သဘာဝဘေး

ရေကြီးမြေပြိုမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့တဲ့ သပြေပင်ရွာဒေသခံတွေအတွက် ရွာသစ်ပြန်တည်ပေးဖို့ မြေနေရာရှာဖွေနေ

“ရွာကတော့ နွံဖုံးပြီး မြေပြန့်လိုဖြစ်သွားပြီ။ ရွာအတွက် ပြန်လည်တည်ဆောက်ဖို့ရာ မြေကွက်အနေအထားက အကြီးအကဲတွေ စီစဉ်ထားပါတယ်။ ပြီးတော့ အဲ့မြေနေရာမှာ ပျက်စီးဆုံးရှုံးအိမ်တွေကို ပြန်လည် တည်ဆောက်ပေးဖို့ စီစဉ်နေတာ။”

ရာဂိမုန်တိုင်းရေဘေး မြေလတ်ဒေသက လူ ၂၅၀ နီးပါးသေဆုံး ■ လူသေဆုံးမှု ၁၀၀၀ ကျော်အထိရှိနိုင်ကြောင်း NUG ခန့်မှန်း

စက်တင်ဘာလဒုတိယအပတ်အတွင်းကဖြစ်ပွားခဲ့တဲ့ စူပါတိုင်းဖွန်းမုန်တိုင်းရာဂိရဲ့ အရှိန်ကြောင့် နိုင်ငံတဝှမ်းရေကြီး၊မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး အဆိုပါရေကြီးခဲ့မှုအတွင်း မြေလတ်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းက ပြည်သူ ၂၅၀ နီးပါးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ စစ်တမ်းဖော်ပြချက်တွေအရ သိရပါတယ်။

၂၄ နာရီအတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါ တိုင်းနဲ့ပြည်နယ် တချို့မှာ လေပြင်းတိုက်ပြီးမိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ကြောင့် မြန်မာနိုင်ငံထဲက စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

ဝမ်းတွင်းမြို့နယ်မှာ ရေစီးနဲ့မျောပါသွားတဲ့ နွားတွေကို ပိုင်ရှင်တွေက ပိုက်ဆံပေးပြီးပြန်ရွေးခဲ့ရ (ရုပ်/သံ)

ရေစီးနဲ့မျောလာတဲ့ ကျွဲ၊ နွား အစရှိတဲ့ တိရိစ္ဆာန်တွေကို ဆယ်ယူထားသူတွေက မူလပိုင်ရှင်တွေကို အလကားပြန်ပေးတာမရှိသလောက်နည်းပါးပြီး အနည်းဆုံး ကျပ် ၅ သောင်းကနေ အများဆုံး ၆ သိန်းအထိပေးပြီး ပြန်ရွေးကြရတယ်လို့ ဆိုပါတယ်။

နတ်တလင်းနဲ့ ပေါင်းတည်မှာ မိုးရွာပြီး ချောင်းရေလျှံလို့ ကျေးရွာနဲ့ သီးနှံစိုက်ခင်းတွေထဲ ရေဝင်ရောက်

“ခုမနက်ကစပြီး အကုန်လုံးနီးပါး ရေဝင်နေတာ။ ပြီးခဲ့တဲ့နှစ်ရက်လောက်ကတည်းက နိမ့်တဲ့နေရာတွေ ကမ်းနှုတ်ခမ်းကိုထောက်ပြီး ရေဝင်နေတာ၊ အခုကလမ်းတွေပါ ရေကျော်နေတာ။”

တပ်ကုန်း ရေဘေးသင့်ရွာတွေကို ရှင်းလင်းမှု လူသေအလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

"တွေ့တဲ့ လူသေအလောင်းတွေကတော့ ဆေးရုံ၊ ရင်ခွဲရုံပို့ပေါ့။ တိရစ္ဆာန်ကတော့ အဲ့အနီးအနားမှာပဲ မီးရှို့ကြရတယ်။ တိရစ္ဆာန်တွေကျတော့ တင်းကုပ်တွေထဲ သေတာလည်းရှိတယ်။ လူသေအလောင်းတွေကျတော့ ရွာခံတွေလည်းပါသလို အခြားကမျောလာတာတွေလည်း ပါတယ်"

ပဲခူးရှေ့ခြမ်း KNU ထိန်းချုပ်နယ်မြေထဲက လူ ၁ သိန်းကျော်ရေဘေးသင့်ခဲ့ပြီး အကူအညီလိုအပ်နေ ■ ရေဘေးအကူအညီပေးအပ်မှုတွေ မရောက်ရှိအောင် စစ်ကောင်စီကပိတ်ဆို့ထားဟုဆို

" ရေတက်ကတည်းက ကျေးရွာအထိဖွဲ့ထားတဲ့အဖွဲ့တွေနဲ့ ကူညီကြပေမယ့် အားလုံးတော့မပြည့်စုံဘူး။ ပြောမယ်ဆိုရင် စကစဘက်က ပြည်တွင်းကကူညီအဖွဲ့တွေကို ဒီဘက်မလာနိုင်အောင် တားဆီးပိတ်ပင်ထားတယ်။ အချို့ဆို ပစ္စည်းတွေသိမ်းထားတယ်။ မြို့ကလာတဲ့အဖွဲရဲ့အကူအညီမရောက်တော့ ခက်ခဲတာပေါ့"

စစ်ကောင်စီကန့်သတ်ထားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေက ကယ်ဆယ်နေရာချထားပေး (ရုပ်/သံ)

ကူညီကယ်ဆယ်ပေးနေရာမှာ ကီးကူစစ်ကြောင်း၊ ပုဝါနီစစ်ကြောင်း၊ ၃၅၀၁ တပ်ခွဲ ၄၊ နေပြည်တော်တပ်ရင်း ၉၀၁၊ ၉၀၂၊ တပ်ရင်း ၈၀၄ တို့က ရဲဘော်တွေ ပူးပေါင်းကူညီပေးနေကြတာဖြစ်ပြီး စစ်တောင်းမြစ်ဒေသကို စစ်ကောင်စီတပ်တွေက တားဆီးကန့်သတ် ပိတ်ပင်ထားသလို စစ်ဆိုင်ထားတဲ့ဒေသတွေလည်းပါတယ်လို့ သိရပါတယ်။

စစ်ကောင်စီကန့်သတ်ထားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေက ကယ်ဆယ်နေရာချထားပေး

"စစ်ဆိုင်ထားတော့ စစ်ကောင်စီက ကန့်သတ်ထားတဲ့ နေရာတွေပါပါတယ်။ ပစ္စည်းသယ်တာ ဝင်လာတာကို သူတို့ကန့်သတ်တယ်။ ပြန်လည်နေရာချထားတာကိုတော့ သူတို့ ဝင်လာနိုင်တာမရှိဘူး။ ကျနော်တို့ စိုးမိုးထားတဲ့နယ်မြေဆိုတော့လေ"

အုတ်တွင်းနယ်က ရေဘေးရှောင်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပြီး ဆေးရုံတင်ထားရ

"ဝမ်းပျက်နေကြတာက လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ဖြစ်နေကြတာ။ ဖြစ်ချင်နေကြတာပေါ့။ ညကကျတော့ ဖြစ်နေတဲ့ သူတွေကမသက်သာလို့ ဆေးရုံတင်တဲ့အခြေနေထိ ဖြစ်လာတာပါ။ စုစုပေါင်း ၁၈ ဦးဖြစ်တာပါ"

ခွင့်ပြုချက်မရှိဘဲ စစ်တောင်းမြစ်ထဲဖြတ်သန်းရင် စစ်ကောင်စီက ပစ်ခတ်မယ်ခြိမ်းခြောက်ထားလို့ ကယ်ဆယ်ရေးစက်လှေတွေ အခက်တွေ့နေ

" စစ်တောင်းမြစ်ထဲကို ဘယ်လှေမှ ထွက်ခွင့်မပြုပါဘူး။ ထမင်းထုပ်၊ ရေနဲ့ ရိက္ခာလည်း သယ်လို့မရပါဘူး။ မြစ်ကိုဖြတ်ပြီးသယ်ရင် စက်လှေကို ပစ်မယ်ပြောထားတယ်"

PDF စိုးမိုးနယ်မြေရှိ ရေဘေးသင့်ကျေးရွာ ၅ ရွာကို ရိက္ခာထောက်ပံ့ (Photo news)

စက်တင်ဘာ ၁၇ ရက်ကနေ စက်တင်ဘာ ၂၀ ရက်။ ဒီနေ့အထိ အဆိုပါကျေးရွာတွေက အိမ်ထောင်စု ၄၀၀ ကျော်ကို ခေါက်ဆွဲခြောက်နဲ့ ဆေးဝါးတွေထောက်ပံ့ပေးခဲ့တာလို့ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း 3702 အဖွဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

အုတ်တွင်းရေကြီးမှုအတွင်း ဒေသခံ ၅ ဦးသေဆုံးပြီး ပျောက်ဆုံးသူတွေလည်းရှိနေ

"ရေစတက်ချိန် ထွက်ကြဖို့ Camp(ကယ်ဆယ်ရေးစခန်း)တွေမှာ ပြောင်းကြဖို့ ပြောကြပေမယ့် မထွက်ကြတာ။ ထွက်တဲ့ရွာတွေက လွတ်တယ်။ မထွက်ဘဲ ပေကပ်နေတဲ့ရွာတွေကျတော့ တကယ်လည်းရေလုံးရင်းနဲ့လာရော ကယ်ဆယ်ရေးမစောင့်ဘဲ ကြောက်လန့်ပြီးထွက်တော့ ကောင်မလေးတယောက်ဆို ဆိုင်ကယ်ရောလူရောမျောတယ်။ အမျိုးသားတွေဆိုလည်း နွားတွေကိုဆယ်ရင်း မျောတာတွေရှိတယ်။"

မုန်တိုင်းအရှိန်ကြောင့် ၅ ရက်အတွင်း ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်းမှာ မိုးကြီးနိုင်၊ ရေကြီးမြေပြိုမှုအန္တရာယ်ပါ သတိပြုဖို့လိုအပ်

စက်တင်ဘာ ၂၀ ရက် မနက်ဖြန်ကစပြီး စက်တင်ဘာ ၂၅ ရက်အထိ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ရှမ်း၊ ချင်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက်ပြီးမိုးကြီးတာအပြင် လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

အုတ်တွင်းရေဘေးရှောင်စခန်းမှာ ရေဘေးသင့်ပြည်သူတွေအပါ လူ ၆၀ ကျော် အစာအဆိပ်သင့် (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ ရေဘေးရှောင်စခန်းနဲ့ ကျေးရွာထဲကလူတွေဟာ အလှူရှင်တွေလာလှူတဲ့ ဘဲဥဟင်းနဲ့ကြာဆံကြော်စားပြီး လူ ၆၀ လောက် အစာအဆိပ်သင့်ခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10