သတင်း

ကျီကုန်းရွာက စစ်တပ်ဂိတ် ၂ ခု ဝင်စီးခံရပြီး ၁၉ ဦးသေဆုံးကာ သေနတ် ၁၆ လက်ရ (ရုပ်/သံ)

“ပစ်ခတ်မှုက ၅ မိနစ်ပဲ။ (စကစဘက်က) ပြန်ပစ်ချိန်မရဘူး။ ကျနော်တို့ကပဲ အကုန်လုံး ဖိပစ်ဆုတ်တာ။ သေဆုံးမှုက အဲ့ဂိတ်မှာရှိတဲ့**တွေ အကုန်သေတာပဲ။ အရှင်ကတော့ မရဘူး၊ ကျနော်တို့မျက်စိရှေ့မှာ ရှင်းလင်းခဲ့တာကတော့ ၁၉ လောင်းပေါ့။”

မန္တလေးမြို့ပေါ်ရဲစခန်းနဲ့ထွေအုပ်ရုံးတွေမှာ လုံခြုံရေးထပ်တိုး၊ မြို့ပေါ်တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီသတိပေး

"အရင်ကတည်းက ဘန်ကာတွေချ၊ Slow down တွေလုပ်ထားတယ်။ အခုက လေးလမ်းသွားကို သုံးလမ်းပိတ်ပြီး ကားတစီးစာလေးချန်ထားတာ။ တမြို့လုံးကစခန်းတွေ အကုန်လုပ်ထားတယ်"

ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ PDA က ဗျူဟာအမှတ် ၄၇ ရုံးဖွင့်ပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင်ဗျူဟာ အမှတ် ၄၇ ဗျူဟာရုံးဖွင့်ပွဲကို ဇူလိုင် ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

စလင်းမှာ ၃ ရက်ဆက် လေကြောင်းသုံးတိုက်ခိုက်လို့ သံဃာ ၁ ပါးအပါ ၄ ဦးသေဆုံး

“စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ပစ်တာ၊ ကိုရင်ကြီး ၁ ပါးအပါအဝင် ပြည်သူ ၃ယောက်၊ စုစုပေါင်း ၄ ယောက်သေတယ်။”

စစ်တပ်မီးရှို့သွားတဲ့ ထီးတော်တင်ရွာက အိမ်ထောင်စု ၂၈ စု ကို ကျပ်သုံးသိန်းခွဲစီထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က မီးရှို့သွားတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ Union Liberation Front - ULF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကျီကုန်းရွာက စစ်တပ်ဂိတ် ၂ ခု ဝင်စီးခံရပြီး ၁၉ ဦးသေဆုံးကာ သေနတ် ၁၆ လက်ရ

“ပစ်ခတ်မှုက ၅ မိနစ်ပဲ။ (စကစဘက်က) ပြန်ပစ်ချိန်မရဘူး။ ကျနော်တို့ကပဲ အကုန်လုံး ဖိပစ်ဆုတ်တာ? သေဆုံးမှုက အဲ့ဂိတ်မှာရှိတဲ့**တွေ အကုန်သေတာပဲ။ အရှင်ကတော့ မရဘူး၊ ကျနော်တို့မျက်စိရှေ့မှာ ရှင်းလင်းခဲ့တာကတော့ ၁၉ လောင်းပေါ့။”

မန္တလေးတိုင်းရဲ့ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲမှာ လက်နက် ၂၀၀ ကျော်ရ

တိုက်ပွဲအတွင်း စစ်သုံ့ပန်း အယောက် ၃၀၊ လက်နက်မျိုးစုံ ၇၃ လက်၊ ၁၂၀ မမ ၂ လက်၊ ၆၀ မမ ၁၁ လက်၊ ၈၁ မမ ၁လက်၊ ငါးကြင်းမြီး(စက်လတ်) ၃လက်၊ ပွိုင့်ဖိုက် ၁ လက်၊ RPG ၂ လက်၊ Jammer ၁ စုံ၊ အတွဲလိုက်ဒုံး ၄ လုံးတွဲ ၁ လက်၊ မိုင်းမျိုးစုံ၊ ကျည်ဆန်မျိုးစုံအပါအဝင် လက်နက် ၂၀၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးမှုနဲ့ စစ်ဆေးခံရစဉ် သေဆုံးခဲ့ရမှု ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူဖို့ တောင်းဆို (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်း၊ ကျွန်းဒတ်ကျေးရွာမှာနေထိုင်တဲ့ ဦးစန်းလွင်ကို မူးယစ်ဆေးဝါးနဲ့ပတ်သက်ဆက်စပ်ပြီး မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က စစ်ဆေးနေစဉ်သေဆုံးခဲ့သူရဲ့ စျာပနကို ဒေသခံအများအပြားက လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။

ဆိပ်ဖြူန​ယ်က ကပစ ၂၂ လက်နက်စက်ရုံကို PDF ကလက်နက်ကြီးနဲ့ပစ်ခတ်

"အရာရှိလိုင်းခန်းနဲ့ လက်နက်ကြီးအထိုင်ကုန်းကို ပစ်မှတ်ထားပြီး အနီးကပ် ပစ်ခတ်ခဲ့ပါတယ်။ ကျနော်တို့ အတွင်းသတင်းအရ အခြားအဆင့် နှစ်ဦးသေတယ်”

တိုက်ပွဲအကြီးအကျယ်ဖြစ်လာမယ်ဆိုတဲ့သတင်းကြောင့် ပဲခူး-ကရင်ပြည်နယ်အစပ်က ဒေသခံထောင်ချီ ပြောင်းရွှေ့နေ

"ရွာတွေမှာ လက်နက်ကိုင်အဖွဲ့တွေက လိုက်ပြောတယ်တဲ့။ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်။ သုံးရက်အတွင်း ကျေးရွာကနေ ပြောင်းထားကြဖို့ လိုက်ပြောတယ်လို့ သတင်းထွက်လာပြီး မနေရဲတဲ့သူတွေက ပြောင်းရွှေ့လာကြတယ်။ ဘယ်ဘက်က လာပြောလဲဆိုတာကတော့ အရပ်ဝတ် လက်နက်ကိုင်တွေကလာပြောတာပဲ ပြောတယ်။ ဘယ်ဘက်ကမှန်း မသိကြဘူး"

စဉ့်ကူးမြို့နယ်က နာမည်ကြီးပျူစောထီးရွာကို PDF တွေသိမ်းပိုက်၊ တမြို့နယ်လုံး လွတ်မြောက်နယ်မြေဖြစ်လာ

"စက်လှေတွေနဲ့ ထွက်ပြေးကြတာ။ ဒီဘက်ကလည်း ပြန်ဝိုင်းထားတာ။အသေတွေလည်း ရှိတယ်။ အခုထိတော့ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းနေကြတုန်းပဲ"

ခွင့်နဲ့ပြန်လာတဲ့ နေပြည်တော်က ဗိုလ်ကြီး ဝင်းဇော်ကို ပခုက္ကူ KTV မှာ အရှင်ဖမ်းမိ

“ကျနော်တို့က မြို့တွင်းကို တခြားမစ်ရှင်တခုနဲ့ သွားတာ။ ဒါပေမယ့် (သုံးပွင့်ဗိုလ်ကြီးမှာသေနတ်) အတိုပါတယ်ဆိုပြီး သတင်းကြိုရခဲ့တယ်။ အဲ့ရတဲ့သတင်းနဲ့ ဝင်ကုတ်လိုက်တာပေါ့။ KTV ကအထွက်တနေရာမှာ ဆိုင်ကယ်ရှေ့က ပိတ်တားပြီး သေနတ်ထုတ်ပြ လက်ထိပ်ခတ် ဖမ်းခေါ်လာရတဲ့ အခြေနေပေါ့။”

ကံမမှာ ရေကြီးနစ်မြုပ်မှုဆိုးဝါးနေပြီး ထောင်ချီတဲ့ရေဘေးသင့်ပြည်သူတွေ ကူညီမယ့်သူမရှိ (ရုပ်/သံ)

ဇူလိုင် ၁၀ ရက်က စတင်ဝင်ရောက်လာတဲ့ ဧရာဝတီမြစ်ရေဟာ တဖြည်းဖြည်းမြင့်တက်လာပြီး ဇူလိုင် ၂၄ ရက်မှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ မြင့်တက်လာတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းနေကြရပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ် ၁၁ မြို့နယ်မှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံမှုဖြစ်နိုင်

ဖြူး၊ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုတ်၊ ဖဒို၊ ကျောက်တံခါး၊ ကညွှတ်ကွင်း စတဲ့ဒေသတွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ မစုစုစံက သူ့ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဇူလိုင် ၂၄ ရက် ဒီနေ့ မနက်မှာ အသိပေးပြောဆိုထားပါတယ်။

ရေကြီးနေတဲ့ရဲစခန်းဝန်းကို လှေစီးသွားတဲ့ရဲ လှေပေါ်ကပြုတ်ကျသေဆုံး

“သူကတယောက်တည်း လှေလှော်နေရင်း ပြုတ်ကျပြီး ရေနစ်သေတာ။ ရေအနက်က ၅ ပေ‌လောက်ရှိတယ်။ အဲဒီစခန်းက ချောက်ထဲမှာ ဆောက်ထားတာလေ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10