သတင်းတို

နတ်တလင်းမှာ နေအိမ်၊ စစ်ရှောင်တဲအပါအဝင် လူ ၇ ဦးကိုပါ စစ်တပ်က မီးရှို့သွား

“စစ်ကြောင်းက အကြောင်းမဲ့သက်သက်မီးလာရှို့သွားတာ နေစရာ၊ စားစရာတွေလည်း ကုန်ပြီ၊ အခုကတော့ တောထဲမှာ ထပ်ပုန်းနေရတယ်။ ဘယ်သူတွေကို ဖမ်းပြီးသတ်သွားတယ်တော့ မသိရသေးဘူး။ ကျမတို့ကလည်း တကွဲတပြားစီဖြစ်နေတာ စားသောက်နေထိုင်ရေးတွေလည်း ခက်ခဲနေတယ်” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ရွှေဘိုက ပျူစခန်းစသိမ်းတိုက်ပွဲမှာ ပျူ၃ဦးသေပြီး ၆၀ဦးဖမ်းမိ

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ရဲတပ်သား ၁ ဦး၊ ပျူစောထီးလက်နက်ကိုင် ၂ ဦးသေဆုံးပြီး တလုံးထိုးသေနတ် (၉ လုံးကျည်သုံး) ၅ လက်၊ ကာဘိုင် ၁ လက် စုစုပေါင်း လက်နက်ငယ် ၆ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေဘိုက ပျူစောထီးစခန်းကိုသိမ်းပြီး အမျိုးသားအမျိုးသမီး ၆၀ ကိုကယ်ထုတ် (ရုပ်/သံ)

တိုက်ခိုက်မှုအပြီး ရဲ ၁ ဦးနဲ့ ပျူစောထီး ၁ ဦးကို သေဆုံးလျှက်တွေ့ရှိခဲ့ပြီး ကိုးလုံးကျည် လက်လုပ် ၅ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ဆိုင်ကယ်တို့ကို သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း မြင်းချင်းရွာကနေ ကယ်ထုတ်ခဲ့တဲ့ အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၃၁ ဦးကိုတော့ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး စိစစ်နေတယ်လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

စစ်မြေပြင်က PDF တွေကို လာတွေ့တဲ့ NUG ပြည်ထဲရေးဝန်ကြီး

" NUG တာဝန်ရှိသူအားလုံး သူ့နေရာနဲ့သူတော်လှန်ရေးအတွက် အချိန်ပြည့် ကြိုးစားဆောင်ရွက်နေပါတယ်။ ပြည်သူ့ထောက်ခံမှုနဲ့သာ ဒီလိုအောင်မြင်မှုတွေ တဆင့်ချင်းရလာတာပါ"

ထီးချိုင့်မြို့ကို စစ်တပ်က ဒရုန်းနဲ့ တရက်တည်း ဗုံး ၅၀ ကျော်ကြဲချ

"ကင်းထောက်လေယာဥ်လောက်ရှိတယ်လို့ သိရတယ်။ ဗုံးက အကြီးကြီးတွေ မဟုတ်ဘူး။ ၄၀ မမလောက်တွေဆိုတော့ သိပ်မထိတာ"

နတ်မောက်မြို့နယ်မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ ၁၄ ဦးသေဆုံးဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်အိုးရွာနဲ့ သပွတ်ပင်ရွာကြားမှာ Canter ကားနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရလို့ ၁၄ ဦးခန့်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၊ တပ်ရင်း ၉၀၃ ဂဠုန်တပ် နတ်မောက် အဖွဲ့ဆီကသိရပါတယ်။

စစ်မှုထမ်းဟောင်း၊ ပျူခေါင်းဆောင် သိန်းမြင့်ကို ပစ်ခတ်ရှင်းလင်း

" ပျူခေါင်းဆောင်ကို ရှင်းတဲ့အချိန် သူ့သားဝင်လာတယ်။ ၉ မမကျည်နဲ့ ၁၂ ချက်ပစ်ခဲ့တယ်။ ပျူခေါင်းဆောင်က ပွဲချင်းပြီးသေသွားတယ်"

ရေတာရှည်မှာ စစ်တပ်စစ်ကြောင်းကြားဖြတ်တိုက်ခံရလို့ ၈ ဦးသေဆုံးပြီး အလောင်းဆွဲကာ ပြန်ဆုတ်သွား

" ရှေ့ရက်တွေမှာ ဒီဘက်အဖွဲ့တွေက ကဲလင်းဆိပ်ဘက်ကို နယ်မြေရှင်းလင်းရေးလုပ်တာကို သူတို့သတင်းရသွားလို့ စစ်ကြောင်းထိုးလာတာနေမယ်။ ပစ်ခတ်မှုကတော့ နာရီဝက်နီးပါးလောက်ပဲ ကြာမယ်။ စကစဘက်က ပြန်ဆုတ်သွားတယ်"

မတ္တရာအနောက်ခြမ်းကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးသေဆုံး (ရုပ်/သံ)

ဒီဇင်ဘာ ၂၄ ရက် မနေ့ကမနက်ပိုင်းမှာ မတ္တရာမြို့နယ်အနောက်ခြမ်း၊ သုံးဆယ်ပေးကျေးရွာကိုတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်ဟာ သုံးဆယ်ပေးရွာရဲ့မြောက်ဘက်က ရွှေဘောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးရောက်ရှိလာပြီး နေ့လယ် ၂ နာရီလောက်မှာ ရွှေဘောင်ကျေးရွာကနေ မြောက်ဘက်ကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအရှိန်ဆက်မြှင့်ဖို့ RPG လိုနေတယ်ဆိုတဲ့ YRF (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ Young Rangers Force - YRF တပ်ဖွဲ့ဟာ စခန်းသိမ်းတိုက်ပွဲတွေမှာ RPG လက်နက်မရှိတာကြောင့် အချိန်ကြာ၊ ကျည်ကုန်၊ လူပန်းပြီး တပ်ဖွဲ့ဝင်တွေကျဆုံးရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

သံဃာအပါအဝင် လူ ၁၂ ဦးလိုက်ပါလာတဲ့ Hilux Surf တစီး တိမ်းမှောက်၊ ၈ ဦးဒဏ်ရာရ

"ယာဥ်မောင်းက အိပ်ငိုက်သွားလို့ ကားက လမ်းဘေးဆွဲချသလိုဖြစ်သွားရာကနေ လက်ကိုင်ကို ပြန်ဆွဲရင်း ကားက လေးငါးခြောက်ပတ်မက လိမ့်သွားပြီး မှောက်သွားတာ"

ရွှေဘိုနယ်မှာ အောင်ပွဲရ PDF တွေကို ပြည်သူတွေက အောင်သပြေနဲ့ကြို (photo-news)

"ပြည်သူတွေက အခုလိုကြိုဆိုကြတော့ အရမ်းကို ပီတိဖြစ်ရပါတယ်။ အရမ်းလည်းပျော်ရွှင်ကြည်နူးမိပါတယ်"

လူအင်အား ရာကျော်ပါဝင်တဲ့ မုံရွာလူထုသပိတ် (Photo News)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တနေရာမှာ ဒီဇင်ဘာ ၂၃ ရက် မနေ့ညနေက မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ အရာတော် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ လူထုသပိတ်ချီတက်ခဲ့တယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။

USA ရောက် မြန်မာတွေက မီးဘေးသင့်ဒေသခံတွေကို ခြုံစောင်ထောက်ပံ့

"ပြည်ပရောက်မြန်မာမိသားစုက မီးဘေးသင့်ပြည်သူတွေ စောင်လိုအပ်နေလို့ ထောက်ပံ့ပေးတာပါ။ မီးဖိုချောင်သုံး ပစ္စည်းတွေလည်း လိုအပ်နေပါတယ် "

အုတ်ဖိုမှာ တပ်သတင်းပေးပျူစောထီးလို့ သတင်းကြီးသူအမျိုးသား ဓားထိုးခံရပြီးသေဆုံး

“ခွေးတွေနဲ့ နီးတော့ သေနတ်နဲ့မပစ်ဘဲ ဓါးနဲ့တချက်ထဲထိုးလိုက်တာ ပွဲချင်းပြီးသေတယ်။ အလောင်းကို သူ့မိသားစုဝင်တွေပဲ လာကောက်သွားတယ် “

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10