ပဲခူးမြို့ ရွှေဂူလေးစေတီတော် မိုးကြိုးထိမှန်
"ဖြစ်တဲ့အချိန်က မိုးကြိုးပစ်သံက သုံးလေးချက်ကြားရတယ်။ မိုးကလည်းကောင်းတယ်။ မနက်ကျမှ စေတီတော် မိုးကြိုးထိတာသိရတာ။"လို့ ဒေသခံတဦးကပြောပါတယ်။
"ဖြစ်တဲ့အချိန်က မိုးကြိုးပစ်သံက သုံးလေးချက်ကြားရတယ်။ မိုးကလည်းကောင်းတယ်။ မနက်ကျမှ စေတီတော် မိုးကြိုးထိတာသိရတာ။"လို့ ဒေသခံတဦးကပြောပါတယ်။
ဒီကနေ့ မနက်အစောပိုင်း ၃ နာရီခွဲကနေ ၆ နာရီအထိ မိုးအဆက်မပြတ်ရွာပြီး ရေတက်လာတာကြောင့် ကျားသစ်နက်တပ်မတော် အထိုင်စခန်းမှာရှိတဲ့ ပွိုင့်ဖိနပ် ၁၈ ရံ၊ Equipment နဲ့ ကျည်ကာပြား ၈ စုံအပြင် လက်နက်ခဲယမ်းတချို့လည်း ရေနဲ့မျောပါပြီး ကာလတန်ဖိုး သိန်း ၁၇၀ ကျော်ခန့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
"အဓိက လိုနေတာကတော့ အိမ်တွေမှာကျန်နေတဲ့သူတွေ၊ ကူညီထောက်ပံ့ရေး မသွားနိုင်တဲ့နေရာကသူတွေက ပိုလိုအပ်နေတယ်။ ကျနော်တို့တွေကျတော့လည်း သွားလာဖို့က အခက်ခဲတွေကြောင့် အကန့်အသတ်နဲ့ နိုင်သလောက်ကူပေးနေတာဆိုတော့ နေရာစုံမရောက်ဘူး။ မြို့ပေါ်က ကယ်ဆယ်ရေး စခန်းကလူတွေကျတော့ အခက်အခဲရှိပေမယ့် ကျန်တဲ့ရွာတွေဘက်ကလူတွေထက်တော့ နည်းနည်းပိုအဆင်ပြေတယ်ပြောရမယ်"
"အနိမ့်ပိုင်းတွေဆို လူတရပ်ကျော်တယ် ရေမြုပ်နေတာ။ အချို့နေရာကျတော့ လမ်းပေါ်ရေ ၂ ပေ ကျော်လောက် တက်နေတာရှိတယ်။ ရေဝင်ပြီးနေမရတဲ့သူတွေကတော့ အမြင့်ပိုင်းတွေ ပြောင်းနေရတာတွေရှိတယ်"
"ရေနစ်တဲ့ကလေးတွေရဲ့နေအိမ်အရှေ့နားလောက်မှာက ရေမြောင်းက လူကြီးခါးလောက်ရှိတယ်။ ဖြစ်တဲ့အချိန် မိုးကလည်းကောင်းနေ၊ တောင်ကျရေကလည်းစီးနေချိန် ကလေးက မြောင်းနား သွားဆော့တာနေမယ် မျောပါသွားတာ။ အမကလည်းလိုက်ဆယ်ရင်း မျောပါသွားတာ"
အဲ့ဒီဒေသက တောင်သူတွေ ဘယ်လိုရင်ဆိုင်နေရပါသလဲ။ မိုးစပါးစိုက်ပျိုးရေးနဲ့ ပဲ၊ ပြောင်းစတဲ့ သီးနှံတွေစိုက်ပျိုးနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတချို့ရဲ့ ပြောစကားတွေကို မြေလတ်အသံက စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
"အစားအသောက်နဲ့ရေကတော့ နေ့စဥ်သုံးနေတာဆိုတော့ နေ့တိုင်းလိုနေတယ်။ အလှူရှင်တွေက နိုင် သလောက်လှူနေကြပေမယ့်လည်း နည်းတော့ နေရာစုံမဖြန့်ဝေနိုင်ဘူး။ သွားလာရ ခက်ခဲတဲ့နေရာလည်းရှိတယ်။ လိုအပ်ချက်တော့ နေရာတိုင်းရှိနေတယ်"
"ဒီနှစ် ဧက နှစ်ဆယ် စိုက်ထားတယ်။ ရေက အခုထိလယ်ကွက်တွေမှာ ပြန်မကျသေးဘူး။ စပါးပင် ထိပ်ဖျားတွေတောင်မပေါ်သေးဘူး။ အပင်တွေလည်း ခါးကျိုး၊ အရွက်တွေလည်းဝါကျင်၊ ပုတ်ပြီး အကုန်သေကုန်ပြီ။ ကုန်ကျထားတာ ဘာတခုမှပြန်ရမယ့်ပုံမပေါ်တော့ဘူး။ ဆုံးရှုံးမှုများတော့ ထပ်မစိုက်နိုင်တော့ဘူး"
"အိမ်ကနေအပြင်ထွက်ရင်း ရပ်ကွက်ထဲက ရေမြောင်းထဲကျသွားတယ်လို့ သိရတယ်။ ရေကလည်းကြီးနေတော့ နှစ်နာရီကျော်လောက်ဝိုင်းရှာပြီးမှ အလောင်းကို ပြန်တွေ့ရတာ"
" ရေကြီးနေပေမယ့် မပြောင်းဘဲ နေအိမ်မှာ နေနေတဲ့သူတွေအတွက် (သောက်သုံးရေ) ပိုလိုနေတယ်။ သူတို့ အတွက်ကျတော့လည်း ကူညီရေးအဖွဲ့တွေဘက်က ခဏခဏ မရောက်တာလည်းပါတယ်။"
“ခုတော့ ရေပြန်ကျနေပါပြီ။ ပြန်လည်ထူထောင်ရေးအနေနဲ့လည်း ပါပါတယ်။ လက်ရှိက အလုပ်လက်မဲ့ များနေတော့ သူတို့အတွက်တတ်အားသ၍ အကူအညီရဖို့ရည်ရွယ်ပြီး အလှူရှင်နဲ့ချိတ်ဆက် လှူပေးတာပါ"
S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါးခင်းတွေကနေ ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး ဆန်တင်း ၁၅၀ ကျော်ကို ရေဘေးသင့်တွေအတွက် လက်ရှိမှာ လှူဒါန်းထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။
သေဆုံးသူတွေဟာ ဇူလိုင် ၁၃ ရက်ကနေ သြဂုတ် ၁ ရက်အတွင်း ပဲခူးမြို့က ၄ ဦး၊ ကျောက်ကြီးမြို့နယ်က ၁ ဦး၊ ပန်းတောင်းမြို့နယ်က ၂ ဦးနဲ့ လက်ပံတန်းမြို့နယ်က ၁ ဦးတို့ဖြစ်ပြီး အဲ့ဒီထဲမှာ အသက် ၄ နှစ်နဲ့ ၈ နှစ်အရွယ် ကလေး ၂ ဦးနဲ့ ရဲတပ်သား ၁ ဦးလည်း ပါဝင်ပါတယ်။
ရေကြီးရေလျှံမှုဖြစ်နေတဲ့ ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ ရေထဲကိုစက်ဘီးစီးလာတဲ့ လူငယ် ၁ ဦး ဓာတ်လိုက်သေဆုံးပြီး ကျေးရွာတွေဘက်ကို ကယ်ဆယ်ရေးသွားမယ့် စက်လှေလည်း တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်နဲ့ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် ဝန်းကျင်က စတင်ပြီး လူဦးရေတသိန်းဝန်းကျင်ဟာ ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့နေရတာပါ။