သတင်း

ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး PDF တပ်ဖွဲ့ဝင် ၁ ဦးအပါ ၅ ဦး အချုပ်ဖောက် ထွက်ပြေးလွတ်မြောက်လာ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ PDF တပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၆ PDF တပ်ရင်းဆီက သိရပါတယ်။

PDF ၃ ဦး စစ်တပ်ထံပူးပေါင်းသွားပြီးနောက် အလင်းဝင်ကြဖို့ ဆိုင်းဘုတ်တွေလိုက်ကပ် (ရုပ်/သံ)

“ဒီလအတွင်းကို ၃ ယောက်လောက် (စစ်တပ်နဲ့ပူးပေါင်းတာ) ရှိထားတာဆိုတော့ နောက်ထပ် အလင်းဝင်ဖို့ ပုံစံမျိုးနဲ့ စကစ ဘက်က PDF တွေအလင်းဝင်ဖို့ရာ ဆိုင်းဘုတ်တွေချိတ်ထားတဲ့သဘော။”

အမ်း - ပဒါန်းလမ်းမှာ လုံခြုံရေးစောင့်စစ်သားတွေ တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးကာ သေနတ် ၁ လက်ရရှိ

"တိုက်ပွဲဖြစ်တဲ့နေရာမှာ စစ်သား ၄ ယောက်သေတယ်။ ပစ်ခတ်နေတော့ အနီးဆုံးစစ်သားဆီက သေနတ်နဲ့ပစ္စည်းတွေပဲ ကောက်နိုင်ခဲ့တယ်"

PDF တွေအလင်းဝင်ချင်ရင် ဆက်သွယ်ဖို့ဆိုကာ စစ်တပ်က ဆိုင်းဘုတ်တွေကပ်ထား

“ဒီလအတွင်းကို ၃ ယောက်လောက် (စစ်တပ်နဲ့ပူးပေါင်းတာ) ရှိထားတာဆိုတော့ နောက်ထပ် အလင်းဝင်ဖို့ ပုံစံမျိုးနဲ့ စကစ ဘက်က PDF တွေအလင်းဝင်ဖို့ရာ ဆိုင်းဘုတ်တွေချိတ်ထားတဲ့သဘော။”

ဘိုထိုင်အိမ်သာထဲမှာရှိနေတဲ့ အဆိပ်ပြင်းမြွေ ကိုက်ခံရလို့ ကျောင်းသူ ၁ ဦးသေဆုံး

"ဘိုထိုင်အိမ်သာထဲကနေ သူတင်ပါးကို ကိုက်လိုက်တာ။ အိမ်သာထိုင်တဲ့အထိုင်မှာ ကိုက်တာ။ ဆေးရုံရောက်တာနဲ့ တန်းသေတာပါပဲ။”

စစ်ရေးအရှိန်မြှင့်တင်ဖို့ ကျည်အစစ်တွေသုံးပြီး စစ်ရေးလေ့ကျင့်နေတဲ့ ULF စစ်ကြောင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက်တဲ့ Union Liberatiom Front - ULF ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လက်ရုံးစစ်ကြောင်းက ရဲဘော်တွေဟာ စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေ ပိုမိုပြုလုပ်နေပါတယ်။

ကျဆုံးထိခိုက်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် ၉ ဦးရဲ့ မိသားစုတွေကို ရိက္ခာထောက်ပံ့ (Reel)

“ထောက်ပံ့ပေးတာဆိုတာထက် ကျနော်တို့က ကျဆုံးရဲဘော်တွေရဲ့ မိဘတွေကို လေးစားမှုနဲ့ သွားရောက်ဂါရဝပြုပြီး သက်ကြီးကန်တော့တဲ့ ပုံစံမျိုးပါ။ ပြည်သူတွေက တပ်ရင်းကိုလှူထားတဲ့ ပစ္စည်းတွေပါ။ သူတို့နေထိုင်တဲ့ ရွာတွေအထိ သွားရောက်ပြီးမှကန်တော့တာ။”

ကျဆုံးထိခိုက်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် ၉ ဦးရဲ့မိသားစုတွေကို ရိက္ခာထောက်ပံ့ (Photo News)

“ထောက်ပံ့ပေးတာဆိုတာထက် ကျနော်တို့က ကျဆုံးရဲဘော်တွေရဲ့ မိဘတွေကို လေးစားမှုနဲ့ သွားရောက်ဂါရဝပြုပြီး သက်ကြီးကန်တော့တဲ့ ပုံစံမျိုးပါ။ ပြည်သူတွေက တပ်ရင်းကိုလှူထားတဲ့ ပစ္စည်းတွေပါ။ သူတို့နေထိုင်တဲ့ ရွာတွေအထိ သွားရောက်ပြီးမှကန်တော့တာ။”

ဝက်လက်ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ ■ ဆိပ်ဖြူမှာလည်း စစ်တပ်ယာဥ်တန်းတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ရှိ ဝက်လက်ရဲစခန်းနဲ့ မြို့အရှေ့ဘက်အထွက် စစ်ဆေးရေးဂိတ်တွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဝက်လက်မြို့နယ် ပကဖ ဆီက သိရပါတယ်။

ရေဦးက ပျူစောထီးသင်တန်းဆင်းပွဲ ဒရုန်းနဲ့ဗုံးချခံရလို့ ၅ ဦးသေပြီး အများအပြားဒဏ်ရာရ

" ဒရုန်း ၉ စီးနဲ့ သူတို့သင်တန်းဆင်းနေတဲ့ မရက(ထွေအုပ်) ကွင်းထဲကို ပြိုင်တူနီးနီး ဗုံးဝင်ချခဲ့တာ။ နောက်ထပ် ၃ စီးထပ်လွှတ်ပြီး ၃ လုံးထပ်ချတာ။ အဲ့ချိန်မှာ စကစဘက်ကလည်း ဂျန်မာတွေဖွင့်လိုက်တော့ ကျနော်တို့ဘက်ကလည်း ပြန်ခေါက်လာခဲ့လိုက်တော့တာ။"

မုံရွာမှာ စစ်အုပ်စုဖမ်းဆီးထားတဲ့ ဒေသခံ ၆၀ ဝန်းကျင်ပြန်လွတ်ပြီး ၄ ဦးကို ဆက်ဖမ်းထား

"ရွှေမြင်တင်တောင်ပေါ်မှာ သူတို့(စကစ)ဓာတ်ပုံရိုက်တင်ထားတဲ့ ၄ ယောက်ပဲ ဆက်ခေါ်သွားတာ။ ကျန်သူ အကုန်ပြန်လွှတ်ပေးလိုက်တယ်။ မိန်းကလေးတွေ အရင်လွှတ်ပေးလိုက်တယ်။ ပြီးမှ ယောကျ်ားလေးတွေကို ပြန်လွှတ်ပေးလိုက်တာ။"

ဒေသခံတွေအသုံးပြုတဲ့လမ်းမှာ စစ်တပ်က မိုင်းထောင်သွားလို့ PDFက ပြန်ဖော်ပေး (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်၊ ဥယျာဉ်ကြီးအုပ်စု၊ အေးရွာလေးရွာ ဗျူဟာလမ်းမှာ စစ်ကောင်စီတပ်က ထောင်သွားတဲ့ နင်းမိုင်း ၂ လုံးကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ Yoma GBK PDF က ရှင်းပေးခဲ့တာပါ။

မြစ်သားမှာ လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုကာ စျေးဆိုင် ၁၀၀ နီးပါးကို စစ်ကောင်စီဖျက်သိမ်းခိုင်း

" ကျနော် (အသက်) ၁၈/၁၉ လောက်ထဲက စျေးရောင်းတာ ခုဆို အသက် ၄၆ တောင်ရှိပြီလေ။ အမေဆို ထမင်းတောင် မစားနိုင်ဘူး၊ သွေးတွေတိုးလို့ ဆေးခန်းပြရတယ်။ ခုချိန်က ဘယ်သူမှ အဆင်မပြေကြဘူးလေ။"

မတ္တရာမြို့နယ်အနောက်ခြမ်းက ရွာ ၃ ရွာကို စစ်တပ်မီးရှို့ ■ တိုက်ပွဲကို ပစ်ကူပေးတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံး

မီးရှို့ခံခဲ့ရတဲ့ကျေးရွာတွေဟာ ဧရာဝတီမြစ်ကမ်းအနီးရှိ သူဌေးကျွန်း၊ ရွှေဘိုးကြီး၊ ထန်းခြောက်ပင်ကျေးရွာတွေဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် မနေ့မနက် ၁၀ နာရီလောက်မှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်ကာ နေအိမ်တွေကနေ ပစ္စည်းတွေသယ်ယူပြီးနောက် ကျေးရွာနေအိမ်တွေကိုမီးရှို့ခဲ့ပြီး မတ္တရာမြို့ထဲ ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖမ်းဆီးရာမှာပါဝင်တဲ့ ပျူစောထီးဆိုသူ သေနတ်နဲ့ပစ်သတ်ခံရ

“ ထွန်းမင်းစိုးက ပလပ်စတစ်ဗူးခွံလိုက်ကောက်နေတဲ့အချိန် ဦးခေါင်းကို ၁ ချက်ပဲပစ်ခဲ့တာ ပွဲချင်းပြီးပါ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10