သတင်းတို

ရွှေကျင်မှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီးထိလို့ ဒေသခံ ၃ ဦးဒဏ်ရာရ

"ရွှေကျင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ရွာတွေဘက်ကို စကစဘက်က စစ်ကြောင်းထိုးတာရှိသေးတယ်။ စကစစစ်ကြောင်းတွေ ပြန်ထွက်သွားပြီးနောက် ညတိုင်းလိုလို ရွာတွေဘက် လက်နက်ကြီးတွေ ပစ်လာတာ"

ကင်းပတ်နေတဲ့ရဲ ၄ ဦး ပစ်သတ်ခံရပြီး လက်နက်တွေပါသိမ်းဆည်း

"ရဲတွေ အိမ်စီးကားနဲ့ ကင်းလှည့်နေတာကို သတင်းရလို့ စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်။ သေနတ် ၄ လက်ရလာတယ်။ ကားကတော့ပျက်စီးသွားလို့ မယူလာလိုက်ရဘူး။"

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ တည်တောရွာကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဝန်းရံပိတ်ဆို့ထားဟုဆို

“ယောကျာ်းလေးမှန်သမျှ ဖမ်းမယ်ဆိုတာလည်း ပြောတယ်။ တည်တောရွာသားတွေ မှန်သမျှ ဘယ်သူမှ အပြင် မထွက်ရဘူးတဲ့။ စျေးရောင်း ၊ စျေးဝယ်တွေလည်း လုံးဝအဝင် မခံဘူး”

ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဆောက်ဖို့ဆိုပြီး အရက်‌ဆိုင်နဲ့ KTV ကနေ ပိုက်ဆံလိုက်တောင်းနေ

“ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်စရိတ်နဲ့ ဆောက်ပြီးသွားလို့ အပ်လို့တောင်ပြီးသွားပြီ။ အဲ့ဒါကို ခရိုင်အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်စရိတ်ဆိုတာကတော့ လုပ်စားတာလို့ပဲ မြင်တယ်။ သူတို့ လက်အောက်ကဆိုပြီး အနိုင်ကျင့်တောင်းနေတာ ဘယ်သူကငြင်းဝံ့မလဲ ပေးရတာပေါ့”

ရိုးမအနီးက PDF ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး နှစ်ဖက်သေဆုံးမှုရှိ

"ကင်းစခန်းစီးခံရတာပါ။ စကစ စစ်ကြောင်းကရှေ့ရက်တွေကတည်းက အဲ့ဘက်ခြမ်းဝင်မယ်လို့ သတင်းရထားပေမယ့် ရုတ်တရက်ရောက်ချလာကြတာ။ ရဲဘော်တယောက်က ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံလိုက်ရတာ"

ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခံရပြီး  ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကောင်စီတပ်သားတွေဟာ အင်အား ၁၅ ဦးခန့်နဲ့ ရိက္ခာရှာထွက်လာချိန် မေ ၂၉ ရက် မနက်ပိုင်း ၈ နာရီ ၄၀ မိနစ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေပူးပေါင်းပြီး မီတာ ၄၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Earthquake People Defence Force ရဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အထူးလှုပ်ရှားတပ်ရင်း ၅ က ဒုတပ်ရင်းမှူး ကျဆုံး

အပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန်မှာ စစ်ကိုင်းတိုင်းအထူးလှုပ်ရှား တပ်ရင်း ၅ - SR 5 ဒုတပ်ရင်းမှူး ကိုဒီမို(ခ) ကိုရန်နိုင်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၁ ဦးသေကာ ၁ ဦးခြေထောက်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မကွေး PDF ရဲမေတွေက  သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ (ရုပ်/သံ)

"စစ်ပညာသာမကဘဲ ကိုယ်ခံပညာကိုပါ လက်ဆင့်ကမ်းသင်ကြားပေးသွားမှာပါ။ သင်တန်းမှာ စိတ်ဓာတ် တက်ကြွဖို့၊ အမြင်ဆန်းဖို့နဲ့ လိုအပ်ရင် ခုခံကာကွယ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဒီပညာကို သင်ခဲ့တာပါ"

စစ်မှုထမ်းအပတ်စဉ် ၂ အတွက် မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အဓမ္မဖမ်းဆီးခံရ

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း စတဲ့ မြေလတ်ဒေသက လူငယ် ၈၀၀ ကျော် အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ဆိုပါတယ်။

ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိလို့ ရဲတပ်ကြပ်ကြီးတဦးသေဆုံး

"ကားနဲ့ဆိုင်ကယ်နဲ့က တည့်တိုက်ပြီး ဆိုင်ကယ်က ကားအောက်ကနေညှပ်ပါသွားတော့ ဆိုင်ကယ်မောင်းသူ ရဲတပ်ကြပ်ကြီးက ဆိုင်ကယ်နဲ့ညှပ်ပါသွားတာ"

ဒေသခံတွေရဲ့ ဆိုင်ကယ်၊ ကားတွေကို အခမဲ့ပြင်ဆင်ပေးနေတဲ့ မန္တလေး ခရိုင်တပ်ရင်း ၅ (ရုပ်/သံ)

တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့စခန်းနဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေအထိပါ အခကြေးငွေမယူဘဲ လိုက်လံပြင်ဆင်ပေးနေတာလို့ မန္တလေးခရိုင် တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူးဗိုလ်ဖောင်းဒိုင်း ကပြောပါတယ်။

⁨စစ်မှုထမ်းဖို့အတွက် ဝေါမြို့နယ်ထဲက ရွာတွေကို စစ်တပ်က အင်အားသုံး ဝင်ဖမ်းနေ

"စကစတပ်သားတွေ ရွာတွေကို ဝင်ဆွဲနေတယ်။ အရင်ကစစ်မှုထမ်းဖို့ မဲပေါက်ပြီး စာရင်းပေးထားသူတွေနဲ့ အရွယ်ကောင်းတွေကို လာဖမ်းတာ။ ရွာသားတွေကတော့ စစ်ကားတွေနဲ့လာတာဆိုတော့ ဘာမှန်းမသိဘဲ ရှောင်နေကြတယ်"

တိုက်ပွဲပြန်တွေကို ကြိုဆိုတဲ့ပွဲမှာ ပြည်သူတွေက သိန်း ၆၀ ကျော်ထောက်ပံ့(ရုပ်/သံ)

မေလ ၂၈ရက် မ‌နေ့က တိုက်ပွဲမှာ ဒဏ်ရာရလို့ ကုသမှုခံယူနေတဲ့ ရဲဘော်တွေကို သွားရောက် ခေါ်ယူချိန် ကြိုဆိုခံခဲ့ရတာဖြစ်ပြီး တိုက်ပွဲပြီးတာ ရက်ပိုင်းကြာမှ ပြည်သူတွေ ကြိုဆိုတဲ့ပွဲမျိုးဟာ ခုမှ ပထမဆုံး ကြုံရတာဖြစ်တယ်လို့ CDSOM အဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောပါတယ်။

တောင်ညိုဆည်မှာတာဝန်ကျတဲ့ဗိုလ်မှူးက ဒေသခံတွေဆီက အဓမ္မငွေတောင်းနေ

“သူ့အတွက် အခွန်အခ သဘောမျိုး‌တောင်းတာ။ မိုက်ကြေးခွဲတာပေါ့ဗျာ။ အကုန်လုံးပေးရတာ၊ အရင်ကောင်(ဗိုလ်မှူး)တွေက မတောင်းဘူး။ သူ့လက်ထက်ကျမှ တောင်းတာ။ သူက စက်လှေဂိတ်ကို ရောက်လာတာ တလခွဲဝန်းကျင်ပဲရှိသေးတယ်”

ကနီရွာမှာ မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံး

"သူတို့ မိုင်းကွင်းထဲရောက်တဲ့အချိန်မှာ လက်နက်ငယ်နဲ့ အရင်ပစ်လိုက်တယ်။ ပြီးတော့ မိုင်းဆွဲချလိုက်တယ်။ စစ်သား ၂ ယောက်သေတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10