သတင်းတို

ပျူစောထီးခေါင်းဆောင်ကိုပစ်ခတ်စဥ် အရပ်သား ၁ ဦးပါ သေဆုံးခဲ့ရလို့ ကဝ ပကဖ တောင်းပန်

"ဂွန်ဒေါင်း(ထော်လာဂျီ)ကလည်း သွားနေချိန် ကျနော်တို့ရဲဘော်တွေကလည်း ဆိုင်ကယ်ပေါ်ကနေ လှုပ်ရှားပစ်မှတ်ကို ပစ်ခတ်ရတာဖြစ်လို့ မဆိုင်သူပါ ထိခိုက်သေဆုံးသွားရတဲ့အပေါ် များစွာ စိတ်မကောင်းဖြစ်ရတယ်။ နစ်နာသူမိသားစုကိုလည်း များစွာတောင်းပန်ပါတယ်။"

ဆောမြို့မရဲစခန်းက တပ်ကြပ်ကြီး ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

"နာမည်နဲ့အသက်က သူ့ရဲလုံခြုံရေးအရ မဖော်ပြတာပါ။ ဆုငွေပေးဖို့ တင်ပြထားပါတယ်။ သူ့ကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ထားပါတယ်”

ဘန်ကာဆောက်နေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ၉ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့မြို့နဲ့ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

မတ္တရာမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ကာ ဒေသခံ ၂ ဦးကိုသတ်ဖြတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို မနေ့က စစ်‌ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ ဒေသခံနှစ်ဦးကို သတ်ခဲ့ပြီး ကျေးရွာ၂ ရွာက နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖပြန်ကြားရေးဆီကနေ သိရပါတယ်။

စစ်ကောင်စီက မုံရွာမြို့ပေါ်ရပ်ကွက်တွေနဲ့ စက်ရုံတချို့မှာ လူစာရင်းကောက်ယူနေ

“အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲ၊ အိမ်ထောင်ဦးစီးဘယ်သူလဲ မေးတယ်။ ဘာလုပ်ဖို့စစ်တာလဲ မေးကြည့်တော့ မှတ်ပုံတင်လုပ်ပေးမလို့ဆိုလား၊ အိမ်နံပါတ်လုပ်ပေးမလို့ဆိုလား ဖြေသွားတယ်၊ တချို့စက်ရုံ အလုပ်ရုံတွေမှာတော့ အလုပ်သမားတွေရဲ့ နာမည်နဲ့ နေရပ်တွေ စစ်တမ်းကောက်သွားတယ်”

တန့်ဆည်မှာ ၂ ရက်ဆက် လေကြောင်းပစ်ခတ်မှုလုပ်လို့ ပြည်သူ ၁ ဦးသေဆုံး

“မနေ့က သူတို့(စစ်ကောင်စီ)တွေ တရက်တည်း ၃ ကြိမ်တိတိ လာပစ်သွားတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ယောက်ထဲက တယောက်ကတော့ ခါးထိထားတော့ စိုးရိမ်ရတယ်။ တောင်ကြောင်းရွာမှာတော့ နေအိမ်နည်းနည်း ထိခိုက်တာတွေရှိတယ်”

ပြည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

"မိသားစုကိစ္စ စိတ်ညစ်စရာရှိလို့ ခုလိုလုပ်လိုက်တယ်လို့ဘဲ သိရတယ်။ သူများအိမ်တွင်းရေး ကိစ္စဆိုတော့လည်း စပ်စုရတာမကောင်းဘူး။ အလောင်းကိုတော့ ဆေးရုံသယ်သွားကြတယ်။"

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးပါ ၂ ဦးကို စစ်တပ်က ပစ်သတ်

"စကစ ဘက်ကအကြောင်းပြချက်ပေးတာက ထွက်ပြေးလို့ ပစ်သတ်လိုက်တယ်ပေါ့။ အမှန်က ဘယ်နေရာဘယ်အချိန်မှာ ဘယ်လိုသတ်ခံလိုက်ရတယ်ဆိုတာ မသိရဘူး။ သေဆုံးတာကိုတော့ အတည်ပြုနိုင်ခဲ့ကြတယ်"

ကြို့ပင်ကောက်မှာ ယာဥ်တိုက်မှုဖြစ်လို့ တဦးသေပြီး သုံးဦးဒဏ်ရာရ

"သေဆုံးတဲ့ဦးလေးက စက်ဘီးစီးနေတာကို ကားက အရှိန်လွန်ပြီး နောက်ကတိုက်တာ။ စက်ဘီးသမားက ပွဲချင်းပြီးဆုံးသွားတယ်"

ဇရပ်ကြီးစစ်ရှောင် ၅၀၀၀ ကျော်နေရပ်မပြန်နိုင်သေး

"ပဲနုတ်ကိုင်းလုပ် မဖြစ်မနေ အလုပ်တွေပစ်ထားလို့ မရတဲ့သူတွေလောက်ဘဲ ပြန်ကြတယ်။ အများစုက မပြန်ရဲကြသေးဘူး။ စိုးရိမ်နေကြသေးတယ်။ စစ်ရှောင်စခန်းတွေမှာ ကျန်တာက ကလေးတွေနဲ့သက်ကြီးပိုင်းတွေများတယ်"

တိုက်ပွဲကျဆုံးရဲဘော်ကို ကောင်းမွန်စွာသင်္ဂြိုဟ်

ရဲဘော်တောင်တန်းဟာ ဖေဖေါ်ဝါရီ ၁၁ ရက် မနက် ၇ နာရီက ‌သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နဲ့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အုတ်ဖိုမြို့နယ် မင်းလှဆည်ရှင်းလင်းဆောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဝင်တိုက်ချိန် စစ်သားတဦးပစ်တဲ့ သေနတ်ကျည်ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။

စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေ၊ ကလေး ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

"နေအိမ်ပေါ်ကိုကျတော့ အိမ်ထဲရှိနေသူတွေထိခိုက်သေဆုံးသလို ဘေးအိမ်တလုံးက(လူတွေ)လည်း အစတွေစင်ပြီး ဒဏ်ရာရသွားကြတယ်။ လက်နက်ကြီးကျချိန် ကလေးတွေအိပ်ချိန်ဖြစ်နေပြီ"

ပေါက်ခေါင်း စခန်းသိမ်းတိုက်ပွဲ ကျည်မလုံလောက်လို့  နောက်ပြန်ဆုတ်ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီဂိတ်စခန်းကိုသိမ်းဖို့ PDF တွေ ကျည်မလုံလောက်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၄ရဲ့ စခန်းတာဝန်ခံ ဒေါင်းဝေ ပြောပါတယ်။

အရာရှိငယ်သင်တန်းကို အမျိုးသမီး ရဲဘော် ၁၀ ဦးကျော်အပါ ရဲဘော် ၁၄၀ ပြီး‌မြောက်အောင်မြင်

“တပ်စိတ်မှူးနဲ့အထက် တာဝန်ထမ်းဆောင်တဲ့သူတွေ မဖြစ်မနေတက်ရတယ်၊ အခြေခံ စစ်ပညာ သင်တန်းကို တက်ပြီးသူမှသာ NCO ကို တက်ရောက်ခွင့်ရှိတယ်၊ သင်တန်းမှာဆိုရင် စစ်ပညာအပြင် ခေါင်းဆောင်မှု သင်တန်းတွေကအစ သင်ပေးရတယ်၊ တပ်ပုံစံအရဆိုရင် နောက်ထပ်ရာထူးတွေ တိုးဖို့ NCO မတက်ထားလို့ မရဘူး၊ သင်တန်းမှာ ရဲမေ ၁၀ ယောက်ကျော်လောက် ပါပါတယ်။”

ဇီးဖြူကုန်းရွာက ထွက်ပြေးလာသူ ၆ ဦး ပုလဲပအဖထံခိုလှုံလာ

"အရင်က ထွက်ပြေးလာသူတွေနဲ့ ချိတ်ဆက်ထားတဲ့ မိသားစုတွေပါ။ ပြည်သူကိုတော့ ဒုက္ခပေးခဲ့သူ မပါပါဘူး။ လိုအပ်တာတွေ မေးမြန်းပြီး စောင့်ရှောက်ထားပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10