ရုပ်သံ ဆောင်းပါး

တိုက်ပွဲကြားက စွန့်ပစ်ခံဘိုးဘွားတွေရဲ့ နားခိုရာ (ရုပ်/သံ)

သား/သမီးကျောထောက်နောက်ခံ မရှိဘဲ စွန့်ပစ်ခံရတဲ့ အဘိုးအဘွားတွေအပါအဝင် သားသမီးတွေရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မှုမပေးနိုင်တဲ့ ဆားလင်းကြီးနယ်ထဲက ရောက်လာကြတဲ့ အသက်အရွယ် ၇၀ ကျော် နာတာရှည် ဝေဒနာရှင်တွေကို စစ်ကိုင်းနယ်ဘက်မှာ ရှင်ချမ်းဘိုးဘွားစောင့်ရှောက်ရေးက ခေါ်ယူစောင့်ရှောက်ပေးနေတာပါ။

၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ BPLA ရဲဘော် ဒီပဲယင်းသား ၄ ဦး (ရုပ်သံဆောင်းပါး)

BPLA က သူတို့ကို အာဇာနည်တွေအဖြစ် သတ်မှတ်ပြီး ဒီပဲယင်းဒေသခံတွေက သူတို့ ၄ ဦးအတွက် အမှတ်တရ ဂူဗိမာန်တည်ဆောက်ခဲ့ပါတယ်။ သူတို့ ၄ ဦးနဲ့ သက်ဆိုင်သူတွေက ပြောပြလာတဲ့ သူတို့အကြောင်းကို မြေလတ်အသံက ရုပ်သံဆောင်းပါးအဖြစ်တင်ဆက်လိုက်ပါတယ်။

သွေးပျက်နေတဲ့ စစ်ကောင်စီတပ် (ရုပ်သံဆောင်းပါး)

အညာတခွင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ မင်းအောင်လှိုင်ဦးဆောင်နေတဲ့ နှစ် ၇၀ ကျော်သက်တမ်းရှိ စစ်ကောင်စီတပ်နဲ့ လက်လုပ်သေနတ်ဆွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေးကိုစခဲ့တဲ့ စစ်ရေးအတွေ့အကြုံ ၂ နှစ်ဝန်းကျင်သာရှိသေးတဲ့ အညာသားတွေရဲ့ တိုက်ပွဲဖြစ်ပါတယ်။

လူပြုံတိုးလာတဲ့ စစ်ကောင်စီရဲ့ မုဆိုးမအိမ်ရာများ (ရုပ်သံဆောင်းပါး)

တိုက်ခန်းပေါင်း ၂,၀၀၀ နီးပါးရှိတဲ့ ဒီအိမ်ရာကို တိုက်ပွဲကျ စစ်သားတွေရဲ့ ဇနီးမယားတွေနဲ့ မိသားစုဝင်တွေ တသုတ်ပြီးတသုတ်ရောက်လာရာ ခုဆို အခန်းအလွတ် မရှိသလောက်ဖြစ်သွားပြီလို့ ဒီအိမ်ရာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

ဩဇာသီးချိန် ပြည်အလွမ်း (အသံလွှင့်ဆောင်းပါး)

ပြည်မြို၊ တစ်ချိန်က နှစ်ထပ်သင်္ဘောကြီးတွေဝင်ထွက်သွားလာစုန်ခဲ့၊ ဆန်ခဲ့။ အညာကုန်တွေပေါခဲ့။ ဧရာဝတီမြစ်ဟာ လှပညင်သာစွာစီးရင်း စတုတ္ထမြစ်ကျဉ်းတိုလည်း ဖြစ်ပေါ်ခဲ့ရာ။ သြဇာသီးများချိုမြိန်ခဲ့ရာ။ သြဇာသီးတွေရင့်မှည့်ချိန်မှာတော့ ပြည်ကိုရောက်အောင်သွားမယ်။ ဧရာဝတီအနောက်ဘက်ကမ်းက တောင်ယာတဲတွေဆီ သွားမယ်။ သြဇာသီးတွေတောင်းစားရင်း သူတိုနဲ့စကားစမြည်ပြောရင်း တနှစ်စာအလွမ်းကို ဖြေဖျောက်မယ်။ သြဇာသီးတွေ လှိုင်လှိုင်သီးပါစေ။ တောသူမကြီးတွေ ကျန်းမာရေးကောင်းပါစေ။ ပျော်ရွှင်ကြပါစေ။

လက်ရုံးတပ်တွေကို သေတွင်းထဲအပို့များလာတဲ့ အာဏာသိမ်းစစ်တပ် (ရုပ်သံဆောင်းပါး)

“ဘယ်လောက်တောင်သွေးပျက်မလဲ တွေးကြည့်လို့ရပါတယ်။ သူတို့မိသားစုကလည်း ဒီလိုအခြေအနေကို လက်ခံလို့ရမှာ မဟုတ်ဘူး။ ဒီလိုစစ်သားတွေကို စစ်ဆင်ရေးကိုပို့တာ အရင်က ၁၀ ယောက်သေတဲ့နေရာမှာ အယောက် ၁၀၀ သေဖို့ဖြစ်လာတာပဲဗျ။ အကြမ်းဖက်စစ်တပ်က ခုလိုလုပ်လေ သေမှာကြောက်ပြီးတော့ ထွက်ပြေးတဲ့ စစ်သားမိသားစုတွေ ပိုပိုများလာမှာပဲဗျ''

မင်းအောင်လှိုင် ဘာကိုးကွယ်သလဲ (ရုပ်သံဆောင်းပါး)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်အုပ်ချုပ်ရေးသက်တမ်းကို ၄ ကြိမ်မြောက် သက်တမ်းတိုးပြီး နောက်တနေ့မှာပဲ ဦးဆောင်အလှူ့ဒါယကာဘွဲ့ခံယူကာ နေပြည်တော်မှာ မာရဝိဇယဆင်းတုတော်အနေကဇာတင်ပွဲကို မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး တခမ်းတနား ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ မာရဝိဇယတည်ရာ နေပြည်တော်ကနေ အထက်ကို ကားနဲ့ ၃ နာရီကျော်သာသွားရတဲ့ စစ်ကိုင်းတိုင်း အညာဒေသရဲ့ လက်ရှိအနေအထားကို လေ့လာကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာကို တကယ်ပဲ ကြည်ညိုကိုးကွယ်ရဲ့လားလို့ သံသယပွားစရာရှိလာပါတယ်။

ပျူရွာကထွက်လာတဲ့ ၁၈နှစ်အရွယ် PDF ရဲမေတဦးရဲ့ တော်လှန်လိုစိတ်

စစ်ကိုင်းတိုင်းအတွင်းက ရွာလေးတရွာမှာ မွေးဖွားခဲ့တဲ့ အသက်၁၈နှစ်အရွယ် အမွှေစိန်ဆိုတဲ့ အမျိုးသမီးငယ်တဦးဟာ အာဏာသိမ်းပြီး တနှစ်အကြာမှာ ရွာနဲ့အိမ်ကို စွန့်ပြီးထွက်ခွာလာခဲ့ပါတယ်။

ကရင်နီမြေမှ အိမ်မပြန်နိုင်တော့တဲ့ တပ်မ ၆၆

ဒီ၂ နှစ်ကြာ တိုက်ပွဲတွေမှာ တပ်မ ၆၆ လက်အောက်ခံစစ်သားတွေဟာ ထိခိုက်သေဆုံးဒဏ်ရာရတာ၊ CDM လုပ် ဘက်ပြောင်း ခိုလှုံတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေကြောင့် ဖွဲ့စည်းပုံပျက်သွားစေတဲ့အထိ အင်အားပြုန်းတီးမှု အလွန်များနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

"ထန်းလျှော်တွေ မီးရှို့ခံရလို့ အလုပ်လက်မဲ့ဖြစ်ရတဲ့ မိရိုးဖလာတောင်းရက်သူတွေ"

ထန်းတောင်းရက်လုပ်ရာမှာ ကုန်ကြမ်းဖြစ်တဲ့ လျှော်ထန်းလက်တွေကို တနှစ်မှာတခါသာ တပေါင်းလနဲ့ တန်ခူးလတွေမှာ ချိုင်ကြတယ်လို့ ဆိုကြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထန်းတောင်းရက်လုပ်ဖို့ သိုလှောင်ထားတဲ့ လျှော်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ကုန်ကြမ်းရှားပါးမှုဒဏ်ကို ခံနေရပြီး တောင်းရက်လုပ်တဲ့သူတွေဟာ ကြုံရာကျပန်းအလုပ်မျိုးတွေ ဝင်လုပ်နေကြရပါတယ်။

သိန်း ၁၀၀ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပျူစောထီးရဲ့သား PDF ရဲဘော် (ရုပ်/သံ)

ဖခင်ဖြစ်သူက သူ့သားကို PDF ထဲကနေ ပြန်လာပြီး ရေတပ်ထဲကို ဝင်ဖို့ ကမ်းလှမ်းခဲ့တာကို လက်မခံတဲ့အတွက် ၂၀၂၂ နှစ်စပိုင်းကတည်း ဖမ်းဝရမ်းစာထုတ်ခဲ့တာပါ။ ဖခင်က ပျူစောထီးအဖွဲ့ဝင်ဖြစ်သလို အစ်မက ဒုရဲအုပ်၊ အစ်ကိုဖြစ်သူတွေကလည်း ပြည်သူ့ စစ်နဲ့ နယ်ခြားစောင့်တပ်က ဖြစ်ကြပါတယ်။

မိုးခေါ်လွန်ဆွဲပွဲတွေနဲ့ တောင်သူတွေ ပျော်နိုင်ပါ့မလား

ရွာချိန်ကျော်လွန်ခဲ့သည့်တိုင် မရွာနိုင်သေးတဲ့ မိုးကိုခေါ်ဖို့ ဒေသခံတောင်သူတွေက လွန်ဆွဲပွဲတွေ လုပ်လာကြပါတော့တယ်။ ဒီဓလေ့ကတော့ ရိုးရာယုံကြည်မှုတခုသာ ဖြစ်ပေမယ့် လွန်ဆွဲပြီးတဲ့အချိန်တိုင်းမှာလည်း မိုးရွာခဲ့တဲ့သာဓကတွေ ရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လွန်ဆွဲပွဲရဲ့ အဓိကအနှစ်သာရကတော့ လွန်ကြိုးပြတ်မှ မိုးရွာမှာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်တာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10