ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းနေခြင်းနဲ့ တောင်တရုတ်ပင်လယ်ပြင်ရှိ လေဖိအားနည်းဆဲလ်က ရွေ့လျားလာတဲ့ တိမ်တိုက်တွေကြောင့် ဇူလိုင် ၁၆ ရက်ကနေ ၂၀ ရက်အတွင်းမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးပြီး လေပြင်းတိုက်နိုင်တယ်လို့ ဆိုပါတယ်။