သတင်းတို

ဆေးကုသဖို့အခက်အခဲဖြစ်နေတဲ့ ရွာ၂ရွာက ပြည်သူ ၄၀ ဦးကို အခမဲ့‌ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ဆေးဝါးကုသဖို့အခက်အခဲဖြစ်နေတဲ့ ကျေး ရွာ ၂ ရွာက ပြည်သူတွေကို ဇွန် ၁ ရက် မနက်ပိုင်းက အခမဲ့ဆေးကုသမှုတွေပြုလုပ်ပေးခဲ့တယ်လို့ Buffalo Soldiers Freedom Force တပ်ဖွဲ့ဆီက သိရပါတယ်။

ပဲခူးမှာ အုတ်တင်ကားကို တွဲကားက ဝင်တိုက်လို့ ၈ ဦးဒဏ်ရာရ

"ဖြစ်တဲ့အချိန်က မိုးကလည်းရွာနေတယ်။ ကုန်းကလည်းအဆင်းဆိုတော့ တွဲကားကစလစ်ဖြစ်ပြီး အုတ်တင်ယာဥ်ကိုတိုက်ပြီး လမ်းလယ်ကျွန်းကိုပါ ခွကျော်လျက်ဖြစ်သွားတာ"

ကလေးခရိုင် တပ်ရင်း ၃ ရင်းပေါင်းပြီး တပ်ရင်း ၁၆ အဖြစ် ဖွဲ့စည်း

“အားလုံးစည်းလုံးညီညွတ်ပြီး တစုတစည်းတည်း စစ်အာဏာရှင်ကို တွန်းလှန်မှ ဒီတော်လှန်ရေးက အမြန်ပြီးဆုံးလိမ့်မယ်ဆိုတာ တပ်မှူးတွေနဲ့ အရာရှိပိုင်းတွေက နားလည်သဘောပေါက်ကြတဲ့အတွက် ပေါင်းစည်းခဲ့ကြတာဖြစ်တယ်။”

သဲကုန်းက အုပ်ချုပ်ရေးမှူးနဲ့ ပေါက်ခေါင်းက ရာအိမ်မှူး တရက်တည်း အသတ်ခံရ

" သူတို့ ၂ ဦးရဲ့ လုပ်ရပ်တွေက တော်လှန်ရေးရဲဘော်တွေအပေါ်မှာ တော်တော်များနေပြီ။ ဒါ့ကြောင့်စစ်ရေးလိုအပ်ချက်အရ ရှင်းလင်းခဲ့ရတာပါ "

မကွေးမြို့ ဧရာဝတီမြစ်တွင်းမှာ ရေနစ်သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့ရှိ

"အကျီအဝါရောင်၊ ဘောင်းဘီတိုနဲ့ အမျိုးသားအလောင်းပေါ်နေတယ်ဆိုလို့ သွားကြည့်တာ။ ရေပေါ် ပေါ်နေပြီဆိုတော့ သေတာက နှစ်ရက်သုံးရက်လောက်ရှိနေပြီ ထင်တယ်။ ပုပ်နေတာမျိုးတော့ မရှိသေးဘူး"

စစ်သားတွေ ထမင်းစားချိန် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး ဗိုလ်ကြီး ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်ဆည်ကုန်းရွာအနားက မိုင်းကွင်းအလယ်ကောင်မှာ ထမင်းထိုင်စားနေတဲ့ စစ်ကောင်စီစစ်သားတွေ မိုင်းဆွဲခံလိုက်ရလို့ ၃ ဦးသေဆုံးခဲ့တယ်လို့ တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုတပ်ဖွဲ့ ဆီက သိရပါတယ်။

စစ်ခေါင်းဆောင်နဲ့ဇနီး ထီးလိုမင်းလိုဘုရားသွားပြီးနောက် ပုဂံမှာစိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖယ်ရှား

"ညကြီး လူအိပ်ချိန်လာတူးတာဆိုတော့ ဘယ်သူဘယ်ဝါ မကွဲကြဘူး။ သေချာလည်းမကြည့်ရဲကြဘူး။ မတူးခင်ညနေပိုင်းမှာ စည်ပင်ကလူတစ်ယောက်လာ ကြည့်သွားတယ်။"

တောင်သာက ပျူစောထီးခေါင်းဆောင်အပါ ၃ ဦးပစ်သတ်ခံရ

"အိမ်ထဲအထိ ဝင်ပစ်ခဲ့တာပါ။ အောင်ဆန်း အပါအဝင် ပျူ ၂ ယောက်ကိုလည်း ရှင်းနိုင်ခဲ့ပါတယ်။ စုစုပေါင်း ၃ ယောက်သေတယ်"

စစ်တပ်လက်အောက်ခံ မြဝတီစာပေတိုက်က တပ်သားတဦး PDF ဆီအလင်းဝင်

“ပြည်သူချစ်တဲ့ စစ်တပ်မဟုတ်ဘူး။ ဖက်ဆစ်တပ်ထက်တောင် ဆိုးနေတာ ယုတ်မာတဲ့စစ်တပ် ဖြစ်နေတယ်။ ပြည်သူကိုစောင့်ရှောက်မဲ့စစ်တပ်က ဖိနှိပ်နေတဲ့အတွက် အလင်းဝင်ခဲ့တာပါ”

NLD ပါတီ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်၊ နေအိမ်သို့ပြန်လည်သယ်ယူ

"အခုမနက်ပဲ ဆုံးတာပေါ့။ နေအိမ်ကိုတော့ သယ်ယူသွားကြပါပြီ။ ဆရာက ကျန်းမာရေးမကောင်းတာတော့ ကြာပြီပေါ့။ အသက်လည်း ကြီးပြီဆိုတော့။ နာရေးကိုဘယ်လိုပုံစံပြုလုပ်မယ်ဆိုတာတော့ ကျနော်တို့ သေချာမသိသေးပါဘူး။ ဆရာအိမ်ကို သွားတဲ့သူတွေလည်း သွားနေကြပါပြီ"

ကျောက်ကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး၊ KNU ရုံးကိုလည်း လေကြောင်းနဲ့ဗုံးကြဲ

" လက်နက်ကြီးက နေ့တိုင်းလိုလိုပစ်နေကျပဲ။ တိုက်ပွဲမရှိဘဲ PDF နဲ့ KNU တွေရှိမယ်ထင်ပြီး ရွာထဲပစ်ထည့်တာ။ ရွာထဲကို ၂ လုံးကျကွဲခဲ့တာ။ သားအမိ ၂ ဦးနဲ့ အမျိုးသား ၁ ဦးကိုထိမှန်ခဲ့တာ"

အုတ်တွင်းက အမျိုးသမီးတဦး ဓါးခုတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

"ကျောင်းအုပ်ကြီးမိန်းမက နေအိမ်မှာတယောက်တည်းရှိနေချိန်မှာ မဆွေဇင်ခိုင်က အိမ်ပေါ် တက်လာပြီး ယောက်ျားမွေးနေ့ နီးနေလို့ ပြက္ခဒိန်ကြည့်ပါရစေ ဆိုပြီး ဒေါ်ခင်စန်းအေးကို ရုတ်တရက် ဓါးနဲ့ အချက်ပေါင်းများစွာခုတ်လိုက်တာ"

ပျူစောထီး စစ်ကြောင်းက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦးကို ခေါင်းဖြတ်၊ ဗိုက်ဖောက်သတ်သွား

“သူက စိတ်မနှံ့တော့ ရွာထဲမှာကျန်ခဲ့တာ၊ အဲ့ဒါကို ပျူစစ်ကြောင်းက တွေ့ပြီးတော့မှ ခေါင်းဖြတ်သတ်သွားတာ၊ ဗိုက်ပါခွဲထားတာ”

ငဖဲမှာ စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ၁ ဦးသေ၊ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

" ကင်းစောင့်ဖို့လာတဲ့ စစ်သားနှစ်ယောက်ကို လက်နက်ချဖို့ ပြောတယ်။ သူတို့က မောင်းတင်ဖို့လုပ်တော့ ပစ်ခဲ့ရတာပါ။ စစ်သား ၁ ယောက်သေတယ်။ နောက် ၁ ယောက်က ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်"

ရွာခံ ၅ ဦးသေဆုံးခဲ့တဲ့ တည်တောရွာပစ်ခတ်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ထိန်းသိမ်းဖြေရှင်းပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တည်တောရွာမှာ မေ ၂၈ ရက်က ကျေးရွာအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ရွာခံ ၅ ဦးသေဆုံးကာ လသားအရွယ်ကလေးအပါအဝင် ၃ ဦးဒဏ်ရာရခဲ့တာကြောင့် ရွှေဘိုခရိုင်တပ်ရင်း ၁၂ က ဒီပစ်ခတ်မှုဖြစ်စဉ်ကို ဝင်ရောက်ထိန်းသိမ်းဖြေရှင်းပေးနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10