သတင်း

အိမ်မီးရှို့နေတဲ့ ရွာမွန် ကပစ တပ်က စစ်သားတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

"နတ်မောက်မြို့ကနေ နတ်မောက်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတာ။ ဖက်တောရေရွာကို ရောက်ရောက်ချင်းပဲ နေအိမ်တွေကို မီးရှို့တယ်။ မီးရှို့ရှို့ချင်းမှာ ကျနော်တို့က ဝင်တိုက်တာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတယ်။ ညပိုင်းအထိ အပြန်အလှန်ပစ်ခတ်ခဲ့တာ"

AA တပ်ဖွဲ့ဝင်တွေ ခေါ်လာတယ်စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ယာဥ်မောင်းလင်မယား မိသားစုနဲ့တွေ့ခွင့်မရသေး

“လူငယ် ၃ ဦးကို (အာရက္ခတပ်တော်) AA လို့ စွပ်စွဲပြီး ပြဿနာရှာတယ်။ ရဲစခန်း‌ရောက်တော့ ရခိုင်လူငယ်တွေက စခန်းအပြင်မှာနေရပြီး ကိုပေမိုးကို ငဖဲမြို့နယ်ရဲစခန်းအချုပ်မှာ ချုပ်ထားတယ်။”

တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာလမ်းတွေပေါ် စစ်ကောင်စီတပ်ဖွဲ့တွေက နင်းမိုင်းတွေထောင်သွား (ရုပ်/သံ)

စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းတွေကို များသောအားဖြင့် ရွာဝင်လမ်း၊ ထွက်လမ်းတလျှောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်နိုင်မယ်ထင်တဲ့ နေရာတွေမှာ ခင်းထားတတ်သလို အများပြည်သူတွေ သွားလာတဲ့လမ်းဘေးတွေကိုလည်း ခင်းတာမျိုးတွေပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

BTS Jin ​ကျွေးတဲ့ စစ်ရှောင်စခန်းက ထမင်းတနပ်

BTS K-pop boy band အဖွဲ့ဝင်တဦးဖြစ်တဲ့ Jin ဟာ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်မှာ စတင်စစ်မှုထမ်းခဲ့ရာ စစ်မှုထမ်းကာလ ၁၈ လပြည့်လို့ အိမ်ပြန်လာတဲ့ Jin အတွက် အမှတ်တရအနေနဲ့ JIN MYANMAR TEAM , MYANMAR ARMY အဖွဲ့က ကျွေးမွေးလှူဒါန်းခဲ့တာလို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့တိုးလို့ ပကဖအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးပစ်သတ်ခံရ

"သူတို့ ၂ ဦးက ရွာထဲမှာ စစ်ကြောင်းရောက်နေတာမသိဘဲ ရွာကိုပြန်ဝင်လာတာ။ အဲဒီမှာ စစ်တပ်နဲ့တိုးပြီး ရှာဖွေတော့ သူတို့ဆီက ပစ္စည်းအချို့တွေ့တယ်ဆိုပြီးတော့ စစ်ဆေးပြီးမှ ပစ်သတ်သွားတာ။ အလောင်းကို တောင်ရွာလမ်းမှာပဲ ထားပစ်ခဲ့တာ"

တောင်သူတွေ စိုက်စရိတ်သက်သာဖို့  PDF တွေ လုပ်အားပေး

“လူထုကို အလုပ်အကြွေးပြုဖို့ ဆိုတဲ့ တပ်ရင်းရဲ့ မူအရ ကူဖြစ်တာလည်းပါသလို ကိုယ်အခြေပြုရာ ‌ဒေသက တောင်သူလယ်သမားတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးချင်တာလည်းပါတယ်။ စိုက်ပျိုးစရိတ်သက်သာအောင်ပေါ့ ”

YOMA GBK-PDF တပ်ဖွဲ့ဝင် ၂ ဦး စစ်တပ်နဲ့ပူးပေါင်းပြီး တပ်ဖွဲ့ထံဖုန်းဆက်စိန်ခေါ်

“အဲဒီနှစ်ဦးကို မနေ့မနက် ၉ နာရီလောက်က မိုင်းကွင်းတွေစစ်ဆေးဖို့ တာဝန်ပေးချိန်မှာ (စစ်တပ်ဘက်) ဝင်သွားတာ။ လက်နက်တော့ပါမသွားဘူး။ စလိုင်းက ရဲစခန်းကနေ ကျနော်တို့စခန်းကို လူအင်အား ၂၀ လောက်နဲ့ ဝင်စီးနိုင်တယ်ဆိုပြီး ဖုန်းဆက်စိန်ခေါ်တာလည်း ရှိသေးတယ်”

ဆွံ့အ၊ မသန်စွမ်းမိန်းကလေးကို အိမ်နီးချင်းက အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရှိလာမှ မိသားစုတွေက သိရ

"ကလေးမလေးက မွေးရာပါဆွံ့အ၊ လက်ရော ခြေထောက်ရော မသန်စွမ်း ထမင်းတောင်သူများခွံ့ ကျွေးမှ စားနိုင်တာ။ နေမကောင်းဖြစ်သလို တရှောင်ရှောင်ဖြစ်နေလို့ သူ့အဒေါ်ဖြစ်သူက ဆရာမနဲ့ ခေါ်စစ်ကြည့်လိုက်မှ ကိုယ်ဝန်ရှိတာသိရတာ။ အဲ့ဒါနဲ့သေချာအောင် OG ပြပြီးစစ်တော့ ကိုယ်ဝန်က ၅ လ ကျော်နေပြီဆိုတာ သိရတာ"

မောင်းဂွေးရေတံခွန်မှာ ရေသွားကစားတဲ့ အမျိုးသမီးငယ် ၂ ဦး ရေနစ်သေဆုံး

"တယောက်ရေနစ်နေတာကို နောက်တယောက်က ထပ်ဆယ်။ သူတို့နှစ်ယောက်စလုံး ရေနစ်နေတာကို အနီးအနားက ဝိုင်းဆယ်ကြပေမယ့် အချိန်နည်းနည်းကြာသွားတော့ ဆယ်ရတဲ့အချိန်မှာ ဆုံးနေပြီ"

ချောက်မှာ ပျူစောထီးတွေက ဒေသခံတွေကို ဖမ်းဆီး၊ လုယက်တာတွေပါလုပ်နေ

ကုန်းကြီးရွာအုပ်ချုပ်ရေးမှူး ကျော်လင်းနဲ့ အိုင်ကြီးကျေးရွာအုပ်ချုပ်ရေးမှုး ဌေးမြင့်အောင်တို့ ဟာ စစ်ကောင်စီအကူအညီနဲ့ ပျူစောထီးတပ်ဖွဲ့ ဖွဲ့ပြီး ကုန်းကြီးရွာ၊ ကျေးနီလမ်းခွဲမှာ လမ်းသွားလမ်းလာတိုင်းဆီက တဦးကို ငွေကျပ် ၅၀၀၀ ဆက်ကြေးကောက်နေတာလို့ ဆိုပါတယ်။

ပြည်မြို့မှာ လမ်းသွားလမ်းလာတွေကို VPN ရှိမရှိ စစ်ဆေးပြီး ဒဏ်ငွေပေးဆောင်ခိုင်း

"အမတို့ကအခက်တွေ့တာပေါ့ VPNကဝယ်သုံးနေရတာလေ ပျက်လို့ရှိရင်ပြန်ဝင်ဖို့ကအဆင်မပြေလောက်တော့ဘူး" လို့ နောက်ထပ် ပြည်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

မုံရွာမှာ နေအိမ်၂ လုံးနဲ့ လက်ဖက်ရည်ဆိုင်တဆိုင်ကို စစ်တပ်က မီးရှို့ပြီး ရဲဘော် ၃ ဦးကို ပစ်သတ်သွား

ဇွန် ၁၀ ရက် မနက် ၅ နာရီလောက်မှာ မအူဂိတ်ကနေ အင်အား ၄၀ ကျော် နဲ့ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ အဲဒီဂိတ် နဲ့ ၁ မိုင်လောက်ဝေးတဲ့ ထနောင်းတောရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်လာချိန် ရွာမြောက်ဘက်မှာ ကင်းစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်သတ်သွားသလို CDM ကျောင်းဆရာမ ဒေါ်စန္ဒာဝင်းရဲ့ နေအိမ်အပါအဝင် ၂ လုံးကိုလည်း မီးရှို့သွားတယ်လို့ ဆိုပါတယ်။

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ အဘွားအို ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ဇွန်လ ၉ ရက် မနက် ၅ နာရီခွဲမှာ ခမရ ၃၀၇ ရွှေဝါတပ်ရင်းကနေ ကျောက်တံခါးမြို့နယ်၊ နတ်လောင်ကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ သရက်တိုက်ကျေးရွာအတွင်း တလုံးကျရောက်ပေါက်ကွဲပြီး အသက် ၈၅ နှစ်အရွယ် ဒေါ်တင်မြကို ထိမှန်သေဆုံးခဲ့တာပါ။

လင်းဇင်း ရဲစခန်းကထွက်လာတဲ့ စစ်ကြောင်း ၃ ရက်တာတိုက်ခိုက်ခံရပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကောင်စီစစ်ကြောင်းက ဇွန် ၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ သဖန်းညိုရွာဘက်ကနေ အနောက်ဘက်ကို တက်လာတဲ့အချိန် ဆွယ်တယ်ရွာရဲ့ အနောက်ဘက်တောထဲကနေ ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကာ ည ၈ နာရီအချိန်ထိ တိုက်ပွဲဖြစ်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

နတ်တလင်းနယ် စစ်မှုထမ်းရမယ့်စာရင်းမှာ အမျိုးသမီးတွေစတင်ပါဝင်လာပြီး လူစားထိုးဖို့ ကျပ်သိန်းချီ ငွေတောင်း (ရုပ်/သံ)

“အမျိုးသမီးတွေက တယောက်ကို ၁ သိန်း၊ အမျိုးသားတွေက တယောက်ကို ၂ သိန်းပေးရတာ။ တချို့ဆို သူတို့ သား၊သမီးတွေအတွက် ငွေတိုးချေးပေးရတာ ကိုယ်တွေ့မြင်နေရတယ်။ ဒီတကြိမ်ပေးပြီး နောက်တကြိမ်ခေါ်ရင် လွတ်မှာလား၊ မလွတ်ဘူးလားဆိုတာလည်း မသိရဘူး“

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10