ရှမ်းမြောက်ဆုတ်ခွါခဲ့ရမှု ပြည်ပနိုင်ငံများရဲ့အလိုကျ MNDAA နဲ့ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်တယ်လို့ တပ်ချုပ်မင်းအောင်လှိုင်ပြော
"ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိနေရာများ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေသူများရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးပြီး ဆုတ်ခွါခဲ့ရတာများလည်း ရှိပါတယ်။ ဒါကို MNDAA TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေအားပေးအားမြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပက လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ခိုင်းစေတဲ့ နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချီတာတွေလုပ်ဆောင်နေတယ်။"