ရုပ်သံ

သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက် ဒုဗိုလ်မှူးကြီးတဦး အရှင်ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်တွေဘက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဒုဗိုလ်မှူးကြီး စိုးမင်းသူကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဩဂုတ် ၂၆ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ကျောက်ရစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် လေကြောင်းပစ်ကူလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

အပြန်အလှန်ပစ်ခတ်နေစဉ် နေ့လယ် ၁၂ ခွဲလောက်မှာ အေလာလေတပ်က နေထွက်လာတဲ့ ဂျက်ဖိုက်တာတစီး နဲ့ မိတ္ထီလာလေတပ်ကနေထွက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ တပြိုင်နက်တည်းရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိိုလ်စင်္ကြာက ပြောပါတယ် ။

လက်ပံတန်းမှာ တိုက်ပွဲပြင်းထန် ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာက ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိကာ လက်နက်မျိုးစုံနဲ့ ကျည်ဆန်တွေ သိမ်းနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ဒူးယားက ပြောပါတယ်။

ကင်းပတ်နေတဲ့ ပျူစောထီး အမျိုးသမီးခေါင်းဆောင် သီတာယုမွန်နဲ့ ပူးပေါင်းအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့တောင်ဘက်ရှိ တောင်ရှေ့ဂိတ်(နန်းမြင့်ဂိတ်)မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ဆီက သိရပါတယ်။

မအူရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက် လက်နက်ခဲယမ်းတွေသိမ်းဆည်း (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲကင်းစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ စခန်းကိုမီးရှို့ဖျက်ဆီးခဲ့နိုင်တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

SRAF တပ်ဖွဲ့ဝင်တွေ စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေ (ရုပ်/သံ)

အခုလို စိုက်ပျိုးမွေးမြူရတဲ့ အကြောင်းရင်းက ပြည်သူတွေရဲ့ထောက်ပံ့လှူဒါန်းငွေတွေကို ဖြုန်းတီးမနေဘဲ စစ်အသုံးစရိတ်နဲ့ လက်နက်ခဲယမ်းဝယ်ယူရာမှာ အထောက်အကူဖြစ်နိုင်ဖို့အတွက် လုပ်ကိုင်ရတာလို့ BLDF စစ်ဒေသ ၂၊ ဒုစစ်ရေးတာဝန်ခံ ရဲဘော် နာရွဲ့ဆမ် ကပြောပါတယ်။

အညာမှာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်း တောင်သူတွေ ကောက်စိုက်ရင်းဆန္ဒပြ (ရုပ်/သံ)

ဆန္ဒပြ တောင်သူတွေဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ လုပ်ရပ်တွေကို ကြိုဆိုထောက်ခံကြပြီး မတရားအာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မစစ်သားစုဆောင်းနေတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း သြဂုတ် ၂၃ ရက် မနက်ပိုင်းက ကောက်စိုက်ရင်း ဆန္ဒပြခဲ့တာလို့ ဆန္ဒပြဦးဆောင်သူ တောင်သူတဦးက ပြောပါတယ်။

အရေးနိမ့်ဆုတ်ခွါသွားတဲ့ စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ်ပစ္စည်းတွေကို ဖျက်ဆီးပြီး ကားနဲ့ဆိုင်ကယ်တွေ ယူသွား (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဝန်လိုနဲ့ ခိုနန်းကျေးရွာတွေကို သြဂုတ် ၁၇ ရက်က ဆင်ဖြူကျွန်း ခလရ ၂၅၅၊ ပွင့်ဖြူမြို့နယ် ဝါတပ်ရင်းနဲ့ ပျူစောထီးစုပေါင်းအင်အား ၈၀ ကျော်တို့က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီး ယူဆောင်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

မြသိန်းတန်စေတီပေါ်က စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက မြသိန်းတန်စေတီပေါ်မှာရှိတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၁၀၀ ဦးဝန်းကျင်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း၊ တပ်ခွဲ ၄၊ Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးနဲ့ မကွေးတိုင်းက မြို့နယ်တွေမှာ စစ်တပ်က တပ်သားသစ်စုဆောင်းမှုနဲ့ ငွေကြေးကောက်ခံတာတွေလုပ်နေ - ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအမှု ၁၇ ဦးအပါ အချုပ်သား ၂၀ ဦးကိုကယ်ထုတ်နိုင် - ခင်ဦးမြို့နဲ့ ထန်းတပင်မြို့တို့မှာ စစ်တပ်ကလေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတွေထိခိုက်သေဆုံးပြီး ထွက်ပြေးတိမ်းရှောင်နေ - ပေါင်းတည်က နေအိမ် ၂၁ လုံးကို စစ်တပ်ကမီးရှို့၊ ကား ဆိုင်ကယ်တွေလည်း ပျက်စီး - ဒိုက်ဦးထောင် နိုင်/ကျဥ်းအမျိုးသမီး ၇ ဦး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ရိုက်နှက်ခံထားရ - မုံရွာ-ခန္တီးရေကြောင်းတလျှောက် စက်လှေ ၁ စီးကို ကောက်ခံငွေကျပ်သိန်း ၁၀၀ ကျော်ပေးရလို့ စက်လှေ ပြေးဆွဲမှုတချို့ ရပ်နား - စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းထဲကကျေးရွာတချို့နဲ့ မုန်းမြို့က စစ်ဘေးရှောင်တွေမှာ တုပ်ကွေးနဲ့အရေပြားရောဂါအတွက် ဆေးဝါးတွေလိုအပ်နေ - ဒီပဲယင်းက စစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာအရေးပေါ်လိုနေ

လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းများ ရှောင်ရှားနည်း ပညာပေး‌ဟောပြောပွဲ မြိုင်မှာ ပြုလုပ်နေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းတွေ ရှောင်ရှားနည်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မင်းဘူးနယ်မှာ ထိတွေ့တိုက်ပွဲ ၂ ရက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးနယ်ထဲမှာ စစ်ကောင်စီတပ်သားတွေအပါ ပျူစောထီးတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ၂ ရက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအောင်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ပြည်သူ ၃ ထောင်ကျော်က အိုးစည်ဗုံးမောင်းတီးပြီး သပြေပန်းနဲ့ကြို (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ကထွက်လာတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ပြီး ပြန်လာတဲ့ရဲဘော်တွေကို ဒေသခံတွေက အိုးစည်ဗုံမောင်းတီးပြီး သပြေပန်းနဲ့ကြိုဆိုဂုဏ်ပြုကြတယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ဆီက သိရပါတယ်။

ချောင်းဦးမြို့နယ် ပလဖ အဖွဲ့ရုံး ရွှေ့ပြောင်းပေးရေး ဒေသခံတွေဆန္ဒပြ (ရုပ်/သံ)

ဆန္ဒထုတ်ဖော်ရာမှာ ဒေသခံတွေရဲ့ သဘောထားဆန္ဒဖြစ်တဲ့ တောင်းဆိုချက် ၇ ချက်ပါတဲ့ စာသားဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မြို့နယ်ပလဖရုံးရှေ့ထိ ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြိုင်နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားအချင်းချင်း ခြေ‌ထောက်ပစ်ချိုးခဲ့ပြီး ၅ ဦးလက်နက်ချ ၁၂ ဦးခန့် သေဆုံး (ရုပ်/သံ)

အဲဒီတိုက်ပွဲမှာ လက်နက်ချအညံ့ခံတဲ့ စစ်သား ၅ ဦးရှိပြီး ၂ ဦးကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းချင်တဲ့အတွက် သူတို့အချင်းချင်း သေနတ်နဲ့ ခြေထောက်တွေပစ်ချိုးထားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်တဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10