သဘာဝဘေး

သာယာဝတီမှာ ရေတိုက်စားခံရလို့ ဒေသတွင်းအရေးပါတဲ့ကတ္တရာလမ်းပိုင်း ထပ်မံပျက်စီး

“တံတားချဉ်းကပ်‌ ကတ္တရာလမ်းက တခြမ်း‌လောက်ပျက်သွားတာ။ ရေတိုက်စားဖန်များလာရင်တော့ လမ်းက ပြတ်သွားနိုင်တယ်။ အခုမနက်တော့ ရေက ကျသလို‌တော့ရှိတယ်။ ဒါပေမယ့် မိုးက ဆက်တိုက်ရွာနေတုန်းပဲ“

ပဲခူးရေကြီးမှု အိမ်ခေါင်မိုးအထိနစ်မြုပ်နေပြီး ရေဘေးသင့်ပြည်သူ သောင်းချီအထိမြင့်တက်

"မိုးကလည်း ရွာတုန်းဆိုတော့ ရေကထပ်တက်နိုင်တယ်။ မနေ့မနက်က ကယ်ဆယ်ရေးစခန်း ၁၇ ခုဖွင့်ထား တယ်။ ညနေမှာ ၁၀ ခု ထပ်ဖွင့်လိုက်ရတယ်"

ပဲခူးမြစ်ရေ ဆက်တက်နေလို့ ယာယီရေဘေးရှောင်စခန်း ၁၂ ခုထိ ဖွင့်ထားရ

"ပရဟိတသမားတွေနဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်ထားလိုက်တာပါ။ စခန်းတခုကို လူဦးရေ ၁၅၀ လောက်ရှိမယ်။ ခုနေထိ ပဲခူးမြို့ပေါ်မှာတင် ၁၂ ခုရှိပါပြီ။ ရေက ဆက်တက်နေတယ်။"

နေရာအနှံ့ ရေကြီးရေလျှံဖြစ်နေချိန် ကောလင်းအနောက်ခြမ်းမှာ မိုးခေါင်ရေရှားနေလို့ လွန်ဆွဲပွဲ ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြိုအနောက်ခြမ်းက တောတွေထဲမှာ မိုးခေါင်ရေရှားနေလို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နယ်ဓလေ့အရ လွန်ဆွဲပွဲကို ပြုလုပ်ခဲ့ကြတာလို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ဆီက သိရပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်း ပြိုကျလို့ သွားလာရေးခက်ခဲနေ

"လမ်းကမိုးများပြီး ပြိုကျသွားတယ်။ တောင်ပေါ်လမ်းပေါ့။ လောလောဆယ်တော့ ဆိုင်ကယ်တွေလောက်ပဲ သတိထားပြီး သွားလို့ရတယ်။ ကားတွေကတော့ ဘာကားမှသွားလို့မရဘူး"

မြင်းခြံနယ်က ရေဘေးသင့်အိမ်ထောင်စု ၉၀ ကျော်ကို ရိက္ခာထောက်ပံ့ (Photo News)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းက ရေဘေးသင့်အိမ်ထောင်စုတွေကို ဇူလိုင် ၂၇ ရက် ဒီမနက်ပိုင်းမှာ ရိက္ခာထောက်ပံ့ခဲ့တယ်လို့ Youths for Community - YfC အဖွဲ့ဆီက သိရပါတယ်။

ပေါင်းတည်မှာ လေပြင်းတိုက်လို့ နေအိမ် ၁ လုံးပြိုကျပြီး ၁၀ လုံးထက်မနည်း ပျက်စီး

“မိုးဖွဲဖွဲ ရွာနေတုန်း လေက မိနစ်ပိုင်းပဲတိုက်သွားတာ။ ကြို့ပင်အိုင်က အိမ်ကြီး ၁ အိမ်ကတော့ လဲသွားတယ်။ တချို့အိမ်တွေဆို အမိုးအကာတွေပါ ပြုတ်ပါသွားတာ။ သွပ်တွေဆို မုန့်ကြိုးလိမ်လိုပဲ။ လေဆင်နှာမောင်းဖြစ်ဖို့များတယ်”

အုတ်ဖိုက ရန်ကုန် - ပြည်လမ်းမပေါ် ရေကျော်နေ

ရန်ကုန် - ပြည်လမ်းအရှေ့ဘက်ရှိ ပဲခူးရိုးမပေါ်က စီးဆင်းလာတဲ့ တောင်ကျရေ၊ ကွင်းရေနဲ့ မိုးအဆက်မပြတ်ရွာသွန်းတာတွေကြောင့် ဇူလိုင် ၂၇ ရက် ဒီမနက် ၈ နာရီကျော်ကစတင်ပြီး ရေကျော်နေတာလို့ ဆိုပါတယ်။

ပဲခူးမှာ ရေကြီးရေလျှံမှု စတင်ဖြစ်ပွား၊ ဒေသခံ ၂၀၀၀ ကျော် ပြောင်းရွှေ့နေရ

" ရေကြီးလို့ အနိမ့်ပိုင်းတွေကသူတွေက ပြောင်းနေရပြီ။ ရေဘေးကယ်ဆယ်ရေးစခန်းနေရာက သတ်မှတ်ဖွင့်ထားတာ မရှိသေးဘူး။ ကယ်ဆယ်ရေးစခန်းဖွင့်ဖို့ အစည်းအဝေးလုပ်နေတုန်းလို့ သိရတယ်။ ပြောင်းလာတဲ့သူတွေက နေစရာမရှိဖြစ်နေတယ်"

မြစ်မခမြစ်ရေတက်ပြီး တံတားတံစင်းပျက်စီးသွားလို့ ရေဘေးသင့်သူတွေကိုကယ်ဆယ်ရေး အခက်တွေ့

”အရင်ကတော့ ဆိုင်ကယ်တွေ ကားတွေ သုံးဘီးတွေနဲ့ ကယ်ဆယ်ရေးလုပ်လို့ ရတယ်။ ခုတော့ ‌စက်လှေသုံးပြီး ကယ်ဆယ်ရေးလုပ်နေရတာ။ လာလှူတဲ့ အလှူရှင်တွေ အခက်အခဲမဖြစ်အောင် ဒေသခံတွေနဲ့ပရဟိတအသင်းက ကူညီပေးနေတယ် “

ကံမမှာ ရေကြီးနစ်မြုပ်မှုဆိုးဝါးနေပြီး ထောင်ချီတဲ့ရေဘေးသင့်ပြည်သူတွေ ကူညီမယ့်သူမရှိ (ရုပ်/သံ)

ဇူလိုင် ၁၀ ရက်က စတင်ဝင်ရောက်လာတဲ့ ဧရာဝတီမြစ်ရေဟာ တဖြည်းဖြည်းမြင့်တက်လာပြီး ဇူလိုင် ၂၄ ရက်မှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ မြင့်တက်လာတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းနေကြရပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ် ၁၁ မြို့နယ်မှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံမှုဖြစ်နိုင်

ဖြူး၊ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုတ်၊ ဖဒို၊ ကျောက်တံခါး၊ ကညွှတ်ကွင်း စတဲ့ဒေသတွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ မစုစုစံက သူ့ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဇူလိုင် ၂၄ ရက် ဒီနေ့ မနက်မှာ အသိပေးပြောဆိုထားပါတယ်။

ရွှေတောင်မြို့နယ်မှာ ရေကြီးနစ်မြုပ်၊ စျေးယာယီပြောင်းရွှေ့ရပြီး စိုက်ခင်းတွေပျက်စီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့မှာ ဧရာဝတီမြစ်ရေကြီး နစ်မြုပ်လာလို့ မြို့တွင်းရပ်ကွက်တွေနဲ့ မြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာတွေမှာ ရေဝင်ရောက်နေပြီး ရွှေ့ပြောင်းရတာတွေနဲ့ စိုက်ခင်းပျက်စီးမှုတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြေပဲအောင်ကာနီး ရက်ပိုင်းအလိုမှရေကြီးလို့ ရွာ ၅ ရွာက ပဲဧက ၂၅၀ ကျော် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ဧပြီလမှာ မိုးမြေပဲကို စတင်စိုက်ပျိုးခဲ့ကြပြီး ၃ လအကြာမှ အသီးအောင်တဲ့အတွက် ပုံမှန်ဆို ဇူလိုင်မှာ နှုတ်ယူလို့ရပြီဖြစ်ပေမယ့် ရေက ရုတ်တရက်ဝင်လာလို့ မြေပဲအောင်ကာနီး ရက်ပိုင်းအလိုမှာ အကုန်ပျက်စီးခဲ့ရတယ်လို့ နတ်လာပို့တောင်ရွာ လယ်သမားတဦးက ဆိုပါတယ်။

ရေစကြိုမြို့နယ်က လူဦးရေ ၁ သိန်းကျော် မြစ်ရေကြီးမှုနဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားနေရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်တို့စီးဆင်းနေတာဖြစ်ပြီး ဇူလိုင် ၆ ရက်မှာ ရုတ်တရက်မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10