မဟာဗောဓိမြိုင်ဆရာတော်ကြီး ခန္ဓာချုပ်ငြိမ်းရုပ်သိမ်းတော်မူ
“ ဆရာတော်ကြီးက သီတင်းသုံးနေထိုင်တဲ့ ဉေယျဓမ်တောရမှာပဲ ခန္ဓာချုပ်ငြိမ်းသွားတာပါ။ ရုပ်ကလာပ်တော်ကို အဲ့ဒီတောရမှာပဲ အပူဇော်ခံထားပါတယ်။ စျာပနလုပ်မယ့်ရက်ကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်”
“ ဆရာတော်ကြီးက သီတင်းသုံးနေထိုင်တဲ့ ဉေယျဓမ်တောရမှာပဲ ခန္ဓာချုပ်ငြိမ်းသွားတာပါ။ ရုပ်ကလာပ်တော်ကို အဲ့ဒီတောရမှာပဲ အပူဇော်ခံထားပါတယ်။ စျာပနလုပ်မယ့်ရက်ကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက်ခံ ပခုက္ကူမြို့နယ်ဘဏ္ဍာရန်ပုံငွေ အခွန်ခွဲတမ်း ငွေကြေးထဲကနေ ကျပ်သိန်း ၉၀ ခန့်ကုန်ကျခဲ့ပြီး လမ်းအကျယ် ပေ ၂၀၊ လမ်းအရှည် ၅.၅ မိုင်ရှိတဲ့ မြေသားအမာလမ်းကို ပြုပြင်ဖောက်လုပ်ပေးခဲ့တာလို့ ဆိုပါတယ်။
ဒုချုပ် စိုးဝင်း၊ ကစထမှူး ညွှန့်ဝင်းဆွေနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်လင်းမောင် တို့ဟာ မော်လမြိုင်မြို့ ကုတင် ၃၀၀ စစ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ ဧပြီလ ၂၉ ရက် မနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီမီဒီယာက သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။
“မနက်အစောပိုင်းမှာ တညောင်စခန်းမှာ အင်အားစုဖွဲ့မှုပြုလုပ်ပြီးတော့ တညောင်တိုက်နယ် ၇ ရွာဘက်ကို စစ်ကြောင်းထိုးလာတာကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ရဲ** ၂ ဦးသေတယ်။ အထိအခိုက်လည်းများတယ်”
ညောင်ပင်တို၊ ရွှေချမ်းစည်၊ ဖိုလ်ဝင်တောင်ကျေး ရွာ ၃ ရွာရဲ့ ကျေးရွာရေကန်အတွင်း ရေမရှိတော့ဘဲ သောက်ရေ၊ သုံးရေခက်ခဲနေတဲ့အတွက် လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီက ရေလှူပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကံသာယာကျေးရွာက နေအိမ်တွေကို ဧပြီ၂၀ ရက်မှာ ရပ်ကျေးပအဖတွေက လျှပ်စစ်မီးကြိုးတွေ သွယ်တန်းပြီးတဲ့နောက် တအိမ်ကိုငွေ ၂ သိန်းပေးဆောင်ခိုင်းပြီး ငွေမပေးဆောင်တဲ့ အိမ်တွေကို လျှပ်စစ်မီးမပေးဘူးလို့ ဆိုပါတယ်။ ဒေသခံတွေက အဆင်မပြေတဲ့အတွက် ငွေပမာဏကိုလျှော့ပေးဖို့ တောင်းဆိုပေမယ့် ရပ်ကျေး ပအဖတွေက လက်မခံဘဲ ဧပြီ ၂၅ ရက်မှာ တိုက်နယ် ၃ က ခေါင်းဆောင်တွေကိုခေါ်ပြီး လူအင်အား ၂၀ လက်နက်အပြည့်အစုံနဲ့ရောက်လာကာ ကျေးရွာထဲက ငွေမပေးနိုင်တဲ့ အိမ်တွေက မီးကြိုးတွေကို ဖြုတ်ယူသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကမ္ဘာ့အပူဆုံး စံချိန်တင်ထားတဲ့ မကွေးတိုင်း၊ ချောက်မြို့နဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံတို့မှာ မိနစ်အနည်းငယ်ရွာသွန်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ခဏလေးပါပဲ အပူတော့နည်းနည်းကျသွားတယ်။ နေလို့ထိုင်လို့ ရရုံလေးပါ။ မြို့ပေါ်တွေ ရွာတယ်။ ရွာတွေဘက်တော့ မသိသေးဘူး”
“လမ်းတွေပျက်နေတော့ စစ်ရှောင်တဲ့အချိန်မှာ လမ်းကအပိုင်းလိုက် ကွက်ပျက်တော့ သွားလာရခက်တယ်။ ပြည်သူတွေကအများကြီးနဲ့ ကားတွေ လှည်းတွေနဲ့ ပြုံထွက်ရတော့ ကားတွေက ချိုင့်ခွက်တွေကိုရှောင်ရင်း မှောက်တာမျိုးတွေ ဖြစ်ခဲ့ဖူးလို့ ပြုပြင်ရတာပါ။ ပြင်ပြီးရင်တော့ သွားလာလို့ အရင်ထက် အဆင်ပြေသွားမှာပါ “
" လာပစ်တဲ့ စကစအဖွဲ့က မင်းကုန်းရွာထဲမှာ ရှိနေတဲ့ အဖွဲ့တွေ။ စစ်ဆေးရေးလုပ်နေတဲ့ PDF တွေဘက်ကလည်း တစုတစည်းတည်းရှိမနေချိန်၊ စကစအဖွဲ့က လျှပ်တပြတ်လာပစ်တော့ ရဲဘော်နှစ်ယောက်က ဖမ်းခံလိုက်ရတယ်။ ပြီးမှ အဲ့နှစ်ယောက်ကို ပစ်သတ်သွားတာ"
"ဒီရက်ထဲမှာ တနေ့တယောက်လောက်ကို ဆုံးနေတာ။ လူကြီးတွေ သေကြတယ်။ အပူချိန်ပြင်းတော့ လူကြီးပိုင်းတွေ ပိုပြီးနေရခက်ကြတယ်။ မနက်လင်းကတည်းက မြေကြီးကိုရေရွှဲအောင်ဖျန်းပေးထားတာ နေရတာ သက်သာသေးတာပေါ့။ စိတ်ကတော့ မလန်းဆန်းဘူးပေါ့။ အလိုလိုဒေါသတွေကြီးနေတာ ညကျမီးမလာ၊ ငရဲပါပဲ။"
" ဟိုနေ့ကတည်းက လွတ်နေတဲ့ ခွေးရူးက ဒီမနက် ဆိုရှယ်လစ်ရပ်ကွက်ထဲမှာ ထပ်ကိုက်တယ်။ လူတွေဝိုင်းလိုက်တော့ပြေးသွားတာ ပျောက်နေတယ်။ လောလောဆယ်တော့လိုက်ရှာနေကြတုန်းပဲ"
"တဲက နဂိုကတည်းက ရှိနေတဲ့ဟာပေါ့နော်။ အဲဒါကိုအမိုးက တနှစ်တခါလဲရတော့ နှီးသက္ကယ်မိုးတော့ တဲတတဲရဲ့ကုန်ကျစရိတ်က ခြောက်သောင်းဝန်းကျင်လောက် ကုန်ကျတယ်ဆိုတော့ ကျမကအလှူရှင်တွေဆီကနေ တဲတတဲကို ခြောက်သောင်းကျတယ်ဆိုပြီး ကောက်ခံလိုက်တာပေါ့နော်။ တဲတွေကတော့ အကုန်မမိုးရသေးဘူး မိုးပြီးတဲ့ဟာတွေကို တင်ပေးတာ။"
"ခုတလောအပူရှိန်များတော့ လူတွေက အပူရှပ်လက္ခဏာတွေနဲ့သေဆုံးတာတွေ ဆက်တိုက်ရှိနေတယ်။ ဥပမာ ဦးနှောက်သွေးကြောပြတ် သေဆုံးတာမျိုးတွေ ပိုများတယ်။ အချို့က ဆေးရုံရောက်မှသေသလို အချို့ကနေအိမ်မှာတင် သေဆုံးတာတွေရှိတယ်"
“မနေ့ညက ဂုံးဆင်းရှာရင်း ရေနစ်တာ။ အရက်ကလည်း သောက်ထားသေးတယ်လို့ ပြောတယ်။ ဘယ်လို နစ်လဲတော့ မသိကြဘူး။ သူရဲ့ အိမ်ကတော့ ချောင်းဘေးမှာပဲရှိတယ်“