သတင်း

စစ်ကိုင်းမြို့နယ်မြောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်ခဲ့

စစ်ကိုင်းမြို့နယ်ကနေ ဝက်လက်မြို့နယ်ဘက်ကိုထွက်တဲ့ ဗျူဟာလမ်း (ခရိုင်ချင်းဆက်လမ်း)ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ နန်းတက်မင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ကိုပတီး က ပြောပါတယ်။

စစ်သား ၃၀ ဝန်းကျင်သေဆုံးပြီး တပ်ကြပ် ၁ ဦးနဲ့ လက်နက် ၁၀ လက် ဖမ်းဆီးရမိခဲ့တဲ့ မင်းတုန်းတိုက်ပွဲ

“ ဖမ်းဆီးရမိက တပ်ကြပ်အဆင့် သုံ့ပန်း ၁ ယောက်ပေါ့။ ထိခိုက် ကျဆုံးကတော့ သူတို့ ၃၀ လောက်ရှိတယ်။ ကျဆုံးကတော့ မြေပြင်မှာတင်ပေါ့။”

ပဲခူးက KTV မှာ မန်နေဂျာနဲ့ဆိုင်ဝန်ထမ်းတွေက ဝိုင်းရိုက်လို့ လူငယ် ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာရှိ "ထူး" KTV ဆိုင်မှာ မန်နေဂျာနဲ့ဆိုင်ဝန်ထမ်းတွေက ဝိုင်းရိုက်ခဲ့တာကြောင့် လူငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်ယန္တရား ရပ်တန့်ဖို့ဆိုကာ ငါ့သရောက်မြို့က အစိုးရဌာန ၄ ခုကိုတိုက်ခိုက် (ရုပ်/သံ)

စစ်တပ်ယန္တရား ရပ်တန့်စေဖို့ဆိုကာ မန္တလေးတိုင်း၊ ငါ့သရောက်မြို့က စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်ဌာန တို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုပ္ပါးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မင်းတုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၀ ကျော်သေဆုံးထားပြီး လက်နက်တွေကို သိမ်းဆည်းရရှိ

"စကစ အလင်းဝင်တာမဟုတ်ဘူး။ စစ်ကြောင်းကို တိုက်ခဲ့တာ။ ရန်သူဘက်က အကျအဆုံးများတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာတွေလည်းရှိတယ်။ စစ်ကြောင်းကတော့ ဖရိုဖရဲဖြစ်သွားတယ်။”

ကြို့ပင်ကောက်က ပျူစောထီးလို့သတင်းထွက်နေသူ ပစ်သတ်ခံရ

ကိုကျော်လွင်ဦးဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေကို PDF နဲ့ ဆက်သွယ်တယ်ဆိုကာ ဖမ်းဆီးဖို့ လမ်းညွှန်တာနဲ့ လမ်းပြလုပ်တာတွေအပြင် ငွေတောင်းတာတွေကိုလည်း ပြုလုပ်တဲ့အတွက် ခုလိုရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကြို့ပင်ကောက်က ကြံ့ခိုင်ရေးပါတီ၀င် စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

"သူ့(ဝင်းအောင်)ကို မရှင်းလင်းခင်တနေ့က စကစ ၆ ဦး စီကောက်ပင်ရွာကို လာရောက်ခဲ့ပါတယ်။ သူကကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်ပါတယ်။ ခုလိုရှင်းလင်းရတာက ပါတီဝင်ကြောင့်မဟုတ်ပါဘူး။ အကြမ်းဖက်မင်းအောင်လှိုင် အာဏာစသိမ်းတည်းက စကစဗိုလ်တွေနဲ့ပူးပေါင်းပြီး သတင်းပေးလုပ်နေခဲ့သူပါ။ အဲဒါကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။"

အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်အုပ်စုတပ်စွဲတဲ့ နေရာ ၂ ခုကို  PDF တွေတိုက်ခိုက် (ရုပ်/သံ)

နိုဝင်ဘာ ၂၅ ရက် ညနေ ၅ နာရီအချိန်ခန့်မှာ ဆေးရုံအနီးမှာ ဘန်ကာတွေနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီ အင်အား ၁၀ ဦးခန့်ရှိနေရာနဲ့ မြို့မစျေးအနီး အင်အား ၅ ဦးခန့်နဲ့ တပ်စွဲထားတဲ့နေရာတွေကို ၄၀ မမ အပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေါင်းတမန် GZ ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ရဲဘော်ရွှေမန်းက ပြောပါတယ်။

မုံရွာမှာ စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ခဲ့သူတွေကို ဆေးဖိုးငွေထောက်ပံ့

"ထိခိုက်တာကတော့ ခေါင်း၊ ခြေ၊ လက် နေရာစုံ ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အခုတော့ စိတ်ချရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ထောက်ပံ့ငွေတွေပေးခဲ့ပါတယ်"

ရေစကြိုမှာ စစ်အုပ်စုက ပစ်ခတ်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူရွာနဲ့ ဆင်ကြို့ရွာကို စစ်ကောင်စီစစ်ကြောင်းကဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ ရွာခံပြည်သူတွေဆီက သိရပါတယ်။

အမြောက်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ၁၄ နှစ်အရွယ် ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

“စခန်းကြီးအနီး နန်းဗဟိုရ် အမြောက်တပ်က ထုတာ၊ (လက်နက်ကြီးကျတဲ့) ၂ နေရာစလုံး သေတာ၊ အူတွေရော ထွက်ကုန်တယ်၊ ကလေး ၁ ယောက် အူထွက်၊ အမျိုးသမီး ၁ ယောက် ခေါင်းထိသေတယ်၊ သေဆုံး အမျိုးသား ၁ ယောက်ကတော့ သူ့ ရွာဖက်ကို သယ်သွားပြီ။”

တိုက်ပွဲနားချိန် ပြည်သူတွေရဲ့ နှမ်းစိုက်ခင်းတွေကို ချင်းတွင်းတိုက်ဂါးရဲဘော်တွေ ကူညီရိတ်သိမ်းပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက တောင်သူတွေစိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းတွေကို ချင်းတွင်းတိုက်ဂါးတပ်ဖွဲ့ ရဲဘော်တွေက ကူညီရိတ်သိမ်းပေးနေတာ ဖြစ်ပါတယ်။

ပျူစောထီးရွာက နှမ်းတွေကို ဝယ်ယူရောင်းချတဲ့ CDF-KKG ထောက်လှမ်းရေးအရာရှိကို ပစ္စည်းနဲ့အတူ ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရမ်း၊ ဟံသာဝတီ စတဲ့ ပျူစောထီးရွာတွေက နှမ်းတွေကိုသယ်ယူလာတဲ့ CDF-KKG တပ်ရင်း ၄ က စစ်မြေပြင်ထောက်လှမ်းရေးအရာရှိ - IO နဲ့ ပြည်သူ ၃ ဦးကို ပစ္စည်းနဲ့တကွ ဖမ်းမိထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

မုံရွာမှာ အမျိုးသမီးနဲ့ ကျောင်းသားလူငယ်တွေကို စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းပေး

" ဒေသတွင်းက လူငယ်တွေ၊ အမျိုးသမီးတွေစိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ဦးဆောင်တဲ့အပိုင်းတွေကို လုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်ဖြစ်ခဲ့တာပါ"

ကြိုးကြာနီတပ်ဖွဲ့ တပ်ရင်းမှူး ရေတာရှည်တိုက်ပွဲမှာ ကျဆုံး

“ရဲဘော်ဇိုးကြီးရဲ့ ရုပ်အလောင်းကိုတော့ ပြန်မရသေးဘူး၊ လက်ရှိတိုက်ပွဲရှိနေသေးတယ်၊ သတင်းအရ တပ်ရင်းမှူးတဦးပဲ (ကျဆုံး) သိရတယ်၊”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10