန်မှာတော့ သေဆုံးနေပြီ။"
" အဓိက,က လှေမလုံလောက်တဲ့ အခက်ခဲဖြစ်တာ။ အုပ်ချုပ်ရေးပိုင်းကတော့ လှေပေးတာက မရှိသလောက်ပဲ။ အချို့နေရာတွေအတွက် ထုတ်ပေးပေမယ့် မလောက်ပါဘူး။ ပေးတာက တစီးနှစ်စီးလောက်ဆိုတော့။ အမှန်ဆို အစီးအများကြီး ပေးရမှာ။ ခုက ရေကအများကြီး တက်နေတာကိုး။ ပရဟိတဆယ်ဖွဲ့ရှိရင် တဖွဲ့မှာ တစီးတောင် မရှိကြဘူး။ အသင်းတိုင်း လှေမရှိဘူး။ ဆယ်ဖွဲ့လုံးမှ လေးငါးစီးလောက်ရှိတာ။ "
"မယ်ဒက်မှာက နှစ်ချို့အင်ပင်ကြီးတွေက အများကြီးရှိတယ်။ မိုးရွာလေတိုက်ချိန် အမြစ်ပေါ်ပြီး လဲတာ။ ရုတ်တရက်ဆိုတော့ မိုးကလည်းရွာနေချိန် သစ်ပင်လဲတာကို မသိလိုက်ကြတာ။ ၄ ဦးကိုတော့ သစ်ပင်ထိသွားတာ။"
"မယ်ဒက်မှာက နှစ်ချို့အင်ပင်ကြီးတွေက အများကြီးရှိတယ်။ မိုးရွာလေတိုက်ချိန် အမြစ်ပေါ်ပြီး လဲတာ။ ရုတ်တရက်ဆိုတော့ မိုးကလည်းရွာနေချိန် သစ်ပင်လဲတာကို မသိလိုက်ကြတာ။ ၄ ဦးကိုတော့ သစ်ပင်ထိသွားတာ။"
ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ရွှေကစောင်းရွာအရှေ့ပိုင်းဟာ စစ်တောင်းမြစ်ရေတက်လို့ စက်တင်ဘာ ၁၃ ရက် ဒီမနက်မှာ အနည်းဆုံး နေအိမ် ၃လုံး ရေနောက်မျောပါသွားပြီး ကူညီကယ်ဆယ်သူတွေရောက်ရှိမလာသေးဘူးလို့ ဒေသခံတဦးဆီက သိရပါတယ်။
ရေကြီးမှုတွေကြောင့် ကပစ ၁ မှ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သား ၂ ဦး၊ အသက် ၅၀ ကျော်အရွယ်မှီခိုအမျိုးသမီး ၁ ဦး နဲ့ ကလေး ၁ ဦးတို့အပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးထားပြီး လူသေဆုံးမှုမှာ ယခုထက်ပိုမိုများပြားနိုင်ကာ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
“အဆင့်ဆင့် တဦးနဲ့တဦး ကြိုးနဲ့ ဖောင်နဲ့ပေါ့နော်။ ဝါးဖောင်တွေလုပ်ပြီး ကယ်ထုတ်တဲ့အနေထားမှာ ရေစီးကသန်ပြီးတော့ ကယ်ဆယ်ရေးကြိုးတွေကနေ လွတ်ထွက်သွားပြီးတော့မှ ရေစီးနောက်ပါပြီး နစ်မြုပ်သွားတာပေါ့။”