သတင်းတို

မူးမြို့နယ်ထဲက တပ်စခန်း ၃ ခုသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်သေ

"နတ်သံကွင်းမြို့အပါအဝင် စကစ တပ်စခန်းတွေကို နေရာဖြန့်ခွဲပြီး တိုက်ခိုက်ခဲ့ကြတာရှိတယ်။ စခန်းသိမ်းနိုင်တာလည်းရှိသလို မသိမ်းနိုင်တာလည်းရှိတယ်"

ရဲစခန်းက လူနာပို့ကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး လက်နက်ခဲယမ်းတွေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကနေ ပရဟိတကားကိုချောဆွဲပြီး လူနာပို့တဲ့ စစ်သားနဲ့ရဲတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းနိုင်ခဲ့တယ်လို့ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ကသာမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ရဲဘော် ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံး

“PDF တွေရှိတယ်ဆိုပြီး အဲ့နေရာ အတိအကျကို သတင်းပေးလိုက်တာ။ PDFတဦးက ပွဲချင်းပြီးသေတယ်။ ဗုံးဘယ်နှစ်လုံး ကြဲလိုက်တာလဲကို မသိလိုက်တာ။ ကြားလိုက်တာတော့ ဝုန်းဆိုပြီး တကြိမ်ပဲကြားလိုက်တယ်။”

နတ်သံကွင်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး အမျိုးသမီး ၁ ဦးနဲ့ ကလေး ၃ ဦးသေဆုံးခဲ့

"(နတ်သံကွင်း)မြို့တွင်းတိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ရဲဘော်တွေလည်း အကျဆုံးရှိတယ်။ လက်နက်တွေလည်း သိမ်းခံရတာရှိတယ်"

ကဝမြို့နယ်တွင် နတ်ကနားပွဲရောက်နေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

"သူက စကစ ထောက်တိုင်အကြီးစား။ စကစခန့်အုပ်ကြီးပါ။ လူထုကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်နေသူဖြစ်လို့ စစ်ရေးပစ်မှတ်အနေနဲ့ ရှင်းလင်းရတာပါ။ "

ပုလဲနယ် အင်မထီးပျူစောထီးတွေလက်ကနေ ၃ ဦးထွက်ပြေး၊ ပအဖထံ ခိုလှုံ

"သူတို့ကိုရွာထဲမှာ ကန့်သတ်ချုပ်ခြယ်တာတွေရှိနေတယ်။ စားဖို့လည်း အဆင်မပြေကြဘူး။ နေထိုင်ရတာလည်း မလွတ်လပ်တော့ ထွက်ပြေးလာကြတာ"

ရွှေဘိုခရိုင်တရားရုံး ဗုံးကြဲခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ရုံးကိုပိတ်ထား

"သေဆုံးဒဏ်ရာရတာကို ကျနော်တို့ စကောက်ပြောလို့ အတည်ပြုနိုင်ခဲ့တာ။ တရားရုံးကိုတော့ ဒီနေ့အထိပိတ်ထားဆဲ။ ရှေ့နေတွေတော့ အထိအခိုက်မရှိခဲ့ဘူး"

USA ရောက်မြန်မာတွေက မီးဘေးသင့်ပြည်သူတွေအတွက် ခြုံစောင် ထပ်မံထောက်ပံ့

" ပြည်ပရောက်မြန်မာမိသားစုတွေ အခုလိုလှူပေးလို့ ကျေးဇူးတင်ပါတယ်။ ပြည်သူတွေကပေးတဲ့ မေတ္တာအနွေးဓာတ်နဲ့ အာဏာရှင်ကို ဆက်လက်တော်လှန်နေမှာပါ "

ဘဏ်ချေးငွေကို ရဲစခန်းမှာ အတင်းအဓမ္မဆပ်ခိုင်းလို့ လယ်သမားတွေထိတ်လန့်နေ

“ကျနော်တို့မှာ အင်္ဂလိပ်ခေတ်ချစ်တီးဘဝနဲ့မထူးတော့ပါဘူးဗျာ။ ချေးထားတာက ကြာပါပြီ။ မဆပ်နိုင်ကြတာပေါ့။ ခက်ခဲတဲ့စနစ်မှာ စီးပွါးရေးအဆင်မပြေ ဒေါင်ကြပ်ပြားကြပ် အခြေအနေမှာ အတင်းအဓ္ဓမ ဆပ်ခိုင်းနေတဲ့သဘောပါ။” လို့ ဒေသခံတဦးက ပြောပါတယ်။

အိုးဘိုထောင်က နိုင်ကျဥ်းအမျိုးသမီးတွေ ကျန်းမာရေးထိခိုက်တဲ့အထိ နှိပ်စက်ခံရပြီး ဆေးကုခွင့်လည်းမရ

မန္တလေး၊ အိုးဘိုထောင်မှာ နိုင်ငံရေးအမှုနဲ့ ထောင်ကျနေတဲ့အမျိုးသမီးတွေကို မနက်အစောပိုင်းမှာ ရေထချိုးခိုင်းပြီး လေသာဆောင်မှာ ထမီရင်ရှားနဲ့ပုံစံထိုင်ခိုင်းတာတွေပြုလုပ်တာကြောင့် အမျိုးသမီး ၄ ပုံ ၃ ပုံလောက် နာမကျန်းဖြစ်ပြီး ဆေးကုသခွင့်လည်းမရဘူးလို့ နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တွေဆီက သိရပါတယ်။

လူနာတင်ကားနဲ့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်လို့ ၅ဦးသေဆုံးပြီး ယာဥ်မောင်း၂ဦးအသက်ရှင်

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်အုပ်စုဘက်က ဒဏ်ရာရ ရဲတဦးအပါအဝင် ၅ဦးစလုံးသေဆုံးပြီး ယာဥ်မောင်း အရပ်သား ၂ ဦးကိုတော့ ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ရှင်လောင်းလှည့်တဲ့ဆင် နင်းလို့ မြတ်ရိတ်နေသူ အမျိုးသား ၁ ဦးသေဆုံး

ဒီဇင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အုန်းပင်ကျေးရွာနေ ဦးစိန်ဝင်း အသက် ၆၀ နှစ်ခန့်ဟာ သူပိုင်တဲ့ လယ်ကွက်အနီးက ကိုင်းတောထဲမှာ မြက်ရိတ်နေစဥ် ရှင်လောင်းလှည့်ရာကနေ မုန်ယိုပြီး ထွက်ပြေးလာတဲ့ ဆင်က တက်နင်းသွားတာလို့ ဆိုပါတယ်။

နတ်သံကွင်းမြို့ကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထား

ဒီဇင်ဘာ ၂၆ ရက် မနက် ၄ နာရီလောက်ကစပြီး နတ်သံကွင်းမြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီကျော်အကြာမှာ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ကိုရင် ၄ ပါး ၁၀ ရက်ကျော်ကြာတဲ့အထိ ပြန်မတွေ့သေး

ဒီဇင်ဘာ ၁၄ ရက်ဝန်းကျင်က မနက်အရုံဆွမ်း ဘုန်းမပေးခင်အချိန်ကတည်းက ကိုရင် ၄ ပါးဟာ ကျောင်းတိုက်ကနေ ထွက်ခွာသွားတာဖြစ်ပြီး ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

နတ်တလင်းမှာ နေအိမ်၊ စစ်ရှောင်တဲအပါအဝင် လူ ၇ ဦးကိုပါ စစ်တပ်က မီးရှို့သွား

“စစ်ကြောင်းက အကြောင်းမဲ့သက်သက်မီးလာရှို့သွားတာ နေစရာ၊ စားစရာတွေလည်း ကုန်ပြီ၊ အခုကတော့ တောထဲမှာ ထပ်ပုန်းနေရတယ်။ ဘယ်သူတွေကို ဖမ်းပြီးသတ်သွားတယ်တော့ မသိရသေးဘူး။ ကျမတို့ကလည်း တကွဲတပြားစီဖြစ်နေတာ စားသောက်နေထိုင်ရေးတွေလည်း ခက်ခဲနေတယ်” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10