သတင်းတို

မြင်းခြံမြို့၊ ကုကဲရဲစခန်း ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေ၊ ၆ ဦးဒဏ်ရာရ

"အရင်ဆုံးတလုံးချတာ စခန်းအရှေ့ဘန်ကာထဲကို ကျတာ။ နောက်နှစ်လုံးက စခန်းထဲကိုကျတာ။ အချုပ်ထောင် နားက ပျူတွေနဲ့စကစတွေ ထိခိုက်တယ်၊ ဘန်ကာထဲက ရဲတွေလည်းထိတယ်။ ပြေးတဲ့သူတွေလည်း ပြေးကြတယ်"

မြောက်ခင်ရန်းရွာ ပျူစောထီးနဲ့စစ်ကောင်စီတပ်တွေက လူစုလိုက်အပြုံလိုက်သတ်ပြီး နေအိမ်တွေကိုပါမီးရှို့ခဲ့

“ဖမ်းဆီးခံရတဲ့ထဲမှာ အမျိူးသမီးတွေလည်းပါတယ်။ အမျိုးသမီးတွေကိုတော့ သူတို့ဖမ်းသွားတယ်။ ကျနော်တို့ကြားတာတော့ အမျိုးသမီး ၁၀ ယောက်လောက်ရှိတယ်။ အမျိုးသားတွေကိုတော့ ဦးခေါင်းကို ပစ်သတ်သွားသလို ဓားတွေနဲ့လည်း ခုတ်သတ်သွားတယ်”

တန့်ဆည်မှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲချရာ ပြည်သူ ၂ ဦးဒဏ်ရာရ၊ ကုန်ကားတွေပျက်စီး

" အဲ့ဒီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်တာ စစ်ကြောင်းထိုးနေတာ မရှိပါဘူး။ ကားဆရာ ၂ ဦး ဒဏ်ရာရတယ်။ အသေအပျောက်တော့ မကြားရသေးဘူး"

ရွှေဘို မြို့လှရွာကို စစ်တပ်က ၂ ကြိမ်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၆၀ ကျော်မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်သားနဲ့ပျူအင်အား ၇၀ ကျော်နဲ့ ဖေဖော်ဝါရီ ၂ ရက်ညပိုင်းမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၃၈ အိမ် မီးလောင်ကျွမ်းခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ရာ အိမ်ခြေ ၂၈ အိမ်နဲ့ စုစုပေါင်း ၂၆၆ အိမ် မီးလောင်ဆုံရှုံးပြီး အိမ် ၃၅ လုံးသာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

မတ်ပဲ ၁ တင်း ကျပ် ၁ သိန်းဈေးအောက် ပြန်ကျ

“တသိန်းအောက်ကို ကျတယ်ဆိုတာကတော့ တောင်သူတွေအတွက် သတင်းဆိုးပါ။ ဒီထက် ဆက်ကျရင် စိုက်စရိတ်လောက်ပဲ ရနိုင်မယ်။ အရင်းအနှီးကြီးကြီးနဲ့ လုပ်ရတာ ဈေးဆက်ကျမှာ စိုးရိမ်တယ်”

ပေါက်မှာ ပျူစောထီးဂိတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး

"ကျနော်တို့ ဒရုန်းတွေနဲ့လည်း ပစ်တယ်။ သေသွားတဲ့တယောက်က ကျနော်တို့အပြန်အလှန် ပစ်ခတ်နေတဲ့အချိန် သူ့ပေါင်ကိုထိသွားပြီးတော့ ပုန်းနေတာ။ ကျနော်တို့တွေ့သွားပြီး သူ့ကို ဖမ်းသွားတယ်။ မနေ့ညလောက်က စခန်းမှာပဲဆုံးသွားတယ်။ သူ့ဆီကနေ လက်လုပ်သေနတ် တလက်ရသွားတယ်"

မြိုင်နယ်တိုက်ပွဲမှာ ပျူစောထီး ၇ ဦးသေဆုံးပြီး ၅ ဦးဖမ်းဆီးခံရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာရဲ့တောင်ဘက်မှာ ကင်းပတ်လာချိန် ပျူစောထီးတွေပစ်ခတ်ခံရလို့သေဆုံးခဲ့ပြီးနောက် အလောင်းလာကောက်တဲ့ ပျူစောထီးတွေပါ ထပ်မံပစ်ခတ်ခံရလို့ သေဆုံးမှုတွေများတယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။

ရွာသာရွာပျူစခန်းကို တိုက်ခိုက်သိမ်းပိုက် ပျူစောထီး ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာရွာ ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီး ၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့တယ်လို့ ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပဲခူးက ဘုန်းကြီးကျောင်းတွေမှာ သံဃာစာရင်းကို စစ်ကောင်စီလိုက်ကောက်နေ

"ကျနော့်အသိကျောင်းတိုက်တွေမှာ သံဃာဘယ်နှစ်ပါး။ ကိုရင်ဘယ်နှစ်ပါးဆိုပြီး စာရင်းကောက်သွားတယ်။ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်တရက်မှာပဲ လုပ်သွားတာ။”

The Way ရုပ်ရှင်အဖွဲ့နဲ့ ဒေသတော်လှန်ရေးအဖွဲ့တွေပူပေါင်းပြီး စစ်ရှောင်တွေကို ထောက်ပံ့ (ရုပ်/သံ)

စစ်ရှောင်ပြည်သူတွေအတွက် The Way ရုပ်ရှင်အဖွဲ့သားတွေက စစ်ရှောင်အိမ်ထောင်စုတစုကို ဆန် ၃ ပြည်၊ ဆီ ၁ ပိသာနှုန်းဖြင့် အိမ်ထောင်စု ၈၂ စုအတွက် ထောက်ပံ့မှုကို မြောင်လူငယ်ကွန်ရက် YFC ကနေတဆင့် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

တောင်တွင်းကြီးမှာ ပျူစောထီးခေါင်းဆောင်အုပ်ချုပ်ရေးမှူးအပါ ၃ ဦး အသတ်ခံရ

"ပျူခေါင်းဆောင်ညွန့်ဝင်း က နားထင်ကိုမှန်ပြီးတော့ ဦးခေါင်းပွင့်ပြီး သေသွားတယ်။ ကျန်တဲ့ သန်းဝင်းနဲ့ မြင့်ဇော်တို့လည်း ဝမ်းဗိုက်နဲ့ရင်ဘတ်ကို ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ် "

မင်းဘူးခရိုင် တပ်ရင်း ၃ သင်တန်းပုံရိပ်တွေထုတ်ပြန်ပြီး သင်တန်းသားသစ်တွေ ထပ်မံခေါ်ယူ

“သင်တန်းသားတွေ ထပ်လာမယ်ဆိုလည်း ကြိုဆိုပါတယ်။ ကျောင်းတကျောင်းမှာဆို volunteer အနေနဲ့ အနည်းဆုံး ၁၀ ယောက်ကျော်လိုတယ်။ ကျနော်တို့က တမြို့နယ်လုံးစာ ဖြန့်ကျက်နိုင်ဖို့အတွက် ကြိုးစားနေတာဖြစ်လို့ ပညာတတ်လူငယ် volunteer တွေလည်း အများကြီးလာဖို့ မျှော်လင့်ပါတယ်။ ”

စစ်မှုမထမ်းမနေရဥပဒေထောက်ခံပွဲကပြန်လာတဲ့ အုပ်ချုပ်ရေးမှုးအပါ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

"သူတို့အလာကိုစောင့်ပြီးမှာ ပစ်သွားတာ။ အုပ်ကြီးက ရှေ့ကဆိုင်ကယ်မောင်းတာ။ လိုက်ပစ်ခံရတော့ နောက်က စီးတဲ့သူကိုထိပြီး ကျကျန်ခဲ့တာ။ အုပ်ကြီးက လွတ်သွားတယ်"

ယင်းမာပင် PDF ကို ပြည်သူတွေရဲ့ ထောက်ပံ့ငွေနဲ့ စစ်ဝတ်တန်ဆာများ ပထမဆုံး တပ်ဆင်ပေး

"တိုက်ပွဲဝင်ချိန်မှာ ကိုယ့်အသက်ကို အကာအကွယ်ပေးနိုင်တဲ့ စစ်ဝတ်တန်ဆာတွေပါ။ ဒါတွေကို ဝတ်ဆင်ထားရတာက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိစေတယ်။ ပထမဆုံး တပ်ဆင်ပေးတာပါ " လို့ သတင်းတာဝန်ခံ ရဲဘော် ဗလ ကပြောပါတယ်။

စစ်မှုထမ်းဟောင်းတွေ စစ်မှုပြန်ထမ်းဖို့ ငြင်းလို့မရမဲ့ အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်း

“ သက်ပြည့်နဲ့ထွက်တဲ့ စစ်မှုထမ်းဟောင်းတော်တော်များများက အသက်တွေလည်းကြီးပြီမလို့ အေးဆေးနေပြီး ရှောင်တဲ့သူတွေများတယ်။ သူတို့စစ်တပ်ကို မထောက်ခံတာမဟုတ်ဘူး ထောက်ခံတယ်။ ခိုင်းရင်တော့ မလုပ်ချင်ကြတော့ဘူး။ အဲ့ဒီလိုလူတွေ များနေလို့ ဖြစ်မယ် မထမ်းမနေရဆိုပြီး ပြဌာန်းပြီး ဇွတ်ခိုင်းဖို့လုပ်တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10