စစ်တပ်သတင်းပေး ပျူစောထီး ၁ ဦး ရှင်းလင်းခံရ၊ ဖောကားကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)
"သူ့ကိုရှင်းဖို့လုပ်နေတာ ၆ လလောက်ရှိပြီ။ သူ့ကြောင့်ဖမ်းခံရသူ အသတ်ခံရသူတွေရှိတယ်။ ကျွန်းပင်အနုတွေကို စစ်တပ်နဲ့ပေါင်းပြီးခုတ်နေတာပါ"
"သူ့ကိုရှင်းဖို့လုပ်နေတာ ၆ လလောက်ရှိပြီ။ သူ့ကြောင့်ဖမ်းခံရသူ အသတ်ခံရသူတွေရှိတယ်။ ကျွန်းပင်အနုတွေကို စစ်တပ်နဲ့ပေါင်းပြီးခုတ်နေတာပါ"
အဲဒီကျေးရွာက ပျက်စီးသွားတဲ့ နေအိမ်နဲ့တဲ ၁၀ လုံးခန့်ကို မေ ၁၉ ရက်က လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေနဲ့ ကျေးရွာသားတွေ ပေါင်းကာ ပြုပြင်ပေးခဲ့တာလို့ ဆိုပါတယ်။
"ဟိုတနေ့က ဝက်ခေါက်စိန်စခန်းသိမ်းခံရတာကို မကျေနပ်လို့ စစ်ကူလာပြီး မြပင်ကူမှာတပ်စွဲထားတဲ့ စကစတွေကို စနိုက်ပါ၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့သွားပစ်ခဲ့ကြတာ။ စကစဘက်ကတော့ ထိခိုက်သေဆုံးရှိတယ်"
တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးကို အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ LPDF တပ်ဖွဲ့ဝင်တွေက လွမ်းသူပန်းခွေချအလေးပြုခဲ့သလို တပ်ဖွဲ့တာဝန်ရှိသူတဦးက အမိန့်ပြန်တမ်းဖတ်ကြားခဲ့တာဖြစ်ပါတယ်။
မကွေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ မြင်းခြံမြို့နယ်တွေမှာ စစ်ကောင်စီကိုဦးတည်တိုက်ခိုက်နေတဲ့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဟာ ၂၀၂၂ မေ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ရေးအခြေအနေရှုပ်ထွေးနေတာကြောင့် ၂ နှစ်ပြည့်အခမ်းအနားကို မလုပ်ဖြစ်ခဲ့ဘဲ မေလ ၂၁ ရက်မှာ မိုးတွေရွာနေတဲ့ကြားက မဖြစ်ဖြစ်အောင် လုပ်ဖြစ်တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
“ကျနော်တို့ ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်လောက်ကတော့ လယ်တွေပြန်ထွန်ထားတယ်။ စိုက် မစိုက်ဖို့ကတော့ စစ်ကြောင်းပေါ်မူတည်တယ်။ ကျနော်တို့တောင်ပိုင်းက လယ်ထွန်လို့ ရသေးတယ်။ မြောက်ပိုင်းက လူတွေဆို လယ်တောင်ထွန် မရဘူး။ သူတို့အရင်လက စိုက်ထားတဲ့ နေကြာတွေ ၊ မြေပဲတွေတောင် မနုတ်ရဘူး”
"သူက ရွာထဲကနေ ဆိုင်ကယ်နဲ့သွားနေချိန် သေနတ်သမားတွေကလည်း ဆိုင်ကယ်နဲ့လိုက်လာပြီး ပစ်သွားတာလို့တော့ သိရတယ်။ နေရာမှာပဲ သေသွားတာ"
" အိမ်ထဲမှာ အုပ်ကြီးနဲ့အတူ ၄ ယောက်ရှိတယ်။ အုပ်ကြီးက သေနတ်နဲ့ ခုခံဖို့လုပ်တယ်။ သူ့မိန်းမက လက်ပစ်ဗုံးနဲ့ ပစ်ဖို့လုပ်တယ်။ အုပ်ကြီးက သေနတ်ဒဏ်ရာနဲ့ အိမ်နောက်ဖေး ထွက်ပြေးသွားတယ်။ အခု ဆေးကုနေတယ်လို့ သတင်းရတယ် "
မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဉ် ၂ တိုက်ခိုက်ရေးနဲ့နိုင်ငံရေး သင်တန်းဆင်းပွဲကို စလင်းမြို့နယ်၊ စိုးမိုးနယ်မြေ ဇုံ ၃ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းတာဝန်ခံ ရဲဘော်အောင်ဆန်းက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်ကြောင်း မေ ၂၂ ရက် ဒီနေ့ ညနေ ၃ နာရီခွဲအချိန် တိုင်းတာချက်အရသိရတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ယမန်နေ့ မေလ ၂၁ ရက်မှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက သေနတ်ပစ်ဖောက်ဂုဏ်ပြုခဲ့သလို ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ကာ အရိုးပြာအိုးကို သိမ်းဆည်းထားပြီး ရဲဘော်အတွက် အမှတ်တရ ဂူဗိမာန်ပြုလုပ်ပေးမယ်လို့ YRA ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ ကျောက်ထပ်ရွာက အမျိုးသား ၆ ဦး အမျိုးသမီး ၁ ဦးဖြစ်ပြီး စစ်ကြောင်းက မနက်အစောပိုင်း အလစ်ငိုက်ဝင်ရောက်လာတာဖြစ်လို့ အမြန်ရှောင်တိမ်းခဲ့ရတယ်လို့ YRG တာဝန်ခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၇၊ Royal Eagle People Defense Force ကိုကျည်ကာဦးထုပ် ဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပက ပြည်သူတွေက ငွေထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။
ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းက ရဲဘော် ၂၅ ဦးကို မေ ၁၈ ရက်မှာ စခန်းသွင်း စုဖွဲ့လေ့ကျင်မှုတွေ ပြု လုပ်ပေးနေတာဖြစ်တယ်လို့ ရဲဘော်တွေကို စခန်းသွင်းလေ့ကျင့်ပေးနေတဲ့ တပ်ရေးအရာရှိ ကိုဥက္ကာက ပြောပါ တယ်။
“မီးသတ်ရုံးနဲ့ မီတာ ၆၀၀ အကွာလောက်မှာ တိုက်ပွဲဖြစ်ပွားတာပါ၊ လက်ဦးမှုကတော့ ကျနော်တို့ရတယ်။ ဒါပေမယ့် အခုသေသွားတဲ့ ၂ ယောက်ကလည်း ပြန်ပစ်တယ်၊ အပြန်အလှန်ပဲဗျ။”