သတင်းတို

စစ်ဆေးရေးလုပ်နေတဲ့ စစ်သားတွေကပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံး

ဒီဇင်ဘာ ၂၇ ရက်မနေ့ကမနက် ၇ နာရီလောက်မှာ ကန်ပုလဲရွာကနေ ကလေးမြို့ပေါ်ကိုစျေးလာဝယ်တဲ့ ကိုအောင်စိုး ဆိုသူကို စစ်သားတွေက စစ်ဆေးဖို့တားဆီးစဥ် ဆိုင်ကယ်ရပ်မပေးဘဲ မောင်းသွားတဲ့ အတွက် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။

အုတ်ဖိုမှာ ပျူစောထီးလို့လူသိများတဲ့ လင်မယားနှစ်ဦး ရှင်းလင်းခံရ

အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ကျေးပင်အင်းရွာနေ ကိုသန်းနိုင်နဲ့ မခင်ဌေးမြင့်တို့ကို ဒီဇင်ဘာ ၂၈ ရက် ဒီမနက် ၅ နာရီခွဲလောက်မှာ သူတို့နေအိမ်မှာပဲ သေနတ်နဲ့ ၉ ချက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ချောက်မြို့နယ်မှာ စစ်ကား ၃ စီး မိုင်းဆွဲပစ်ခတ်ခံရပြီး အသေအဆုံးများ

“သူတို့သွားမယ့်လမ်းကို ကြိုပြီးစောင့်တယ်။ စစ်ကား ၃ စီးကို စောင့်ပြီးတော့ ပစ်ခတ်တာတွေ မိုင်းဆွဲတာတွေ လုပ်ခဲ့တယ်။ ပဒေသာမိုင်း ၂ လုံးဆွဲခဲ့တယ်။ “

ထီးလင်း ပအဖတာဝန်ခံတဦး ဗုံးစထိမှန်ဒဏ်ရာတွေကုသရန် အကူအညီ ထပ်မံလိုအပ်နေ

"မျက်လုံးထဲက အစအနတွေကတော့ ထုတ်ပြီးပြီ။ ဘယ်ဘက်မျက်လုံးက ဝါးတားတားတော့ မြင်ရတယ်။ ညာဘက်မျက်လုံးက ဆေးပြတာပဲရှိသေးတယ်။ ခန္ဓာကိုယ်က ကျည်စတွေထုတ်ဖို့ ကျန်နေသေးတယ် "

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေပြီး ၈ ဦးဒဏ်ရာရ

"စကစပစ်တဲ့ လက်နက်ကြီး ရွာတွေထဲကျလို့ ဒေသခံတွေ ထိခိုက်သေဆုံးတာရှိတယ်။ ကလေးတွေလည်း ဒဏ်ရာရတာတွေ ရှိတယ်"

တိုက်ခိုက်ခံရတဲ့ ပျူစောထီးတွေ စခန်းကို စွန့်ခွာထွက်ပြေးသွား (ရုပ်/သံ)

မာလဲတော ပျူစောထီးစခန်းကို ရှင်းလင်းရာမှာ ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခု၊ တပ်မ ၃၃ တံဆိပ်ပါ ယူနီဖောင်း ၂ စုံ၊ စစ်ဦးထုပ် ၃ လုံးသာ ကျန်ရှိပြီး စခန်းကိုကြိုတင်စွန့်ခွာသွားတဲ့အတွက် လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရတာ မရှိခဲ့ဘူးလို့ သူက Phoenix Sagaing SGG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နောင်ကြီးက ပြောပါတယ်။

ပုလဲမှာ လက်နက်ခဲယမ်းနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားကို ဆုငွေသိန်း ၁၀၀ ကျပ်ပေးအပ်

" လက်နက်ယူလာမှတော့ ပြန်ပြေးရင်လည်း မလွယ်တော့ဘူး။ ဆုငွေလည်း ပေးထားပါတယ်။ သူ့ကို လုံခြုံတဲ့နေရာမှာ ထားပါတယ်"

မတ္တရာမှာ G 3 ၂ လက်ကိုင်ထားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးကို ရှင်းလင်း

"သူ(အုပ်ကြီး)က ရွာခံတွေကို မတရား အနိုင်ကျင့် ဗိုလ်ကျတယ်ဗျ။ ရွာက လူတွေ တနေရာရာကို သွားမယ် ဆိုရင်လည်း သူ့ဆီက ထောက်ခံချက်ယူခိုင်းတယ်။ ပိုက်ဆံတောင်းတယ်"

ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌဟောင်း ကိုကျော်ရဲသူ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

”၂ မှုပေါင်းကို ထောင် ၁၅ နှစ်ချတာ။ အဲ့ဒီနေ့ပဲ အရင်ချုပ်ထားတဲ့ ပေါင်းတည်ထောင်ကို မထားတော့ဘဲ ပြည်ထောင်ကို တန်းပို့တယ် “

စစ်အုပ်စုက အမျိုးသား ၃ ဦးကိုဖမ်းပြီး နေအိမ်နဲ့ယာတဲတွေကို မီးရှို့

“ပျဉ်းမခေါင်ကို စစ်တပ်ဝင်လာလို့ စစ်ရှောင်ပြေးသွားတဲ့ ရွာသား ၃ ဦးကို လက်ပြန်ကြိုးတုပ် ရိုက်ပုတ်ခေါ်သွားတာ။ ဒီနေ့ (ဒီဇင်ဘာ ၂၇)ထိ သေလားရှင်လား သတင်းမကြားရသေးဘူး”

သေဆုံးတယ်လို့ သတင်းထွက်နေတဲ့ တိုင်းမှူးကတော်ကို စစ်တပ်ရုပ်သံသတင်းမှာ တွေ့ရ (ရုပ်/သံ)

မန္တလေး၊ နန်းမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ဝန်း ရှော့ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း သေဆုံးတယ်လို့ သတင်းထွက်နေတဲ့ လပခတိုင်းမှူးရဲ့ဇနီးကို ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက် ညပိုင်း စစ်တပ်ပိုင်မြဝတီရဲ့ရုပ်သံသတင်းထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ပဲခူးအရှေ့က ဗျူဟာမြောက်စစ်ကြောင်းတွေကို စစ်ဘက်သုံးပစ္စည်းတွေထောက်ပံံ

"ဦးထုပ်၊ ကျည်ကာပြား၊ ကျည်ကာအင်္ကျီ သုံးခုပါ တစ်စုံ ရဲဘော်တစ်ယောက်စာကို ၂၁၃ ယောက်စာရသွားတယ်။ လုပ်တာက ၂၀၀ စာလုပ်တာ ကျော်လွန်ပြီး ၂၁၃ ယောက်စာရတာပါ။"

ရွာထဲပိတ်မိနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ဗုံးကြဲ

“မနေ့က သရက်ကန်ရွာဘက်ကို ထွက်မဲ့ပုံစံပြလို့ ဒရုန်းနဲ့ဗုံးကြဲချခဲ့တာ၊ တနေကုန်ချခဲ့တာ၊ ဗုံးသီး ၁၀ လုံးကျော်ကြဲချခဲ့တာ”

ကန့်ဘလူမှာ စစ်ရှောင်ရင်း သက်ကြီးရွယ်အိုအမျိုးသမီး ၂ ဦးသေဆုံး

"လူကြီးတွေဆိုတော့ ကြောက်စိတ်၊ စိုးရိမ်စိတ်များကြတယ်။ ကိုယ့်အိမ်လို လုံခြုံနွေးထွေးတာမဟုတ်တော့ အအေးဒဏ်မခံနိုင်တာလည်း ပါတာပေါ့။ အဲ့ဒါကြောင့် အခုလို သေဆုံးသွားကြတာပါ"

သပိတ်ကျင်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ၊ ဒေသခံ ၈၀ကျော် အဖမ်းခံထားရ

"ဗုံးကြဲလို့ သေဆုံးဒဏ်ရာရသူ ရှိ၊ မရှိကို မသိရသေးဘူး။ မြေပြင် စကစတွေအတွက် လမ်းကြောင်းရှင်းတဲ့ သဘော။ ရွာမှာပိတ်မိကျန်ခဲ့တဲ့သူတွေကို ဘုန်းကြီးကျောင်းမှာဖမ်းထားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10